ဆောက်သမ်တန်အသင်းရဲ့နည်းပြဖြစ်သူရော်နယ်ကိုးမန်းဟာမနေ့ညကကစားခဲ့တဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲဖြစ်တဲ့ ဆွမ်ဆီးအသင်းကိုတစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ချီးကျူးဂုဏ်ပြုမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဆွမ်ဆီးအသင်းနဲ့ပွဲစဉ်ပြီးနောက်ဖေ၇စာဖော်စတာဟာခြောက်ပွဲဆက်တိုက်ပေးဂိုးမရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့ပြီး ယခုဆိုရင်ဖော်စတာအနေနဲ့ဂိုးမပေးရတာ ၆၃၃မိနစ်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ နည်းပြရော်နယ်ကိုးမန်းက " ကျွန်တော်တို့ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်ခဲ့လို့ယခုလိုခြောက်ပွဲဆက်ဂိုးမပေး၇အောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ခံစစ်ဟာယခုဆိုရင်အကောင်းဆုံးစုစည်းမှုကိုရရှိနေပါတယ်။ ဒါကြောင့်ကျွန်တော်တို့အသက်းကိုလွတ်လွတ်ကျွတ်ကျွတ်အခွင့်အရေးနဲ့ဂိုးသွင်းယူနိုင်ဖို့အလွန်ခက်ခဲပါတယ်။ အသင်းဟာ အကောင်းဆုံးပုံစံကိုပြန်လည်ပြသနေပြီး အထူးသဖြင့်ဖော်စတာကိုတော့ချီးကျူးလိုပါတယ်။ " လို့ပြောသွားပါတယ်။
Credit – sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment