Sunday, February 7, 2016

ချန်ပီယံဆုကိုအိပ်မက်မက်ကြည့်လို့ရပါပြီဟု ရာနီရေးနီ ပြော

မက်ကြည့်လို့ ရပါပြီ လို့ ရာနီရေးနီပြော
လက် စတာ စီးတီး အသင်းကို မန်စီးတီး ကွင်းမှာ အနိုင် ကစားနိုင် လိမ့်မယ် လို့ မျှော် လင့်ထားကြသူတွေ နည်းပါးပါလိမ့်မယ် ။ နိုင် ခဲ့ရင် တောင် ဒီလောက် ဂိုးပြတ် လိမ့်မယ် လို့ မထင် မိကြတာ အမှန် ပဲဖြစ် မှာပါ။ မန်စီးတီး ရဲ့ တိုက်စစ် ဆင် မှုကို တသင်းလုံး ခုခံ ပိတ် ဆို့ နိုင် ခဲ့ပြီး ခံစစ်မှုး ဟုသ် နဲ့ မာရက် တို့ရဲ့ သွင်းဂိုးတွေ နဲ့ ထိုက် ထိုက် တန် တန် အနိုင် ရရှိခဲ့တာဖြစ် ပါတယ်။ ပွဲအပြီးမှာတော့ လက် စတာ နည်းပြ ရာနီရေးနီ က သူ့ အ နေနဲ့ ပထမဆုံးအကြိမ် အဖြစ် ချန် ပီယံဆုကို ဆွတ် ခူးနိုင် ဖို့ အိပ် မက် စမက် ခဲ့ပြီလို့ ပြောဆိုသွားခဲ့ပါတယ်။ “ပရီးမီးယားလိဂ် ဟာ ရူးသွပ်ဖို့ကောင်းပါတယ်။ ဒီပွဲမှာ ကျွန်တော် တို့ မန်စီးတီး ကို အ ကြောက် အလန့်ကင်းစွာနဲ့ ယှဉ် ကစားခဲ့ပြီး တန်ပြန် တိုက် စစ် ဆင် ဖို့ အမြဲ ကြိုးစားနေခဲ့တာပါ။ အခု ပုံစံ ကောင်းကို ဆက် ထိန်းထားရမှာဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားတွေ ဒဏ် ရာကင်းစင်နေတာ ကျွန်တော့ အတွက် အားတက် စရာပါ။ ကျွန်တော်တို့ဟာ ဘောလုံးသွားခဲ့တာထက် ပိုမြန်အောင် ပြေးလွှားခဲ့ကြ ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် က ဒီရာသီမှာ ဘေးကင်းလုံခြုံစွာနဲ့ အဆုံးသတ် နိုင် ဖို့ပါ ။ အခု အဲ့ဒိ အတွက် လုံးဝ ပူစရာမလိုတော့ပါဘူး ။ ဒါကြောင့် ကျွန်တော် တို့ အလွန် ပျော် ရွှင် မိပြီး ဘယ် လို အဆင့်နဲ့ အဆုံးသတ် ရသည်ဖြစ် စေ ကျေနပ် မိမှာပါ။ ဒါပေမယ့် အခုတော့ အမှတ် ပေးချန်ပီယံဆုကို ကျွန်တော် အိပ် မက် စမက် ကြည့်ဖူးသွားပါပြီ” လို့ ရာနီရေးနီ က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ လက်စတာ အသင်းဟာ ပွဲကျပ် အဖြစ် လီဗာပူး ၊ မန်စီးတီး ၊ အာဆင် နယ် အသင်းတို့နဲ့ ဆက် တိုက် ကစားရမှာဖြစ်ပြီး ရမှတ် တွေဆုံးရှုံးမယ် လို့ အားလုံးက မျှော် လင့်ထားကြ ပေမယ့် လီဗာပူး ရော မန်စီးတီး ကိုပါ အနိုင် ကစားပြသွားခဲ့ပါတယ်။ လာမယ့် အာဆင် နယ် အသင်းနဲ့ ပွဲစဉ် ကိုပါ အနိုင် ရခဲ့မယ် ဆိုရင် အမှတ် ကွာဟာ ချက် ပိုမိုကြီးမားသွားမှာဖြစ်ပြီး ချန်ပီယံဆုကို ရယူဖို့ အလွန် နီးစပ် သွားမှာပဲဖြစ် ပါတယ်။ လက်စတာစီးတီး အသင်းရဲ့ အဓိက တိုက်စစ်မှုး ဗာဒီ ဟာ အသင်းနဲ့2018-19 ဘောလုံးရာသီထိ ရှိနေမယ့် စာချုပ် သစ် ကို ချုပ်ဆိုခဲ့ကြပါတယ် ။
Credit – sport

No comments:

Post a Comment