Thursday, February 4, 2016

အာရှဖိတ်ခေါ်ခြင်းလုံးပြိုင်ပွဲ

မြန်မာနိုင်ငံက အာရှဖိတ်ခေါ် ခြင်းလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပသွားမယ်လို့ သိရပါတယ်။
အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ မန္တလေးမြို့၊ ဝေရောစနကျောက်စိမ်း ဆေတီတော်မြတ်ကြီးအနီးရှိ အားကစားရုံမှာ ကျင်းပသွားမှာဖြစ်ပြီး အိမ်ရှင် မြန်မာအသင်းနဲ့အတူ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ အီရန်၊ သီရိလင်္ကာနှင့် ပါကစ္စတန်နိုင်ငံများမှ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။
ပြိုင်ပွဲတွင် အမျိုးအစားလေးမျိုးစီပါဝင်ပြီး အမျိုးသားခြင်းလုံးပြိုင်ပွဲတွင် ၁၆ သင်းနှင့် အမျိုးသမီးခြင်းလုံးပြိုင်ပွဲတွင် ၈ သင်းပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
Credit - 7 Day Daily

No comments:

Post a Comment