ပြီးခဲ့သည့်ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်းဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲများအနက်ငွေကြေး သုံးစွဲမှုအများဆုံးအသင်းအဖြစ်ပရီးမီးယားလိဂ်တန်းတက်ဝက်ဖို့ဒ်အသင်းကရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။
ဝက်ဒ်ဖို့အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၂၄)အပြီးတွင် (၉)ပွဲနိုင်၊ (၆)ပွဲသရေ၊ (၉)ပွဲရှုံးနိမ့်ကာ ရမှတ်(၃၃)မှတ်ဖြင့် အဆင့်(၉)နေရာတွင်ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့် (၁၂)မှတ်ကွာဟနေ သော်လည်း ရာသီကုန်၌တန်းမဆင်းရရန် အင်အားဖြည့်တင်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဝက်ဖို့ဒ်အသင်းသည် ဇန်န၀ါရီအပြောင်းအရွှေ့တွင် မာရီယိုဆွာရက်ဇ်၊ ဒူကော်ရီ၊ ပီနာရန်ဒါ၊ ပန်တယ်လီမွန်၊ အမရာဘတ်စသည့် ကစားသမားသမား (၅)ဦးကို ယူရို(၄၃)သန်း အသုံးပြုပြီး ခေါ်ယူခဲ့ခြင်းဖြစ်ကာ ဥရောပကလပ်များအနက်ငွေသုံးစွဲမှုအများဆုံးဖြစ်ခဲ့သည်။
ဝက်ဖို့ဒ်အသင်း၏ နောက်တွင် နယူးကာဆယ်(ယူရို ၃၈ သန်း)၊ နောဝစ်ခ်ျ( ယူရို ၃၃သန်း)၊ စတုတ်စီးတီး (ယူရို ၂၄ သန်း)၊ ရိုးမားနှင့်ဘုန်းမောက် (ယူရို ၂၃ သန်း)၊ အဲဗာတန်(ယူရို ၂၂သန်း)၊ မိုနာကို (ယူရို ၁၃သန်း)၊ ဆာဆူအိုလို (ယူရို ၁၂သန်း)၊ တို့ကအစဉ်လိုက်ရပ်တည်လျက်ရှိသည်။
ပရီးမီးယားလိဂ်ကလပ်အသင်းများမှာ စံချိန်တင်ရုပ်သံကြေးဝင်ငွေကြောင့် အပြောင်းအရွှေ့ ဈေးကွက်များ၌ နှစ်စဉ်လိုလို ဦးဆောင်နိုင်ခဲ့ပြီး ယခုနှစ်ဇန်န၀ါရီအပြောင်းအရွှေ့ကာလတွင်လည်း ပရီးမီးယားလိဂ်အသင်းများ၏ အသုံးစရိတ်မှာ ပေါင် (၁၇၅)သန်းအထိရှိခဲ့သည်။ ယင်းပမာဏမှာ ဥရောပထိပ်တန်းလိဂ်(၅)ခု၏ အသုံးစရိတ်စုစုပေါင်း (၄၃)ရာခိုင်နှုန်းရှိပြီး စီးရီးအေပြိုင်ပွဲက ပေါင်သန်း(၆၀)၊ ဘွန်ဒစ်လီဂါပြိုင်ပွဲက ပေါင် သန်း(၃၀)၊ ပြင်သစ်လီဂူးပြိုင်ပွဲက ပေါင်(၂၅)သန်း၊ လာလီဂါပြိုင်ပွဲက ပေါင်သန်း(၂၀)ဖြင့်အစဉ်လိုက်ရပ်တည်ခဲ့သည်။
Credit – eleven sport
Sunday, February 7, 2016
ဇန်န၀ါရီတွင် ငွေသုံးစွဲမှုအများဆုံးအသင်းအဖြစ် ပရီးမီးယားလိဂ်တန်းတက် ၀က်ဖို့ဒ်ရပ်တည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment