Tuesday, February 23, 2016

ဘာစီလိုနာကို အနိုင်ရဖို့ အာဆင်နယ် ပြင်ဆင်ထားရမယ့် အချက် (၅) ချက်

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု မရသေးဘူးဆိုတဲ့ အစဉ်အလာကို ချိုးဖျက်ဖို့အတွက် အာဆင်နယ်ဟာ ဒီညမှာ ဘာစီလိုနာကို ကျော်ဖြတ်ဖို့ ကြိုးစားရဦးမှာဖြစ်ပါတယ်။ ပထမဆုံး ချန်ပီယံလိဂ်ဖလားယူဖို့ကို အသာထားပြီး ခြောက်နှစ်အတွင်း ပထမဆုံး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကိုတက်ရောက်ဖို့ ဒီကနေ့ အမ်းမရိတ်ကွင်းမှာ ရုန်းကန်ရမှာပါ။

ဘာစီလိုနာနဲ့တွေ့ရတိုင်း အာဆင်နယ် ရှုံးပွဲတွေ့ပြီး အသည်းကွဲရလေ့ရှိပါတယ်။ အမှတ်အရဆုံးကတော့ ၂၀၀၆ ခုနှစ်ဗိုလ်လုပွဲမှာ ဘာစီလိုနာကို အာဆင်နယ်ရှုံးခဲ့တဲ့ ပွဲပါပဲ။ အခု လက်ရှိချန်ပီယံ ဘာစီလိုနာကို အနိုင်ရဖို့အတွက် အာဆင်နယ် မဖြစ်မနေ လုပ်ရမယ့် အချက် (၅) ချက်ရှိပါတယ်။

၁။ ဘာစီလိုနာခံစစ်ကို မရပ်မနား ဖိအားပေးရန်



အာဆင်နယ်တိုက်စစ်က ဘာစီလိုနာ ခံစစ်ကို မနားတမ်း ဖိအားပေးဖို့လိုပါတယ်။ အသလက်တီဆိုရင် တောင်ပံ တိုက်စစ်နှစ်ဖက်နဲ့ ဆက်တိုက်ဖိအားပေးပြီး ဘာစီလိုနာဆီက ရလဒ်ကောင်းရခဲ့တာပါ။ ဆန်းချက်ဇ်နဲ့ ဝဲလ်ကော့တို့လို မြန်နှုန်းမြင့် ကစားသမားတွေ လိုအပ်ပါတယ်။

၂။ ပထမပိုင်း ဂိုးသွင်းထားရန် 



ဒီရာသီမှာ ဘာစီလိုနာက ပထမပိုင်းဆို ရုန်းကန်နေရလေ့ရှိပါတယ်။ အခုလည်း အာဆင်နယ်က ပထမပိုင်းမှာ ဘာစီလိုနာကို ဦးဆောင်ဂိုး သွင်းထားနိုင်ဖို့ လိုပါတယ်။

၃။ အိမ်ကွင်း နိုင်ပွဲရရန်



ပထမအကျော့ အိမ်ကွင်းမှာ ကစားရတုန်း အာဆင်နယ်အသင်းအနိုင်ရထားဖို့ လိုပါတယ်။ ဘာစီလိုနာ ပွဲပန်းနေတဲ့ အချိန်မှာ အာဆင်နယ်အတွက် အခွင့်အရေးယူဖို့ အကောင်းဆုံး အချိန်ပါ။ ပြီးခဲ့တဲ့ အောက်တိုဘာ လကတည်းကစပြီး ဘာစီလိုနာဟာ နားရတဲ့ ရက်သတ္တပတ်မရှိခဲ့ပါဘူး။ အနည်းဆုံး တစ်ပတ်ကို နှစ်ပွဲကစားခဲ့တာ အခုချိန် ထိဖြစ်ပါတယ်။ ဒီတော့ အာဆင်နယ်နိုင်ပွဲယူဖို့ အကောင်းဆုံး အချိန်ပါ။

၎။ မာတီဆက်ကာကို ပွဲမထုတ်ရန် 



နောက်ခံလူ မာတီဆက်ကာကို ပွဲမထုတ်သင့်ဘူးလို့ ပွဲသုံးသပ်သူတွေက အကြံပြုထားပါတယ်။ မြန်နှုန်းမြင့် ကစားဟန်နဲ့ အမြင့်ဘောတွေ မသုံးတဲ့ ဆွာရက်ဇ်၊ နေမာ၊ မက်ဆီတိုက်စစ်အတွဲဟာ အရပ်ရှည်တဲ့ မာတီဆက်ကာနဲ့ အံမဝင်နိုင်ပါဘူး။ သူတို့ရဲ့ အလိမ်အခေါက်တွေကို မြန်နှုန်းမြင့်ကစားဟန်နဲ့ လိုက်ပါ ဟန့်တားနိုင်မယ့် ဂါဘရီရယ်လို ကစားသမားကျတော့လည်း ဒဏ်ရာရနေပါတယ်။ ချမ်ဘာကို ပွဲထုတ် ကစားသင့်ပါတယ်။

၅။ ကံကောင်းရန်



ကံကြမ္မာရဲ့ ဖေးမမှုလည်း လိုအပ်ပါတယ်။ ဘာစီလိုနာလို အသင်းမျိုးနဲ့ ကစားတဲ့အခါ ကံကြမ္မာက ပိုပြီး အရေးပါလေ့ ရှိပါတယ်။

Credit – Duwun



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment