Wednesday, February 10, 2016

နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ကျင်းပဖို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီစဉ်နေ

န်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ဆူဇူကီးဖလား ပြိုင်ပွဲမတိုင်ခင် နိုင်ငံတကာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ တစ်ခုကို ကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါသည်။

အဆိုပါ ဖိတ်ခေါ်ပြိုင်ပွဲ မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းအပါ အ၀င် အသင်းလေးသင်းဖြင့် ကျင်းပသွားမှာ ဖြစ်ပြီး လက်ရှိအချိန်မှာ စင်ကာပူ၊ ဗီယက်နမ်နဲ့ ဟောင်ကောင်အသင်းတို့က ပါဝင်ယှဉ်ပြိုင်ဖို့ သဘောတူညီမှု ရထားတယ်လို့ သိရပါသည်။

“မူလက အရှေ့အလယ်ပိုင်း တစ်သင်းကို ဖိတ်ကြားခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့တာကြောင့် ဟောင်ကောင်အသင်းကို ပြောင်းလဲ ဖိတ်ကြားခဲ့တာပါ။ ပြိုင်ပွဲ ကျင်းပမယ့် ရက်ကတော့ မြန်မာလက်ရွေးစင် ဘောလုံးအသင်းရဲ့ ကမ္ဘာဖလား ခြေစစ်ပွဲ ရပ်တည်မှုအဆင့်ပေါ် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်”လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးကပြောပါသည်။

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ လာမယ့်ဇွန်လ ၃ရက်နေ့မှ ၅ရက်နေ့အထိ ကျင်းပဖို့ လျာထားပြီး လက်ရှိအချိန်မှာ ပဏာမ ရွေးချယ်ထားတဲ့ ကစားသမားတွေနဲ့ တစ်ပတ်ကို တစ်ရက်လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါသည်။

Credit – Soccer Myanmar



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment