Thursday, February 4, 2016

ကျော်ကိုကိုနှင့်ဂိုးသမားဖာနန်ဒို ခြေစွမ်းပြခဲ့သော်လည်း

ရန်ကုန်ယူနိုက်တက်အသင်း တန်ပြန်တိုက်စစ်မှတဆင့် ကျော်ကိုကို ဖန်တီးပေးရာမှ မာဆယ်လို ကန်သွင်းပေးသဖြင့် ရန်ကုန်အသင်း ၁၉ မိနစ်ကတည်းကပင်
၁ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ချောင်ဘူရီအသင်းက ပိုမိုတိုက်စစ်ဆင်နိုင်သော်လည်း ရန်ကုန်အသင်းက ကွင်းလယ်မှပင် ဖြတ်တောက်ထားခဲ့သဖြင့်
ပထမပိုင်းတစ်ပိုင်းလုံး ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ချေ။
ဒုတိယပိုင်း ၆၃ မိနစ်တွင် ချောင်ဘူရီအသင်းက ပြစ်ဒဏ်ဘောမှ တဆင့် ခေါင်းတိုက်ပြီး ချေပဂိုး ရယူသွားခဲ့သည်။ ၇၉ မိနစ်တွင် ကျော်ကိုကို ခြေစွမ်းပြ ဦးဆောင်
ဂိုးထပ်သွင်းခဲ့သေးသော်လည်း ချက်ချင်းဆိုသလိုပင် ချောင်ဘူရီအသင်းက ပြစ်ဒဏ်ဘောမှ တဆင့် ချေပဂိုး ပြန်ရသွားခဲ့သည်။ ရန်ကုန်အသင်းမှ တိုက်စစ်မှုး
အဒီဆင် ကိုယ့်ဂိုးကိုယ်သွင်းမိသလို ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ တိုက်စစ်မှုး အဒီဆင်အစား သန်းပိုင် မိနစ် ၉၀ တွင် လူစားဝင်ကစားခဲ့သည်။
မိနစ် ၉၀ ပြည့်ချိန်အထိ ၂ဂိုးစီသရေကျနေသဖြင့် အချိန်ပို မိနစ် ၃၀ ထပ်မံကစားခဲ့ရရာ အချိန်ပို ပထမပိုင်း ၁၅ မိနစ်ပြီးခါနီးတွင် ချောင်ဘူရီအသင်းက ပြစ်ဒဏ်
ဘောမှတဆင့် တတိယဂိုးသွင်းသွားခဲ့သဖြင့် ၃ဂိုး၂ဂိုး ဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ချောင်ဘူရီအသင်း ရရှိခဲ့သည့် ၃ ဂိုးစလုံးမှာ ပြစ်ဒဏ်ဘောများမှ တဆင့် သွင်း
ယူသွားခဲ့ခြင်း ဖြစ်သည်။ အချိန်ပို ပြီးဆုံးခါနီး မိနစ်ပိုင်းတွင် ဇော်မင်းထွန်း ၂ ၀ါတစ်နီနှင့် အထုတ်ခံခဲ့ရပြီး၊ သန်းထိုက်အောင်မှာ တိုက်ရိုက်အနီကတ်ဖြင့် အထုတ်
ခံခဲ့ရသည်။ယနေ့ ပွဲစဉ်တွင် ရန်ကုန်အသင်းအတွက် ဂိုးသမား ဖာနန်ဒို၊ မြန်မာ့လက်ရွေးစင် တိုက်စစ်မှုး ကျော်ကိုကို တို့ အထူးခြေစွမ်းပြ ကစားသွားနိုင်ခဲ့သည်။ ဖာနန်ဒို
အပိုင်ဂိုးများကို အံ့အားသင့်ဖွယ် ကာကွယ်သွားခဲ့ပြီး ကျော်ကိုကိုမှာ တစ်ဂိုးဖန်တီးပေးကာ ကိုယ်တိုင် တစ်ဂိုးသွင်းခဲ့သည်။ ကျော်ကိုကို၏ ထိုးဖောက်မှုများသည်
ချောင်ဘူရီအသင်း နောက်တန်းကို အထူးအလုပ်များစေခဲ့သည်။ မလိုလားအပ်သည့် အနီကတ်များကြောင့် အရုပ်ဆိုးစေခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်အသင်း
အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့သည့် ပွဲပင်ဖြစ်သည်။ ရန်ကုန်ယူနိုက်တက်သည် ယနေ့ ပွဲ ရှုံးနိမ့်မှုကြောင့် AFC Cup 2016 ပြိုင်ပွဲသို့ သာ ၀င်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Credit - Myanmar Football 12th Players

No comments:

Post a Comment