ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် လက်စတာအသင်းဗိုလ်စွဲပါက အသင်းကစားသမားများကို ထိုင်းလူမျိုးအသင်းပိုင်ရှင် ဗစ်ချိုင်းက လက်စ်ဗီးဂတ်စ်သို့ ဇိမ်ခံခရီးစဉ် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက လက်စတာအသင်းအနေဖြင့် အဆင့်(၁၂)အထက် ရပ်တည်နိုင်ခဲ့ပါကလည်း အပိုဆုကြေးရရှိမည်မဟုတ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း အာဆင်နယ်ကစားမည့်ပွဲမတိုင်မီတွင် အထက်ပါသတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
လက်စ်ဗီးဂတ်စ်သို့ ဇိမ်ခံခရီးစဉ်သွားခွင့်ရမည့်အပြင် လက်စတာကစားသမားများသည် ပရီးမီးယားလိဂ်တွင် ဗိုလ်စွဲပါက အပိုဆုကြေးများလည်း ရရှိမည်ဖြစ်သည်။ ထို့ပြင် လက်စတာအသင်းသည် ကွင်းအတွင်း လာရောက်အားပေးသည့် ပရိသတ်များကို ဘီယာအခမဲ့သောက်သုံးခွင့် ပြုထားကြောင်း သိရသည်။
လက်စတာအသင်းပိုင်ရှင် ဗစ်ချိုင်းသည် ပေါင် (၁ ဒသမ၅)ဘီလျံခန့် ကြွယ်ဝသူဖြစ်သည်။
Credit – eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment