မန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ယူ၁၉လက်ရွေးစင် အသင်းနည်းပြချုပ် ရာထူးခန့်အပ်နိုင်ဖို့ ဦးမျိုးလှိုင်ဝင်းနဲ့ အမြန်ဆုံး ဆွေးနွေးသွားမယ်လို့ သိရပါသည်။ ဦးမျိုးလှိုင်ဝင်းဟာ လက်ရှိအချိန်မှာ နေပြည်တော်အသင်း နည်းပြချုပ်အဖြစ် ဆောင်ရွက်နေသူ ဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံထားပါသည်။
“သူဘက်ကတော့ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံထားပါတယ်။ သူ့ဘက်က မိခင်ကလပ် နေပြည်တော်အသင်း ဆွေးနွေးမှုပြီးစီးရင် ကျွန်တော်တို့နဲ့ အမြန်ဆုံး ဆွေးနွေးသွားမှာပါ”လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးကပြောပါသည်။
ဦးမျိုးလှိုင်ဝင်းဟာ အပျော်တမ်းစနစ်မှာ အဲပုဂံအသင်းကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး ပရော်ဖက်ရှင်နယ် စနစ်မှာတော့ ရန်ကုန် ယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်ခဲ့သလို လက်ရှိအချိန်မှာတော့ နေပြည်တော်အသင်းကို တာဝန်ယူကိုင်တွယ် နေသူဖြစ်ပါသည်။ မြန်မာ့ လက်ရွေးစင်ယူ၁၉ အသင်းဟာ ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲတွေ ယှဉ်ပြိုင်ရန်ရှိပြီး ကာလရှည်ကြာ လေ့ကျင့်ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ထံမှသိရပါသည်။
Credit – soccer myanamr
Monday, February 8, 2016
ယူ၁၉ နည်းပြချုပ် ရာထူးခန့်အပ်ဖို့ ဦးမျိုးလှိုင်ဝင်းနဲ့ ဘောလုံးအဖွဲ့ချုပ်တို့ အမြန်ဆုံး ဆွေးနွေးမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment