အဆင့်လေးနေရာဆိုရင်တောင်လက်စတာအသင်းအတွက်အလွန်အံသြဖွယ်ရာဖြစ်တယ်လို့ရာနေရီပြောကြား
လက်စတာစီးတီးအသင်း နည်းပြကလော်ဒီယိုရာနေရီက သူရဲ့အသင်းဟာ ဒီရာသီချန်ပီယံလိဂ် ၀င်ခွင့်နေရာဖြစ်တဲ့အဆင့်လေးနဲ့အဆုံးသတ်ခဲ့မယ်ဆို၇င်တောင် ဒါဟာလက်စတာလိုအသင်း အတွက်အံ့သြဖွယ်ရာအောင်မြင်မှုလို့ ပြောဆိုသွားခဲ့ပါတယ်။ လက်စတာဟာဒီရာသီမှာမထင်မှတ်ထားလောက်အောင်ခြေစွမ်းပြနေပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေတာကြောင့် ရာသီဝက်ကျော်လာချိန်မှာတော့လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ဖလားဆွတ်ခူးနိုင်ခြေရှိနေတယ်လို့ခန့်မှန်းချက်တွေထွက်ပေါ်နေပါတယ်။ နည်းပြရာနေ၇ီကတော့လက်စတာအသင်းရဲ့ချန်ပီယံမျှော်လင့်ချက်နဲ့ပက်သက်ပြီး ပယ်ချမှုတွေပြုလုပ် ခဲ့ပြီး သူတို့အသင်းအတွက် အဆင့်လေးနေရာဆိုတာတောင် မယုံကြည်နိုင်စရာ အောင်မြင်မှုဖြစ်တယ် လို့ပြောဆိုသွားပါတယ်။ ရာနေရီက "ကျွန်တော်တို့အသင်းဟာဒီ၇ာသီမှာ မယုံကြည်နိုင်စရာတွေပြုလုပ်နေတယ်ဆိုတာလူတိုင်းသိကြပါတယ်။ ရာသီကုန်မှာဘယ်လိုဖြစ်မလဲဆိုတာမသိနိုင်ပေမယ့် ပရိတ်သတ်တွေအတွက်အကောင်းဆုံးလက်ဆောင်ပေးနိုင်ဖို့ဆုံးဖြတ်ထားပါတယ်။ အဆင့်လေးနဲ့အဆုံးသတ်ပြီး ချန်ပီယံလိဂ်ကစားခွင့်ရခဲ့ရင်တောင် အံ့ဖွယ်ရာဖြစ်ပါတယ်။ " လို့ပြောသွားပါတယ်။ လက်စတာဟာဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ်ဒုတိယနေရာက မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းမှာသွားရောက်ကစားရမှာဖြစ်ပါတယ်။
Credit – sport
Saturday, February 6, 2016
အဆင့်လေး နေရာဆိုရင်တောင် လက်စတာအတွက် အလွန်အံ့သြဖွယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment