Friday, February 12, 2016

မန်ယူရောက်ရင် မော်ရင်ဟို ဖြေရှင်းရမယ့် အခက်အခဲ (၅) ခု

လာမယ့်ရာသီမှာ မန်ယူနည်းပြသစ်ဖြစ်လာဖို့ သေချာနေတဲ့ မော်ရင်ဟိုအတွက် စိန်ခေါ်မှုများစွာ ရှိပါတယ်။ မန်ယူအသင်းနဲ့ စာချုပ်ချုပ်ဖို့ သဘောတူညီမှု ရထားပြီဖြစ်ကြောင်း မော်ရင်ဟိုက သူ့မိတ်ဆွေတွေကို ပြောထားတယ်လို့ မကြာသေးခင်ကပဲ သတင်းတွေက အခိုင်အမာ ဆိုထားတာပါ။

နည်းပြဗန်ဟားလ်အလွန် မန်ယူကို မော်ရင်ဟို ကိုင်တွယ်တဲ့အခါ အရင်ဆုံး ဖြေရှင်းရမယ့် ပြဿနာ (၅) ချက်ရှိပါတယ်။ ဒီအခက်အခဲ (၅) ခုကို ဖြေရှင်းနိုင်ရင်တော့ ပရိသတ်တွေရဲ့ ထောက်ခံမှုကို မော်ရင်ဟို ပိုပြီး ရလာပါလိမ့်မယ်။

၁။ အသင်းရဲ့ ကစားပုံကို စွဲမက်ဖွယ်ရာ ပုံစံနဲ့ ပရိသတ်အကြိုက်တွေ့အောင် ပြောင်းလဲရမှာပါ။ ဒါဟာ အနိုင်အရှုံး ရလဒ်လိုပဲ အရေးကြီးပါတယ်။ နည်းပြဗန်ဟားလ်ဝေဖန်ခံနေရတာက အသင်းရဲ့ ကစားပုံဟာ ငြီးငွေ့ဖွယ် ကောင်းနေလို့ပါ။

၂။ ဒီဂီယာကို ထိန်းထားဖို့ကလည်း အရေးကြီးပါတယ်။ မန်ယူအသင်းသမိုင်းမှာ  ဂိုးသမားတွေကလည်း အမြဲတမ်း အရေးပါခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်ရောက်ဖို့ အရမ်းနီးစပ်ခဲ့တဲ့ ဒီဂီယာကို အခု မန်ယူမှာဆက်ထိန်းဖို့ မော်ရင်ဟို အရင်ကြိုးပမ်းရမှာပါ။

၃။ နောက်ထပ် မော်ရင်ဟို ဖြေရှင်းရမှာက ရိုင်ယန်ဂစ်ရဲ့ နေရာကိစ္စဖြစ်ပါတယ်။ မော်ရင်ဟိုရောက်လာရင် ရိုင်ယန်ဂစ်အသင်းက ထွက်မယ်လို့လည်း သတင်းထွက်နေပါတယ်။ ပရိသတ်တွေကတော့ အသင်းရဲ့ ဂန္တဝင်ကစားသမား ရိုင်ယန်ဂစ်ကို ဆက်ရှိစေချင်ကြမှာ အမှန်ပါ။ မော်ရင်ဟိုမှာလည်း သူ့ရဲ့ကိုယ်ပိုင်နည်းပြ အဖွဲ့ရှိပါတယ်။ ဂစ်ရဲ့ ပြဿနာကို ဖြေရှင်းဖို့ကလည်း မော်ရင်ဟိုအတွက် အရေးကြီးပါတယ်။

၎။ အသင်းခေါင်းဆောင် ရွန်နေးကိုရော မော်ရင်ဟို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အရေးကြီးပါတယ်။ ၂၀၁၃ တုန်းကတောင် မော်ရင်ဟိုက ရွန်နေးကို ခေါ်ယူဖို့ ကြိုးစားဖူးပါတယ်။ ဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးက ကလပ်အသင်းအတွက် အရေးကြီးပါတယ်။ အဆင်ပြေခဲ့ရင်တော့ လမ်းပတ်၊ ဒရော့ဘာတို့လို ရွန်နေးနဲ့ မော်ရင်ဟို ဖြစ်လာနိုင်ပါတယ်။

၅။ နောက်ဆုံးဖြေရှင်းရမဲ့ကိစ္စကတော့ ဘယ်ကစားသမားတွေကို မော်ရင်ဟို ထုတ်ရောင်းမလဲ ဆိုတာကိုပါ။ မော်ရင်ဟို ရောက်လာရင်အသင်းထွက်ရဖို့များတဲ့ သူတွေက မာတာနဲ့ ဒီပေးတို့ ဖြစ်ပါတယ်။

Credit – Duwun



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment