ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ မှာ လီဗာပူးအသင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ပြီး သုံးမှတ်အပြည့် ယူလိုက်တဲ့ လက်စတာကြောင့် ပရီးမီးယားလိဂ် ပရိသတ်တွေ အတွေးများကုန်ပါတယ်။ အခု ဒုတိယနေရာက မန်စီးတီးကို သုံးမှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့ လက်စတာက တကယ်ပဲ ပရီးမီးယားလိဂ် ဖလားရတော့မှာလား ဆိုတာကိုပါ။
လက်စတာအသင်း ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နိုင်ချေရှိတဲ့ အကြောင်းပြချက် (၅) ခု ရှိနေပါတယ်။
၁။ ဒီနှစ်ထဲမှာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေရဲ့ ရမှတ်က ပုံမှန်ထက် အတော်လေး လျော့နည်းနေပါတယ်။ ၁၇နှစ်အတွင်း တစ်ပွဲပျှမ်းမျှရမှတ် အနိမ့်ဆုံးကို ရောက်နေပါတယ်။ အရင်နှစ်တွေက ချန်ပီယံဖြစ်ဖို့ လိုအပ်တဲ့ပျှမ်းမျှရလဒ်ထက် ဒီနှစ်မှာအာဆင်နယ်နဲ့ မန်စီးတီးတို့ ရထားတဲ့ ပျှမ်းမျှရမှတ်က ပိုပြီး လျော့နည်းနေပါတယ်။
၂။ ဗာဒီနဲ့ မာရက်ဇ် အတွဲညီတာကလည်း လက်စတာဖလားရဖို့ အကြောင်းပြချက် တစ်ခုဖြစ်ပါတယ်။ ဒီကစားသမား နှစ်ဦးက တစ်ယောက်တစ်လှည့်ဂိုးပေါက်တွေ့အောင် ကြိုးစားပေးနေတာကြောင့် ဂိုးရဖို့ မပူရပြန်ပါဘူး။ လီဗာပူးနဲ့ပွဲမှာလည်း ဗာဒီက နှစ်ဂိုးသွင်းခဲ့ပြန်ပါတယ်။
၃။ အခြား ပြိုင်ဘက်အသင်းကြီးတွေက ဥရောပပြိုင်ပွဲတွေနဲ့ အလုပ်ရှုပ်နေနိုင်ပါတယ်။ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ မန်စီးတီးတို့ သုံးသင်းလို့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရုန်းကန်ကြရဦးမှာပါ။ ဒီတော့ ဥရောပြိုင်ပွဲတွေကြောင့် ပရီးမီးယားလိဂ်မှာ အတိမ်းအစောင်း ဖြစ်လာနိုင်ပါတယ်။ စပါးနဲ့ လီဗာပူးကလည်း ယူရိုပါလိဂ်မှာ ကစားကြရဦးမှာပါ။
၎။ အသင်းလူအင်အား တောင်းတင်းနေတာလည်း လက်စတာရဲ့ အားသာချက် တစ်ခုဖြစ်ပါတယ်။ အသင်းမှာ အဓိက ကစားသမားတွေအားလုံး ဒဏ်ရာပြဿနာ ကင်းစင်လျှက်ရှိပါတယ်။ အိုကာဇာကီတို့လို အချိန်မရွေးဂိုးထသွင်းနိုင်ပြီး ဂိုးသွင်းဖို့ ထောက်ပံ့ပေးနိုင်တဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။
၅။ နည်းပြရေနီယာရီရှိအသင်းမှာ ရှိနေတာလည်း ဖလားရနိုင်တဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။ ဒီနည်းပြဟာ နိုင်ငံတကာ အတွေ့အကြုံများလွန်းတဲ့ နည်းပြဖြစ်ပြီး သူ့ကို ခရီးသွားနည်းပြလို့တောင် ခေါ်ကြပါတယ်။ အီတလီ၊ စပိန်၊ ပြင်သစ် စတဲ့နိုင်ငံတွေအားလုံးက လိဂ်တွေမှာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးသူပါ။ အရင်ချယ်လ်ဆီးကို ကိုင်တွယ်တုန်းကလည်း ဖလားရလုနီးနီးဖြစ်ခဲ့ဖူးပါတယ်။ အဲဒီရာသီတုန်းက အာဆင်နယ်အသင်း ရှုံးပွဲမရှိပဲ ဖလားရခဲ့လို့သာ ရေနီယာရီရဲ့ချယ်လ်ဆီး ဒုတိယပဲ ရခဲ့တာပါ။
Credit – Duwun
Thursday, February 4, 2016
လက်စတာပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့အကြောင်းပြချက် ၅ ခု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment