လက်ရှိမန်ယူအသင်းနည်းပြဗန်ဟားလ်ကို ပရိသတ်တွေအပြင် အသင်းကစားသမားတွေကပါ စိတ်ကုန်နေကြပြီဖြစ်ကြောင်း ဗြိတိန်သတင်းတစ်ရပ်က ဖော်ပြပါပါတယ်။ ကစားသမားတွေကိုယ်တိုင်က နည်းပြဗန်ဟားလ်နေရာမှာ မော်ရင်ဟိုကို အလျှင်အမြန် ရောက်လာစေချင်နေကြတယ် ဖြစ်တယ်လို့ ဆိုပါတယ်။အသင်းရဲ့ စီနီယာကစားသမားအုပ်စုကလည်း နည်းပြဗန်ဟားလ်ရဲ့ နည်းစနစ်တွေအောက်မှာ ကစားရတာ စိတ်ပျက်နေကြပြီ ဖြစ်ကြောင်း အဆိုပါ သတင်းက ဖော်ပြထားပါတယ်။ ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုဟာ မန်ယူအသင်းကိုကိုင်တွယ်ဖို့ သဘောတူထားပြီ ဆိုပေမယ့်လည်း ရာသီကုန်မှသာ ကိုင်တွယ်ဖို့ သဘောတူထားတာကြောင့် အခက်တွေ့နေကြတာ ဖြစ်ပါတယ်။ ဆန်းဒါးလန်းအသင်းကို ရှုံးပြီးတဲ့နောက် ဒိန်းမတ်ကလပ်အသင်း မစ်ဂျီလန်းကိုပါ ရှုံးခဲ့တဲ့ အတွက် အားလုံးကို နည်းပြဗန်ဟားလ်ကို ယုံကြည်မှု ပျောက်ဆုံးလာတာ ဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ရပ်အရ မန်ယူအသင်းဟာ နည်းပြဗန်ဟားလ်အတွက် နောက်ဆုံးတစ်ပွဲအခွင့်အရေး ပေးထားကြောင်း ဆိုပါတယ်။ လာမယ့် တင်္နလာနေ့မှာ ကစားမယ့် အက်ဖ်အေဖလားပွဲမှာ ရလဒ်မကောင်းခဲ့ဘူးဆိုရင် နည်းပြဗန်ဟားလ်ကို ချက်ခြင်းထုတ်ပယ်ဖို့ အသင်းက ဆုံးဖြတ်ထားပြီးပြီ ဖြစ်ကြောင်း သိရပါတယ်။
Credit – Duwun
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment