ပရီးမီးယားလိဂ်
ဆန်းဒါးလန်း နှင့် မန်ယူ
နောက်ဆုံး(၁၀)မိနစ်ကျန်တဲ့အထိ (၂)ဂိုးရှုံးနေပြီးမှ အန်ဖီးလ်မြေမှာ လီဗာပူးလ်ဆီကနေ ဆန်းဒါးလန်း အမှတ်ပြန်ယူနိုင်ခဲ့ပါတယ်။ ဆန်းဒါးလန်းက အခုအချိန်အထိ တန်းဆင်းဇုန် (၃)သင်းထဲမှာ ပါနေဆဲဖြစ်ပြီး အလွတ်ရုန်းနိုင်ဖို့အတွက် နိုင်ပွဲတချို့ လိုအပ်နေပါတယ်။ ဒါပေမဲ့ ဒီပွဲမျိုးကတော့ ဆန်းဒါးလန်းအမှတ်ယူလို့ရမယ့် ပွဲမျိုးလို့မထင်ပါဘူး။ မန်ယူက အရင်မန်ယူပုံစံမဟုတ်လို့သာ ဝေဖန်စရာတွေရှိပေမယ့် သူ့အတိုင်းအတာနဲ့ သူငြိမ်ပါတယ်။ ဆန်းဒါးလန်းအိမ်ကွင်းဆိုပေမယ့် မန်ယူနိုင်ပွဲရပါလိမ့်မယ်။ (၁-၂)လောက်ဖြစ်နိုင်တယ်။
ချယ်လ်ဆီး နှင့် နယူးကာဆယ်
နောက်ပိုင်းနှစ်တွေမှာ နယူးကာဆယ်နဲ့ ချယ်လ်ဆီးထိပ် တိုက်တွေ့ဆုံမှုတွေက ပုံသေနည်းဆန်တယ်။ ကိုယ့်အိမ်ကွင်း ကိုယ်နိုင်ပုံစံကို ဖြစ်နေတာ။ နယူးကာဆယ်က ဇန်န၀ါရီမှာ ခေါ် ယူမှုကောင်းတွေလုပ်ခဲ့တယ်။ ဒါပေမဲ့ ချယ်လ်ဆီးကို တိုးမပေါက်ပါဘူး။ ချယ်လ်ဆီးနိုင်လိမ့်မယ်။
ဆွမ်ဆီး နှင့် ဆောက်သမ်တန်
ဆွမ်ဆီးအသင်းက နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေဆက် တိုက်ကောင်းလာပါတယ်။ ဒါပေမဲ့ ဆောက်သမ်တန်က ပိုကောင်း ပါတယ်။ နောက်ဆုံး (၅)ပွဲဆက်တိုက် ပေးဂိုးမရှိဘူး။ (၄)ပွဲနိုင်ခဲ့တယ်။ ဒါကြောင့် ဒီပွဲလည်း ဆွမ်ဆီး နိုင်ဖို့မရှိပါဘူး။ ဆောက်သမ်တန် သရေနဲ့ အနိုင်ပဲ။
ဘုန်းမောက် နှင့် စတုတ်စီးတီး
စတုတ်စီးတီးက ဥရောပ၀င်ခွင့်ကို အိပ်မက်လို့ရနေတဲ့အနေအထားကနေ ရလဒ်တွေဆက်တိုက်ကျဆင်းသွားတယ်။ ဒီလောက်ကျသွားပြီဆိုရင် ချက်ချင်းပြန်တက်လာဖို့ မလွယ်ဘူး။ အဝေးကွင်းမှာ နိုင်ဖို့ဆိုတာ ပိုခက်ပါတယ်။ ဘုန်းမောက်သရေနဲ့ အနိုင်ပါပဲ။
ခရစ္စတယ်ပဲလေ့စ် နှင့် ၀က်ဖို့ဒ်
ကစားပုံမဆိုးပေမယ့် ၀က်ဖို့ဒ်ရလဒ်တွေကျဆင်းနေပါတယ်။ ဒါပေမဲ့ ပဲလေ့စ်ရဲ့ ခြေစွမ်းက အဆိုးဆုံးအနေအထားကို ရောက်နေပါတယ်။ လက်ရှိကစားပုံက အားရစရာမရှိသလို၊ ခံစစ်ကလည်း သိပ်မစွံပါဘူး။ နှစ်သင်းစလုံးက ဒီရာသီအတွက်နည်း နည်းတော့ ပေါ့သွားပါပြီ။ သရေပဲကျဦးမှာပဲ။
အဲဗာတန် နှင့် ၀က်စ်ဘရွန်း
အဲဗာတန်လည်း နာမည်ကြီး ထမင်းငတ်ဘ၀ကနေ လွတ် စပြုလာတယ်။ အရင်က ကစားပုံကောင်းသလောက်၊ အသင်းက ကစားသမားတွေ နာမည်ထွက်သလောက် ရလဒ်ကမကောင်းဘူး။ အခုတော့ နိုင်ပွဲဆက်လာတယ်။ ဒီပွဲလည်း အိမ်ကွင်းမှာ နိုင်ဦးမှာပဲ။ အသင်းဟောင်းကို လူကာကူဂိုးသွင်းဦးမယ်။
နောဝစ်ခ်ျ နှင့် ၀က်စ်ဟမ်း
နောဝစ်ခ်ျက ဇယားအောက်ခြေက ဗီလာကိုတောင်ရှုံးခဲ့တယ်။ လွန်ခဲ့တဲ့ (၂)လလောက်က အသင်းပုံစံမျိုးမဟုတ်တော့ဘူး။ ကစားအားကလွဲပြီး ဘာမှမရှိဘူး။ ၀က်စ်ဟမ်းက အစစအရာရာသာပါတယ်။ ၀က်စ်ဟမ်းနိုင်ပွဲရလိမ့်မယ်။
လာလီဂါပွဲစဉ်များ
ရီးယဲလ်မက်ဒရစ် နှင့် ဘီလ်ဘာအို
ရီးယဲလ်အတွက် အိမ်ကွင်းမှာ ဆက်ပြီးဂိုးမြူးပြဦးမလား ဆိုတာ စောင့်ကြည့်ရဦးမယ့်ပွဲပါပဲ။ ဇီဒန်းလက်ထက်မှာ အိမ်ကွင်း(၃)ပွဲကို (၁၆)ဂိုးအထိ သွင်းထားနိုင်တဲ့ ရီးယဲလ်ရဲ့အိမ်ကွင်း တိုက်စစ်အားကတော့ အားရစရာပါပဲ။ဘာနေဗျူးကွင်းမှာ ဘီလ်ဘာအိုရဲ့ အစဉ်အလာတွေကို ကြည့်ပြန်တော့လည်း အမြဲလိုလို ရှုံးပွဲတွေ့ရတာ များနေတဲ့အပြင် ပေးဂိုးတွေလည်း များလေ့ရှိတာကြောင့် ရီးယဲလ်နဲ့ ဂိုးအများပဲ ဆက်ပြီး ဦးစားပေးထားရမယ့်ပွဲပါပဲ။
ဗီလာရီးယဲလ် နှင့် မာလာဂါ
နှစ်သင်းစလုံး ခြေစွမ်းပိုင်းငြိမ်နေကြသလို ခံစစ်ပိုင်းကို ပိုအားပြုကစားနေကြတာချင်းလည်း တူနေတယ်။ ဗီလာရီးယဲလ်တိုက်စစ်က ဂိုးရနှုန်းကျဆင်းနေပေမယ့် အိမ်ကွင်းကစားအားနဲ့ ဒီအချက်ကို ပြန်ဖာထေးနိုင်မယ့်အနေအထားမျိုးရှိနေလို့ မာလာဂါခံစစ် ဘယ်လောက်တောင့်ခံနိုင်မလဲ ကြည့်ရမယ်။ ဂိုးနည်းပြီး သရေကျသွားနိုင်တဲ့ပွဲပါပဲ။
ဗလင်စီယာ နှင့် အက်စ်ပန်ညို
ဂယ်ရီနဗီးလ်ကတော့ ဗလင်စီယာကို အဆိုးဆုံးလာလီဂါ အသင်းတစ်သင်းအဖြစ် စံချိန်တင်ပုံသွင်းလိုက်ပါပြီ။ ဗလင်စီယာအနေနဲ့ အိမ်ကွင်းဆိုရင် ကစားပုံမဆိုးဘူးလို့ ပြောနိုင်သလို၊ အက်စ်ပန်ညိုကလည်း အဝေးကွင်းကစားပုံ အားနည်းတတ်ပါတယ်။ ဒီတစ်ပွဲတော့ ဂယ်ရီနဗီးလ်ကို
မျှော်လင့်နိုင်မလားကြည့်ရမယ်။ ဗလင်စီယာနဲ့ဂိုးအများပဲ ရွေးထားချင်တယ်။
ဒီပို့တီဗို နှင့် ဘက်တစ်
ဘက်တစ် ခုတလော ခံစစ်အားပြုကစားလာနေပေမယ့် အဝေးကွင်းမှာတော့ ရုန်းကန်နေရတုန်းပါပဲ။ ဒီပို့တီဗိုကလည်း အမှားနည်းအောင် ကစားတတ်တဲ့အသင်းဖြစ်နေတဲ့အပြင် အိမ် ကွင်းအားလည်း ရှိနေလို့ ဒီပို့တီဗိုနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment