Tuesday, February 23, 2016

ယာဂန်ကလော့ပ်က မိမိအား ပိုကောင်းသည့် ကစားသမားဖြစ်လာအောင် လေ့ကျင့်ပေးနေကြောင်း ကော်တင်ဟို ပြောကြား


လီဗာပူးလ် တောင်ပံကစားသမား ကော်တင်ဟိုက နည်းပြ ယာဂန်ကလော့ပ်သည် မိမိအား ပိုကောင်း သည့် ကစားသမားဖြစ်လာအောင် လေ့ကျင့်ပေးနေကြောင်း ပြောကြားခဲ့သည်။

ကော်တင်ဟိုက "ကျန်တော်တို့ ယာဂန်ကလော့ပ် လက်အောက်မှာ လမ်းကြောင်းမှန်ပေါ် ရောက်လာ တယ်လို့ ခံစားရပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့ အရမ်းကြိုးစားပြီး သူ့ရဲ့နည်းစနစ်တွေ ကိုလည်း သဘောကျပါတယ်။ ကျွန်တော်တို့ကို ပိုကောင်းတဲ့ကစားသမားဖြစ်လာအောင် ကူညီပေး နေပါတယ်"ဟု ပြောကြားခဲ့သည်။

အသက်(၂၃)နှစ်အရွယ်ရှိ ဘရာဇီးလ် တောင်ပံကစားသမား ကော်တင်ဟိုသည် ယခုရာသီ ပရီးမီးယာလိဂ်တွင် (၁၈)ပွဲကစားပြီး (၅)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅)ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။

Credit – eleven sport



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment