Sunday, February 7, 2016

စနေနေ့ညပွဲပြီးရလဒ်များ

ညပိုင်းမှာယှဉ်ပြိုင်ကစားခဲ့ကြတဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ စပါးနိုင်ပွဲရခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ဦးဆောင်ဂိုးတွေရခဲ့ပေမယ့် သရေရလဒ်နဲ့သာကျေနပ်ခဲ့ရပါတယ်။ ဒီနေ့စပါးအသင်းမှာ ဟာရီကိန်းကိုအထောင်တိုက်စစ်မှူးအဖြစ်အသုံးပြုခဲ့ပြီး အဲရစ်ဆင်၊ လာမယ်လာ၊ ချက်ဒ်လီတို့နဲ့ ပွဲထွက်စေခဲ့ပါတယ်။ ကစားပုံကောင်းမွန်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းမှုတွေကြောင့် စပါးအသင်း ရုန်းကန်ခဲ့ရပေမယ့် ၆၄မိနစ်အရောက်မှာတော့ လူစားဝင်ကစားသမား အယ်လီရဲ့ ဖန်တီးမှုမှတစ်ဆင့် ညာနောက်ခံလူ ထရစ်ပီယာကသွင်းယူသွားခဲ့တာပါ။ ဒီနိုင်ပွဲကြောင့်လည်း အမှတ်ပေးဇယား အဆင့် (၂)နေရာအထိ စပါးအသင်း ရောက်ရှိလာခဲ့ပါတယ်။ အခြား ပွဲစဉ်မှာတော့ လီဗာပူးလ်က ဆန်းဒါးလန်းကိုအိမ်ကွင်းမှာ အနိုင်မကစားနိုင်ခဲ့ဘဲ သရေရလဒ်နဲ့သာကျေနပ်ခဲ့ရပါတယ်။ လီဗာပူးလ်တိုက်စစ်မှာ ဖေမီနိုအထူးခြေစွမ်းပြခဲ့ပေမယ့် နောက်ခံလူတွေနဲ့ ဂိုးသမားမစ်ဂနိုလတ်ရဲ့ အားနည်းမှုတွေကြောင့်နိုင်ပွဲပျောက်ဆုံးခဲ့တာပါ။ လီဗာပူးလ်အသင်းရဲ့ဂိုးတွေကို ၅၉မိနစ်နဲ့ ၆၉မိနစ်တို့မှာ ဖေမီနိုနဲ့လယ်လာနာတို့က သွင်းယူခဲ့ပြီး ဆန်းဒါးလန်းအသင်းရဲ့ ဂိုးတွေကိုတော့ ၈၂မိနစ်မှာ အဒမ်ဂျွန်ဆင်က ပြစ်ဒဏ်ဘောမှတစ်ဆင့်တိုက်ရိုက်ကန်သွင်းယူခဲ့သလို နောက်ဆုံးခြေပဂိုးကိုတော့ ၈၉မိနစ်မှာ ၀ါရင့်တိုက်စစ်မှူးဒီဖိုးက သွင်းယူပေးသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ရလဒ်များ
မန်စီးတီး ၁-၃ လက်စတာ
ဆွမ်ဆီး ၁-၁ ခရစ္စတယ်ပဲလေ့စ်
စတုတ်စီးတီး ၀-၃ အဲဗာတန်
အက်စတွန်ဗီလာ ၂-၀ နောဝစ်ခ်ျ
လီဗာပူးလ် ၂-၂ ဆန်းဒါးလန်း
စပါး ၁-၀ ၀က်ဖို့ဒ်
နယူးကာဆယ် ၁-၀ ၀က်စ်ဘရွန်း
ဆောက်သမ်တန် ၁-၀ ၀က်စ်ဟမ်း
လာလီဂါအစောပိုင်းပွဲ ရလဒ်များ
အက်သလက်တီကို ၃-၁ အီဘာ
ဗယ်လက်ကာနို ၂-၀ လက်စ်ပါမားစ်
ဘီလ်ဘာအို ၀-၀ ဗီလာရီးယဲလ်
စီးရီးအေ ရလဒ်များ
ဘိုလော့ဂ်နာ ၁-၁ ဖီအိုရင်တီးနား
ဂျီနိုအာ ၀-၀ လာဇီယို
ဘွန်ဒစ်လီဂါပွဲစဉ် ရလဒ်များ
ရှော်လ်ကေး ၃-၀ ၀ုလ်ဖ်ဘတ်
ဖရန့်ဖတ် ၂-၄ စတုဂတ်
ဟန်နိုဗာ ၀-၁ မိန့်ဇ်
ဟာသာဘာလင် ၀-၀ ဒေါ့မွန်
အင်ဂိုးလ်စတက်ဒ် ၂-၁ အော့စ်ဘတ်
လေဗာကူဆင် ၀-၀ ဘိုင်ယန်မြူးနစ်
ပြင်သစ်လီဂူးရလဒ်များ
မိုနာကို ၁-၀ နိုက်စ်
အန်ဂါစ် ၀-၃ လိုင်ယွန်
လောရီယန့် ၁-၁ မောင့်ပယ်လီယာ
ဂါဇီလက် ၀-၀ ဂူအင်ဂမ့်
ဘတ်စတီယာ ၂-၀ ထရိုင်စ်
ကိန်း ၀-၂ ရင်းစ်
တူးလူး ၀-၀ နန့်စ်
လိဂ်ချန်ပီယံရှစ်ရလဒ်များ
ဘာမင်ဂမ် ၁-၂ ရှက်ဖီးဝင်းစ်ဒေး
ဘော်လ်တန် ၂-၁ ရော့သာဟမ်
ဘန်လေ ၁-၀ ဟားလ်စီးတီး
ကာဒစ် ၀-၀ MK ဒွန်း
ချာလ်တန် ၀-၁ ဘရစ္စတိုးလ်စီးတီး
ဖူလ်ဟမ် ၁-၁ ဒါဘီ
လိဒ်စ် ၀-၁ နော်တင်ဟမ်
မစ်ဒယ်ဘရော့ ၁-၁ ဘလက်ဘန်း
ပရက်စတန် ၂-၁ ဟတ်ဒါဖီးလ်
QPR ၁-၀ အစ်ဝစ်ခ်ျ
ရက်ဒင်း ၀-၀ ၀ုလ်ဗ်
Credit - eleven sport

No comments:

Post a Comment