Thursday, February 25, 2016

ဘိုင်ယန်မြူးနစ် ကို ပြောင်းရွှေ့ခဲ့တာ မှန်ကန်ခဲ့တယ် လို့ ပြောဆိုခဲ့တဲ့ ဗီဒယ်

ချီလီ ကွင်းလယ် လူ ဟာ ဂျုဗင် တပ် အသင်းရဲ့ စီးရီးအေ တ ကျော့ပြန် ခရီးလမ်းမှာ အဓိက ကွင်းလယ်လူ အဖြစ် ပါဝင် အသုံးတော် ခံခဲ့သူဖြစ် ပါတယ် ။ ဒါ့အပြင် ချီလီလက် ရွေးစင် အသင်းကို ကိုပါအ မေရိကဖလား ရယူပေးနိုင် ခဲ့တဲ့ ဗီဒယ် ဟာ ယမန်နှစ် နွေရာသီအ ပြောင်းအ ရွှေ့က မန်ယူ အသင်းကို ရောက် ရှိဖို့ သတင်း တွေ ထွက် ပေါ်ခဲ့သူဖြစ် ပါတယ်။ ဒါပေမယ့် ဇွန် လမှာတော့ ဘိုင်ယန်မြူးနစ် အသင်းထံပြောင်းရွှေ့သွားခဲ့ပြီး အသင်းရဲ့ အမာခံ ကစားသမားအဖြစ် ခြေစွမ်းပြသ နေခဲ့ပါတယ်။ အခု ဂျုဗင် တပ် နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မကစားမီမှာ ထိုစဉ်က အ ကြောင်းတွေကို ပြန် ပြောင်းပြောပြသွားခဲ့ပါတယ်။ “အင်္ဂလန် မှာ ကစားဖို့ အခွင့် အ ရေးဖြစ် လာခဲ့ပါသေးတယ် ။ မန်ယူအသင်းက ကမ်းလှမ်းခဲ့ပေမယ့် အ ပြောင်း အ ရွှေ့တော့ မဖြစ် မြောက် ခဲ့ပါဘူး ။ အဲ့တုန်းက ကျွန်တော့ အေးဂျင့်ဆီမှာ ချိတ် ဆက် ထားတဲ့ အသင်းတွေ အများကြီး ရှိပါတယ်။ မန်ယူ က တော့ ဦးစားပေးပါ ။ အဲ့ဒိ နောက် မှာတော့ ကျွန်တော် ဘိုင်ယန် ကို ရောက် လာခဲ့ပါတယ်။ ဒါဟာ မှန်ကန် ခဲ့တယ် လို့ အခုကျွန်တော် ခံစားနေရပါပြီ ။ ကလပ် အသင်းရဲ့ စီမံကိန်းတွေဟာ အလွန် ကောင်းမွန်သလို နိုင် ငံ ( ဂျာမဏီ ) နဲ့ နိုင် ငံ သားတွေရဲ့ အမူအကျင့်တွေကလည်း တကယ်ကောင်းမွန် ပါတယ် ။ ဒီမှာနေရတာ အလွန် အေးဆေးပြီး ကျွန်တော့ ဇနီး နဲ့ က လေး တွေ အတွက်လည်း အရမ်း အ ထောက် အကူဖြစ် ပါတယ်။ ဒီမှာတော် တော် အသားကျနေပါပြီ” လို့ ကွင်းလယ် အင် ဂျင် ကြီးက ပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ကွင်းလယ် ကစားသမားအများအပြားဖြည့်တင်းခဲ့ပေမယ့် ဗီဒယ် လို လုပ် အားနှုန်းကောင်းမွန်တဲ့ ကွင်းလယ် အင် ဂျင် ကို မရရှိခဲ့တာက တော့ များစွာနစ် နာလှပါတယ်။ အခု ဗီဒယ် က တော့ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ် တွေ ကစားနေရပါပြီ ။ မန်ယူအသင်းက တော့ မစ် ဂျယ် လန်း နဲ့ ယူရိုပါလိဂ် ပွဲစဉ် ကို အိုးထရက်ဖို့ဒ် ကွင်းတခြမ်းသာဖွင့်ပြီး ကစားတော့မှာပါ။

Credit – sport 



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment