ဧရာဝတီယူနိုက်တက်အသင်းအား AFC Cup ပွဲစဉ်တွင် အိမ်ကွင်းအဖြစ်လက်ခံကစားမည့် မလေးရှားကလပ် JDT အသင်း၏ အိမ်ကွင်းအား AFC မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးခဲ့သည်။
JDT အသင်းသည် အရှေ့ တောင်အာရှဒေသတွင်း အသင်းများတွင် ငွေကြေးသုံးစွဲမှုအများဆုံးအသင်းဖြစ်ပြီး ၎င်း၏ အိမ်ကွင်းမှာလည်း အကောင်းမွန်ဆုံး ဖြစ်သည်။
AFC Cup 2016 ပွဲစဉ်များကို ဖေဖဝါရီလ ၂၄ ရက်နေ့ တွင် ကျင်းပမည် ဖြစ်ရာ ရန်ကုန်ယူနိုက်တက်အသင်းက ဟောင်ကောင်ကလပ် တောင်တရုတ်ကို သုဝဏ္ဏကွင်းတွင် လက်ခံကစားမည်ဖြစ်ပြီး ဧရာဝတီယူနိုက်တက်အသင်းမှာ မလေးရှားနိုင်ငံတွင် အဝေးကွင်းပွဲစဉ် စ ကစားရမည် ဖြစ်သည်။AFC Cup 2016 ရန်ကုန်ယူနိုက်တက် နှင့် ဟောင်ကောင်ကလပ် South China တို့ ပွဲစဉ်ကို MRTV နှင့် For Sport ချယ်နယ်တို့ မှ တိုက်ရိုက်ထုတ်လွှင့်မည် ဟုသိရသည်။
မလေးရှားကလပ် JDT နှင့် ဧရာဝတီယူနိုက်တက် ပွဲစဉ်ကိုမူ Fox Sports ချယ်နယ်မှ ပြသဖွယ် ရှိပါသည်။
Credit - Myanmar Football 12th Players
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment