Tuesday, February 2, 2016

မာတာဘာစီလိုနာအသင်းရောက်တော့မလား

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမားဟွမ်းမာတာရဲ့ အပြောင်းအရွေ့ကိစ္စတွေအတွက်ဘာစီလိုနာအသင်းနဲ့ပြောဆိုဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ The Sunရဲ့ဖော်ပြချက်အရဘာစီလိုနာအသင်းဟာအဆိုပါစပိန်လက်ရွေးစင်ကစားသမားကိုနူးကမ့်အရောက်ခေါ်ယူဖို့ဆန္ဒရှိနေပြီးမန်ယူအသင်းတာဝန်ရှိသူတွေကလည်းမာတာကိုရောင်းချဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ မာတာဟာလွန်ခဲ့တဲ၂နှစ်ကပရီးမီးယားလိဂ်ပြိုင်လက်ချဲလ်ဆီးအသင်းကနေကလပ်စံချိန်တင်ပြောင်းရွေ့ကြေးဖြစ်တဲ့ ပေါင်၃၇.၁သန်းနဲ့ယခုလိုဇန်န၀ါရီမှာပဲပြောင်းရွေ့လာတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ နည်းပြဗန်ဂေါရဲ့လက်အောက်မှာနေရာရလိုက်မရလိုက်နဲ့ဖြစ်နေပါတယ်။ မာတာဟာဒီရာသီမှာမန်ယူအတွက်ပြိုင်ပွဲစုံ၂၃ပွဲကစားပေးထားပြီး၎ဂိုးသွင်းကာ၎ဂိုးဖန်တီးပေးထားပါတယ်။ ကစားသမားကိုယ်တိုင်ကလည်းစပိန်မြေမှာပြန်လည်ခြေချနိုင်မယ့်အခွင့်အရေးကို လက်ခံသွား ဖို့ရှိနေတယ်လို့သိရပါတယ်။
Credit – sport

No comments:

Post a Comment