ဝက်စ်ဟမ်း နှင့် အက်စတွန်ဗီလာ
ဝက်စ်ဟမ်းနဲ့ ဗီလာက ခြေစွမ်းအရမ်းကွာနေပါပြီ။ စိတ်ဓာတ်လည်း ကွာတယ်။ ကစားသမားစုဖွဲ့မှုလည်းကွာတယ်။ နည်းပြချင်းလည်း ကွာပါတယ်။ ကစားရမှာက ၀က်စ်ဟမ်းကွင်း မှာပါ။ ၀က်စ်ဟမ်း လူသိပ်မစုံပေမယ့် ဗီလာကို အိမ်ကွင်းမှာ သေချာပေါက်နိုင်ပါတယ်။
လက်စတာ နှင့် လီဗာပူးလ်
လက်စတာက စတုတ်စီးတီးလို မာကျောတဲ့အသင်းတစ်သင်းကို သူတို့ အိမ်ကွင်းမှာ သက်သောင့်သက်သာနိုင်ပြီး အမှတ်ပေးဇယားထိပ်မှာ ပြန် ဦးဆောင်နိုင်ခဲ့တယ်။ လီဗာပူးလ်က နောက်ဆုံးပွဲမှာ (၉)ဂိုးပြဇာတ်ကို ကခဲ့ပြီး အသည်းအသန် အနိုင်ရခဲ့တယ်။ ဒီခြေနဲ့ လက်စတာကို နိုင်ဖို့တော့ မလွယ်ဘူး။ ဒါပေမဲ့ ကလော့ပ်က big games winner ဖြစ်နေတယ်။ ဒီပွဲမှာလည်း လက်စတာဆီက သရေတစ်မှတ်တော့ ယူနိုင်စွမ်းရှိပါတယ်။
ဆန်းဒါးလန်း နှင့် မန်စီးတီး
ဘုန်းမောက်ကို အိမ်ကွင်းမှာ သရေပဲ ကစားနိုင်ခဲ့တဲ့ ဆန်းဒါးလန်း တန်းဆင်းဇုန် (၃)သင်းထဲမှာ ဆက်ရှိနေပါတယ်။ လက်ကျန်ပွဲတိုင်းက သူတို့အတွက် အရမ်းအရေးကြီးနေတယ်။ အထူးသဖြင့် အိမ်ကွင်းပွဲစဉ်တွေက ပိုအရေးကြီးတယ်။ မန်စီးတီးက ဒီဘရိုင်း ဒဏ်ရာရသွားပေမယ့် အင်အားနည်းသွားဖို့မရှိဘူး။ ဒီပွဲလည်း မန်စီးတီးအနိုင်ကစားလိမ့်မယ်။
အာဆင်နယ် နှင့် ဆောက်သမ်တန်
အာဆင်နယ်အသင်းက ချယ်လ်ဆီးကို အိမ်ကွင်းမှာ ရှုံးခဲ့လို့ အမှတ်ပေးဇယားထိပ်ဆုံးရောက်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တယ်။ ဒီပွဲမှာ ခြေထပ်ချော်ပြီး လက်စတာနဲ့ မန်စီးတီးက အမှတ်ပြည့်ရခဲ့ရင် အာဆင်နယ်အတွက် စိုးရိမ်စရာပိုဖြစ်သွားနိုင်တယ်။ ဒီလိုအချိန်မှာ အိမ်ကွင်းပွဲကို မဖြစ်မနေအနိုင်ကစားသင့်တယ်။ နိုင်လည်းနိုင်မှာပါ။ ဂိုးတော့မပြတ်လောက်ဘူး။ (၂-၁)လောက်ပဲ ဖြစ်မယ်။
နောဝစ်ခ်ျ နှင့် စပါး
စပါးက လက်စတာကို ရှုံးခဲ့တဲ့ပွဲကလွဲရင် ခြေစွမ်းပိုင်းက အကောင်းဆုံးပုံစံမှာ ရှိနေတယ်။ ပြီးခဲ့တဲ့ fa ဖလားပွဲမှာလည်း အဓိက နောက်ခံလူနဲ့ ကွင်းလယ်လူတွေကိုအနားပေးသွား တယ်။ ဒီပွဲကို အာရုံစိုက်ထားတာ သိသာပါတယ်။ နောဝစ်ခ်ျ သ ရေတောင် မရလောက်ဘူး။
ခရစ္စတယ်ပဲလေ့စ် နှင့် ဘုန်းမောက်
ပဲလေ့စ်က အဒီဘာယောကို ခေါ်လိုက်တယ်။ ပဲလေ့စ်လိုနေတာက တိုက်စစ်ပိုင်းဖြစ်ပေမယ့် အဒီဘာယောကတော့ သိပ်ပြီးအကျိုးမထူး တဲ့ ခေါ်ယူမှုလို့ပဲ ယူဆပါတယ်။ ဘုန်းမောက်က ပဲလေ့စ်ထက် ပိုစုဖွဲ့မှု ကောင်းပြီး ကစားပုံသာတယ်။ ပဲလေ့စ် သရေလောက်ပဲ ရလိမ့်မယ်။
မန်ယူ နှင့် စတုတ်စီးတီး
အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ရှုံးခဲ့တဲ့ မန်ယူ ဒီပွဲထပ်ရှုံးရင် ခက်ကုန်မယ်။ ခက်တာက စတုတ်စီးတီးကလည်း ဆောက် သမ်တန်လောက်ကို ကောင်းနေတဲ့အသင်းပါ။ ကြံ့ခိုင်မှုသက်သက် အားပြုတဲ့အသင်းမဟုတ်ဘဲ နည်းစနစ်ပိုင်းလည်း ကျေညက်လာတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် မန်ယူအနိုင်ရအောင်ကစားမှာ ပါပဲ။ မန်ယူ (၂-၁)လောက်နဲ့ နိုင်မယ်ထင်တယ်။
ဝက်စ်ဘရွန်း နှင့် ဆွမ်ဆီး
ဝက်စ်ဘရွန်းရဲ့ ခြေက စိတ်မချရဘူး။ ဒါပေမဲ့ ပရီးမီးယား လိဂ်အိမ်ကွင်းပွဲစဉ်တွေမှာ ခံစစ်ကစားပုံကောင်းတယ်။ ဆွမ်ဆီး က ဂူဒိုလင်လက်ထက်မှာ နိုင်ပွဲစရခဲ့တယ်။ ဒါပေမဲ့ စိတ်မချရ တဲ့ ခြေစွမ်းမျိုးပါ။ ၀က်စ်ဘရွန်းကွင်းမှာတော့ ဆွမ်ဆီး မနိုင်ပါ ဘူး။ အိမ်ရှင်သရေနဲ့ အနိုင်ပဲ။
Credit – eleven sport
Tuesday, February 2, 2016
ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ ပွဲကြိုသုံးသပ်ချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment