Thursday, February 25, 2016

မေလးရွားဆီးဂိမ္းစ္ အမ်ဳိးသားေဘာလံုးၿပိဳင္ပြဲကို ယူ-၂၂ ၿပိဳင္ပြဲအျဖစ္ေျပာင္းလဲက်င္းပမည္

ဆီးဂိမ္းစ္ၿပိဳင္ပြဲက်င္းပေရးေကာ္မတီသည္ လာမည့္ ၂၀၁၇ ခုႏွစ္တြင္ မေလးရွားႏိုင္ငံ၌က်င္းပမည့္ (၂၉)ႀကိမ္ေျမာက္ ဆီးဂိမ္းစ္ၿပိဳင္ပြဲ၏ အမ်ဳိးသားေဘာလံုးၿပိဳင္ပြဲကို ယခင္က်င္းပေနသည့္ ယူ-၂၃ ၿပိဳင္ပြဲအစား ယူ-၂၂ ၿပိဳင္ပြဲအျဖစ္ ေျပာင္းလဲက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။ ဆီးဂိမ္းစ္ၿပိဳင္ပြဲတြင္ အမ်ဳိးသားေဘာလံုးၿပိဳင္ပြဲကို စတင္က်င္းပသည့္ ၁၉၅၉ ခုႏွစ္ကတည္းက ထည့္သြင္းက်င္းပခဲ့ျခင္းျဖစ္ၿပီး ယခင္က လက္ေရြးစင္အဆင့္ၿပိဳင္ပြဲအျဖစ္ က်င္းပခဲ့ေသာ္လည္း ၂၀၀၁ ဆီးဂိမ္းစ္ၿပိဳင္ပြဲတြင္ ယူ-၂၃ ၿပိဳင္ပြဲအျဖစ္ ေျပာင္းလဲခဲ့ကာ လာမည့္ ဆီးဂိမ္းစ္တြင္ ယူ-၂၂ ၿပိဳင္ပြဲအျဖစ္ ထပ္မံေျပာင္းလဲခဲ့ျခင္းျဖစ္သည္။ ျမန္မာအသင္းသည္ ဆီးဂိမ္းစ္ၿပိဳင္ပြဲတြင္ ေရႊဆု ငါးႀကိမ္ ရရွိဖူးၿပီး ေနာက္ဆံုးက်င္းပခဲ့သည့္ ၂၀၁၅ စင္ကာပူဆီးဂိမ္းစ္ၿပိဳင္ပြဲတြင္ ဗိုလ္လုပြဲ၌ ထိုင္းအသင္းကို ရံႈးၿပီး ေငြဆုျဖင့္သာ ေက်နပ္ခဲ့ရသည္။

Credit – Eleven Sports

<<<Unicode Version>>>

မလေးရှားဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲကို ယူ-၂၂ ပြိုင်ပွဲအဖြစ်ပြောင်းလဲကျင်းပမည်

ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် လာမည့် ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ကျင်းပမည့် (၂၉)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲကို ယခင်ကျင်းပနေသည့် ယူ-၂၃ ပြိုင်ပွဲအစား ယူ-၂၂ ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အမျိုးသားဘောလုံးပြိုင်ပွဲကို စတင်ကျင်းပသည့် ၁၉၅၉ ခုနှစ်ကတည်းက ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်က လက်ရွေးစင်အဆင့်ပြိုင်ပွဲအဖြစ် ကျင်းပခဲ့သော်လည်း ၂၀၀၁ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယူ-၂၃ ပြိုင်ပွဲအဖြစ် ပြောင်းလဲခဲ့ကာ လာမည့် ဆီးဂိမ်းစ်တွင် ယူ-၂၂ ပြိုင်ပွဲအဖြစ် ထပ်မံပြောင်းလဲခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေဆု ငါးကြိမ် ရရှိဖူးပြီး နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၅ စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲ၌ ထိုင်းအသင်းကို ရှုံးပြီး ငွေဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

Credit – Eleven Sports။



ေအာင္ျမင့္ျမတ္(Myanmar Youths)

No comments:

Post a Comment