မြန်မာ့လက်ရွေးစင်အ မျိုးသား ဘောလုံးအသင်းသည် မလေးရှားလက်ရွေးစင်အသင်း နှင့် မလေးရှားနိုင်ငံ၌ ခြေစမ်းပွဲ ကစားရန် စီစဉ်ထားကြောင်း သ တင်းရရှိသည်။
အဆိုပါခြေစမ်းပွဲကို လာ မည့် မတ်လ ၁၉ ရက်တွင် မလေး ရှားနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘မလေးရှားလက်ရွေးစင်အ သင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ် ထားတယ်။ ခြေစမ်းပွဲပြီးတာနဲ့ မတ်လ ၂၃ ရက်မှာ စင်ကာပူကို သွားမယ်။ မတ်လ ၂၆ ရက်အထိစင်ကာပူမှာ လေ့ကျင့်မယ်။ ခြေစမ်းပွဲကစားလို့ ရရင်လည်း ကစား မယ်။ ပြီးတာနဲ့ လက်ဘနွန်ကို သွားမယ်’’ဟု မြန်မာနိုင်ငံ ဘော လုံးအဖွဲ့ချုပ် တွဲဖက်အတွင်းရေး မှူး ဦးကိုကိုသိန်းက ပြောကြား သည်။
မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ရည်ရွယ်၍ ကစားသမား ၃၄ ဦး ပါဝင်သည့် ပဏာမ မြန်မာ့လက်ရွေးစင်အ သင်းကို ရွေးချယ်ထားကာ လက် ရှိတွင် တစ်ပတ်လျှင် တစ်ရက် လေ့ကျင့်မှုပြုလုပ်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းကို မတ်လ ၇ ရက်တွင် ထုတ်ပြန်မည်ဖြစ် ပြီး မတ်လ ၁၄ ရက်၌ စခန်းသွင်းလေ့ကျင့်ရန် စီစဉ်ထား သည်။
မြန်မာအသင်းသည် မလေး ရှားလက်ရွေးစင်အသင်းနှင့် ခြေ စမ်းပြီးပါက စင်ကာပူအသင်းနှင့် ခြေစမ်းကစားရန် စီစဉ်ထားပြီး မတ်လ ၂၉ ရက်တွင် ကမ္ဘာ့ဖလား အာရှဇုန်ဒုတိယအဆင့်ခြေစစ်ပွဲ နောက်ဆုံးပွဲအဖြစ် လက်ဘနွန် အသင်းနှင့် အဝေးကွင်း၌ ယှဉ် ပြိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်သည် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေး စင်အသင်းကို အဓိကပြင်ဆင်နေ ခြင်းဖြစ်သည်။ ဆူဇူကီးဖလား အကြိုပြင်ဆင်မှုအဖြစ် လာမည့် ဇွန်လအတွင်း၌ မြန်မာ၊ ဗီယက်နမ်၊ စင်ကာပူနှင့် ဟောင်ကောင်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကိုလည်း လက်ခံကျင်းပမည်ဖြစ်သည်။
Credit – 7 Daydaily
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment