Saturday, February 20, 2016

မြန်မာလိဂ်အမျိုးသမီးဘောလုံးပြိုင်ပွဲ မတ်လတွင် ကျင်းပရန်စီစဉ်

မန်မာနေရှင်နယ်လိဂ် အမျိုးသမီးအမှတ်ပေး ဘောလုံး ပြိုင်ပွဲကို လာမည့်မတ်လတွင် ကျင်းပရန်စီစဉ်ထားပြီး အသင်း ရှစ်သင်းခန့် ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း အမျိုးသမီးလိဂ် ကော်မတီဥက္ကဋ္ဌ ဦးလှဌေးက ပြောကြားသည်။လာမည့် မတ်လအတွင်း အမျိုးသမီးလိဂ်ပြိုင်ပွဲ ကျင်းပရန် စီစဉ်နေသော်လည်း ကွင်းအခက် အခဲ ရင်ဆိုင်နေရပြီး ယခုနှစ်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် အာရှ ဘောလုံးအဖွဲ့ချုပ်တို့က အမျိုးသ မီးလိဂ်ပြိုင်ပွဲ မဖြစ်မနေကျင်းပ ရန် ညွှန်ကြားထားသဖြင့် နေရှင် နယ်လိဂ်ကလပ်အသင်းများအပါ အ၀င် ၀န်ကြီးဌာနအသင်းများ ၀င် ရောက်ယှဉ်ပြိုင်ရန် စာရင်းပေး သွင်းထားကြောင်း သိရသည်။

‘‘ရက်အတိအကျတော့ မသိ ဘူး ဘယ်ကွင်းတွေမှာ ကစားမ လဲဆိုတာတော့ မြန်မာလိဂ်ပြိုင်ပွဲ ကျင်းပရေးနဲ့ ညှိနှိုင်းရဦးမယ်’’ဟု ဦးလှဌေးကပြောသည်။

မြန်မာနေရှင်နယ်လိဂ်အမျိုး သမီးပြိုင်ပွဲကို ဆုကြေးစားစနစ် ဖြင့် ကျင်းပမည်ဖြစ်ပြီး ကစား သမားများ၏လစာကို ပျမ်းမျှကျပ် နှစ်သိန်း ပေးနိုင်ရန် စီစဉ်ထား ကြောင်း ၎င်းကဆိုသည်။

‘‘အမျိုးသမီးလိဂ်ပြိုင်ပွဲတွေ မှာ ၀င်ပြိုင်ဖို့စီစဉ်နေတဲ့ ကလပ် အသင်းတွေအနေနဲ့ အရင်ဝန်ကြီး ဌာနအသင်းတွေမှာ ကစားခဲ့တဲ့ ကစားသမားတွေကို အညီအမျှ ရွေးချယ်ပြီး အသင်းတည်ထောင် ရမယ်။ အမျိုးသမီးကစားသမား ရှားပါးတဲ့အတွက် ၀န်ကြီးဌာန ကစားသမားတွေကိုပဲ အသုံးပြုရ မယ်။ ဒါပေမဲ့ အမျိုးသားတွေ လောက်တော့ လစာမများနိုင် ဘူး’’ဟု ဦးလှဌေးကပြောသည်။

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ရန် ကုန်မြို့ရှိ စလင်းကွင်း၊ ပဒုမ္မာ ကွင်းနှင့် မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ် ရုံးဘေးရှိ မြက်ခင်းတုကွင်း များ၌ ကျင်းပရန်စီစဉ်နေပြီး ပြိုင်ပွဲ ကျင်းပရေးကော်မတီ တာဝန်ရှိ သူများနှင့် ဆွေးနွေးမှုပြုလုပ်ကာ ဆောင်ရွက်ရမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအ တွင်းရေးမှူး ဦးသန်းဇော်က ပြော သည်။

‘‘အမျိုးသမီးလိဂ်ပြိုင်ပွဲကျင်း ပဖို့အတွက် ကစားကွင်းအခက်အ ခဲဖြစ်နေတယ်။ ဒါပေမဲ့ မတ်လမှာ မဖြစ်မနေလုပ်ရမယ်။ ကွင်းတွေ ကတော့ ရန်ကုန်မှာရှိတဲ့ ကွင်း တွေ အားတဲ့ရက်မှာ လုပ်ရမှာပါ။ ပြီးတော့ လက်ရွေးစင်အသင်းလေ့ ကျင့်တဲ့စက်ဘီးကွင်းကိုလည်း အ ဆင့်မြှင့်တင်ပြီး ပြိုင်ပွဲကျင်းပလို့ရ အောင်လုပ်မယ်’’ဟု ဦးသန်းဇော် က ပြောသည်။

Credit – 7 Daydaily



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment