Friday, February 12, 2016

မော်ရင်ဟို မန်ယူနည်းပြဖြစ်လာပါက ရာသီကြိုတရုတ်ခြေစမ်းခရီးတွင် ဂွါဒီယိုလာ၏ မန်စီးတီးနှင့် ရင်ဆိုင်ရဖွယ်ရှိနေ

မော်ရင်ဟိုသည် မန်ယူနည်းပြရာထူးကို အမှန်တကယ်ရယူနိုင်ခဲ့ပါက ရာသီကြိုကာလတွင်ပင် ပြိုင်ဘက်ဟောင်း ဂွါဒီယိုလာနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရှိရသည်။

ဂွါဒီယိုလာ၏ မန်စီးတီးအသင်းမှာ တရုတ်နိုင်ငံသို့ ခြေစမ်းခရီးစဉ် ထွက်ခွာရန် စီစဉ်ထားပြီး မန်ယူအသင်းကလည်း တရုတ်နိုင်ငံတွင် ခြေစမ်းကစားရန် စီစဉ်ထားသည်။

ထို့ကြောင့် တရုတ်နိုင်ငံမှ စပွန်ဆာကုမ္ပဏီများက မန်ချက်စတာဒါဘီကို အသက်သွင်းရန် ဆန္ဒရှိနေပြီး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

၎င်းတို့က ဘေဂျင်း သို့မဟုတ် ရှန်ဟိုင်းတွင် ဇူလိုင်(၂၉) သို့မဟုတ် (၃၀)ရက်နေ့၌ ယင်းခြေစမ်းပွဲ ဖြစ်ပေါ်လာရန် လျာထားကြောင်းလည်း သိရှိရသည်။

မော်ရင်ဟိုနှင့် ဂွါဒီယိုလာသည် ပြိုင်ဘက်နည်းပြများအဖြစ် (၁၆)ပွဲ ဆုံတွေ့ခဲ့ဖူးပြီး ဂွါဒီယိုလာက (၇)ပွဲနိုင်၊ မော်ရင်ဟိုက (၃)ပွဲနိုင်ပြီး (၆)ပွဲသရေကျခဲ့ကြောင်းလည်း သိရှိရသည်။

Credit – Eleven Sports



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment