Thursday, February 25, 2016

ကျား၊မ တန်းတူညီမျှရေးရည်ရွယ်ချက်နဲ့ အမျိုးသမီးဘောလုံးလိဂ်တစ်ခု

အမျိုးသမီးဘောလုံးအသင်းတစ်သင်းဟာ ကျား၊ မ တန်းတူညီမျှရေးကြိုးပမ်း ရာမှာ ကုန်အမှတ်တံဆိပ်တွေဆီက အကူညီရရေးရည်ရွယ်ချက် နဲ့ အင်္ဂလန်နိုင်ငံ၊ဘာမင်ဂမ်မြို့က မိုဒါ အတွင်းခံနဲ့ရေကူးဝတ်စုံဖက်ရှင် ပွဲတော်ကို သွားရောက်ခဲ့ပါတယ်။

အဲဒီဘောလုံးအသင်းမှာ အတွင်းခံ ဝတ်ပြီးဘောလုံးကစားတဲ့ အမျိုးသမီးကစား သမား ၁၄ ယောက်ပါဝင်ပြီး အတွင်းခံဝတ်ဘောလုံးပြိုင်ပွဲ (အင်္ဂလန်)လို့ အမည်ပေးထားတဲ့လိဂ် က အသင်းတစ်သင်းဖြစ်ပါတယ်။

သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ကျား၊ မ လုပ်ခလစာကွာဟမှုမြင့်မားနေတာ ကို မီဒီယာအားပြုပြီးလျှော့ချနိုင် ရေးနဲ့ အမျိုးသမီးဘောလုံးလောကကို ပိုမိုစိတ်ဝင်စားလာစေရေးပါပဲ။

မန်ချက်စတာအခြေစိုက်အဲဒီအဖွဲ့အစည်းအနေနဲ့ မိုဒါဖက်ရှင်ပွဲတော်ကို သွားရောက်ခြင်းအားဖြင့် ဘောလုံးပြုပြင်ပြောင်းလဲရေးမှာ ကုန်အမှတ် တံဆိပ်တွေက ဘောလုံးနဲ့နှီနွယ်တဲ့ မော်ဒယ်ရှိုးပွဲတစ်ခုမှာစပွန်ဆာ ပေးခြင်း၊ လာမယ့်ဘောလုံးပြိုင်ပွဲမှာစပွန်ဆာပေးခြင်းဖြင့် ပါဝင်လာအောင် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

အတွင်းခံဝတ် ဘောလုံးပြိုင်ပွဲကို လာမယ့်နွေရာသီ မှာ အသင်းရှစ်သင်းနဲ့ ကျင်းပဖို့စီစဉ်ထားပြီး Lingerie Football League UK ဝက်ဘ်ဆိုက်မှာ တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲဝင်အသင်းတွေကို အတွင်းခံအမှတ်တံဆိပ်တွေက ဝတ်စုံစပွန်ဆာပေးဖို့လည်း မျှော်လင့်ထားပါတယ်။

ဒါပေမဲ့အဲဒီလိဂ်ပြိုင်ပွဲကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်လက်အောက်ကဘယ် ကွင်းမှာမှ ပြုလုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် က တားမြစ်ထားပါတယ်။

ဒါကြောင့် အတွင်းခံဝတ်ဘောလုံးအဖွဲ့ချုပ်ဟာ အဲဒီတားမြစ်ချက်ကိုပြန်ရုတ် သိမ်းပေးဖို့ အွန်လိုင်းကတစ်ဆင့် ဝိုင်းဝန်းအယူခံဝင်နိုင်ကြဖို့ လုပ်ဆောင်နေပြီး အတွင်းခံအမှတ်တံဆိပ်တွေကလည်း ကူညီကြ လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

Credit – hyper sport











အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment