Thursday, February 25, 2016



<<<Unicode Version>>>

တစ်ပွဲချင်းစီကိုသာ အာရုံစိုက် ကစားသွားဖို ့လို

စပိန်လာလီဂါ နဲ ့ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ထားရှိထားတဲ ့ရည်မှန်းချက်တွေ မပျက်စေဖို ့အတွက် တစ်ပွဲချင်းစီကိုသာ အာရုံစိုက် ကစားသွားဖို ့လိုတယ်လို ့အသလက်တီကို နည်းပြ ဆီမြွန်နီ က ပြောဆိုလိုက်ပါတယ်။အသလက်တီကို အသင်းဟာ စပိန်လာလီဂါ မှာ အမှတ်ပေးဇယား အဆင့်(၂)ကို ရောက်ရှိနေပြီး၊ထိပ်ဆုံးကနေ ဦးဆောင်နေတဲ ့ဘာစီလိုနာ နဲ ့(၈)မှတ်ကွာဟ နေပေမဲ ့နည်းပြကတော့ ချန်ပီယံဆုကို ရယူဖို ့လက်မလျှော့သေးတဲ ့အနေအထားဖြစ်ပါတယ်။ဆီမြွန်နီ က “ ဒီချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ရောက်ရှိဖို ့အတွက် က ပြည်တွင်းပွဲတွေမှာ ဗိုလ်စွဲဖို ့ကစားရတဲ ့ပွဲ အရေအတွက်ထက် နည်းပါတယ်။ကျွန်တော်တို ့အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။အခု ချန်ပီယံလိဂ်မှာ တွေ ့ရမယ့် ပီအက်စ်ဗီ အသင်းက ပြိုင်ဘက်ကောင်းအသင်းဖြစ်ပြီး သူတို ့ရဲ ့ရုပ်ပိုင်းဆိုင်ရာကလည်း အလွန်တောင့်တင်းပါတယ်။ကျွန်တော်တို ့အသင်းကလည်း ဒီပွဲကို စိတ်ဓါတ်အပြည့်နဲ ့ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ”လို ့ဆိုခဲ့ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment