မန်ယူ နှင့် အာဆင်နယ် (တနင်္ဂနွေည ၈း၃၅ နာရီ)
ဗန်ဟားလ်ရဲ့ နိမ့်မြင့်တက်ကျတွေက မြန်လွန်းလို့ သူ့အသင်းရဲ့ ဟန်ချက်ညီမှု ကို လိုက်ဖမ်းရတာတောင် တော်တော်ခက်ခဲ ပါတယ်။ ပရီးမီးယားလိဂ်အနေနဲ့ပဲ ကြည့်ရင်တော့ နောက်ဆုံး နှစ်ပွဲမှာ ချယ်လ်ဆီးကို သရေကျပြီး ဆန်းဒါးလန်းကို ရှုံးခဲ့တယ်။ မန်ယူ အသင်း ကြားထဲမှာ နိုင်ခဲ့တာက ရှရူးဘူရီတစ်သင်းပဲ ရှိသေးတယ်။ ရှုံးခဲ့တဲ့အသင်းတွေထဲမှာ မစ်ဂျီလန်းလို၊ ဆန်းဒါးလန်းလိုအသင်း တွေပါနေတယ်ဆိုတာကိုကြည့်ရင် သာမန်အဆင့်ပဲရှိတာ သိသာတယ်။ အသင်းကြီးတွေနဲ့ ပွဲမှာ တစ်ချက်တစ်ချက်ထတောက်လိုက်၊ အောက်အသင်းပွဲတွေမှာ ပြန်ရုန်းကန်လိုက်ဖြစ်နေတယ်။ ဒီပွဲကလည်း အိမ်ကွင်းဖြစ်နေတာရော၊ အစဉ်အလာကောင်းလေ့ရှိတဲ့အ သင်းကြီးပြိုင်ဘက်ဖြစ်နေတာရောကတော့ မန်ယူဘက်က စဉ်းစားစရာဖြစ်နေတယ်။ အာဆင်နယ်က မန်ယူကို (၁၀)မှတ်ဖြတ်ထား တယ်။ ရလဒ်ပိုင်းနဲ့ ရမှတ်က နည်းနည်းကွာနေပေမယ့် ရဂိုး၊ ပေးဂိုးတွေကို ပြန်ကြည့်ပြန်တော့ အများကြီးသာနေတဲ့ အနေအထားမ ဟုတ်ပြန်ဘူး။ မန်ယူခြေချော်တဲ့အချိန်မှာ သူတို့ ခြေမချော်တာပဲ ရှိတယ်။ ခံစစ်၊ တိုက်စစ်က ဘာမှ မကွာဘူးဆိုတဲ့အနေအထားဖြစ် နေတယ်။ ဒီတော့ ဒီပွဲမှာ အာဆင်နယ်က နည်းနည်းသာနေတယ်လို့ ထင်ရပေမယ့် ဘာမှမကွာဘူး။ လုံးတူ၊ ဒေါက်တူလို့တောင် ပြော လို့ရတယ်။
မန်ယူရဲ့ အိမ်ကွင်းရလဒ်ထက် အာဆင်နယ်ရဲ့ အဝေးကွင်းရလဒ်က နည်းနည်းလေးပိုသာနေတာလည်း ရှိတယ်။
ဒါပေမဲ့ မန်ယူ နိုင်ဖို့များပါတယ်။
- မန်ယူအသင်းသည် အာဆင်နယ်အသင်းကို ၂၀၀၈ခုနှစ်မှစ၍ အိမ်ကွင်း၌ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိခဲ့ဘဲ (၂)ပွဲသာသရေရလဒ်ရရှိခဲ့ကာ ကျန်ပွဲ စဉ်များအားလုံးကို အနိုင်ကစားနိုင်ခဲ့သည်။
- အာဆင်နယ်အသင်းသည် ပြိုင်ပွဲစုံအဝေးကွင်း နောက်ဆုံး (၇)ပွဲတွင် (၁)ပွဲသာရှုံးနိမ့်ခဲ့သည်။
- မန်ယူအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၁၃)ပွဲတွင် (၃)ပွဲသာအနိုင်ရရှိခဲ့ပြီး (၅)ပွဲအထိရှုံးနိမ့်ခဲ့သည်။
စပါး နှင့် ဆွမ်ဆီး (တနင်္ဂနွေည ၈း၃၅ နာရီ)
စပါးအသင်းရဲ့ လက်ရှိ စွမ်းဆောင်ရည်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးလို့ ပြောလို့ရတယ်။ ဆက်တိုက်နိုင်ပွဲတွေရနေ သလို၊ ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာလည်း မန်စီးတီးကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တယ်။ အခု အိမ်ကွင်းပွဲမှာ မန်စီးတီးနဲ့ပွဲက အမှတ်ကို ပြန်မလွှင့်ပစ်လောက်ဘူးလို့ ယူဆရတယ်။ ဆွမ်ဆီးအသင်းကလည်း နည်းပြသစ် ဂူဒိုလင်လက်ထက်မှာ ရလဒ်ပိုင်းတွေပြန်တက် လာပါတယ်။
ဒါပေမဲ့ ခြေစွမ်းပိုင်းက သိပ်ပြီး အားရစရာတော့မဟုတ်သေးဘူး။ ကစားရမှာကလည်း စပါးကွင်းမှာ ဖြစ်နေတယ်။ စပါးနိုင်မယ်။ ဂိုးပြတ်ဖို့များပါတယ်။
Credit – eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment