Saturday, February 6, 2016

နိုင်ပွဲအတွက်ကျေနပ်ဟု ရန်ကုန်နည်းပြ မာယန်ပြောဆို

ရန်ကုန် ယူနိုက် တက် အသင်းသည် မြန်မာ နေရှင် နယ်လိဂ် ပွဲစဉ် ၅ အဖြစ် ချင်း ယူနိုက်တက် အသင်းနှင့် ယှဉ်ပြိုင် ကစားရာ ၁-၀ ဂိုးဖြင့် အနိုင် ရရှိခဲ့ သည်။ အဆိုပါ အနိုင် ရလဒ် အတွက် ကျေနပ် သော်လည်း အသင်း ကစား ပုံကို အပြည့် အ၀ အားမရ သေးကြောင်း မာယန်က ပြောကြား ခဲ့သည်။ ရန်ကုန် ယူနိုက်တက် အသင်းသည် ယခု ပွဲစဉ်တွင် အပြောင်း အလဲအဖြစ် အက်ဒီဆင် အစား မာဆယ်လိုကို ပွဲထွက် ကစားစေခဲ့ပြီး ကျော်ကိုကို၊ သန်းထက်အောင်၊ ရန်အောင်ကျော်၊ ဒေးဗစ်ထန်၊ ခင်မောင်လွင်၊ ဇာနည်ထက်၊ ယာမာရှီတာ၊ ဇော်မင်းထွန်း၊ ပြည့်ဖြိုးအောင်နှင့် ဖာနန်ဒို (ဂိုး) တို့ကို ပွဲထွက်စေခဲ့သည်။ ပထမ ပိုင်းတွင် ရန်ကုန် ယူနိုက်တက် အသင်း သည် တိုက်စစ်နှင့် ကွင်းလယ် ပိုင်း အားနည်း နေပြီး ဒုတိယ ပိုင်းတွင် ဇာနည်ထက် အစား သန်းပိုင် ၀င်ရောက် ကစား စေခဲ့ပြီး တိုက်စစ် ပိုမို မြှင့်ကစား ခဲ့သည်။ ထို့နောက် ပွဲချိန် မိနစ် ၇၀ တွင် ဒေးဗစ် ထန်းနှင့် အက်ဒီဆင် တွဲလုံးမှ တဆင့် သန်းပိုင်က အပိုင် ပိတ်သွင်း ပြီး အနိုင် ဂိုး ရယူခဲ့ခြင်း ဖြစ်သည်။ "ဒီနေ့ပွဲ အနိုင် ရအောင် စွမ်းဆောင် ပေးခဲ့တဲ့ ကစား သမားတွေ အားလုံးကို ဂုဏ်ယူ ပါတယ်။ ပထမ ပိုင်းမှာ အသင်း ကစားပုံ အရမ်း မကောင်း ခဲ့ပါဘူး။ ဒါပေမယ့် ဒုတိယ ပိုင်းမှာ ကစားပုံ ပိုကောင်း ခဲ့ပါတယ်။ ကွင်းလယ် ကစား သမား ၃ ဦးဒဏ်ရာ ရနေတာဟာ အလွန် ကြီးမားတဲ့ ပြဿနာပါ" ဟု နည်းပြ ချုပ် မာယန်က ပြောကြား ခဲ့သည်။ ဆက်လက်ပြီး နည်းပြ ချုပ် မာယန်က " ပထမ ရာသီဝက်မှာ ရမှတ် ၂၀ ၀န်းကျင် လောက် ရမယ်လို့ ခန့်မှန်း ထားပါတယ်။ ဒါပေမယ့် ဒုတိယ အကျော့ အပြီးမှာ ချန်ပီယံ ဖြစ်ရမယ်လို့ မျှော်မှန်းထား ပါတယ်" ဟု ဆိုသည်။ရန်ကုန် ယူနိုက် တက် အသင်းသည် လာမည့် ဖေဖော် ၀ါရီ ၁၅ ရက်နေ့ ၄း၀၀ နာရီ တွင် မြန်မာ နေရှင်နယ် လိဂ် ပွဲစဉ် ၆ အဖြစ် ဟော်ရီဇွန် အသင်းနှင့် သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင် ကစားရ မည်ဖြစ် သည်။
Credit - Yangon United Football Club

No comments:

Post a Comment