Friday, February 5, 2016

ငါးပွဲမြောက်မှာလက်ရှိချန်ပီယံ ရန်ကုန် နိုင်ပွဲစရမှာလား

Ooredoo MNL 2016 (week 5)
၅-၂-၂၀၁၆   ရန်ကုန်  –  ချင်းယူနိုက်တက်  (ညနေ ၃:၃၀)  YUSC
အခုအချိန်က ရန်ကုန်အသင်းရဲ့ ဖိအားအများဆုံး အချိန်လို့ ပြောလို့ရပါတယ်။ လေးပွဲကစားပြီးချိန်ထိ နိုင်ပွဲမရသေးတဲ့ လက်ရှိချန်ပီယံ ရန်ကုန်တို့ ဒီပွဲကို အမှားခံမှာ မဟုတ်တာ သေချာပါတယ်။ ချင်းယူနိုက် အသင်းကလည်း တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာ တွေ့ရပေမယ့် ပြီးခဲ့တဲ့ တစ်ပတ် ဟံသာဝတီနဲ့ပွဲမှာ တိုက်စစ်မှူး ချစ်စုမိုး အနီကတ်နဲ့ ထုတ်ခံရလို့ ဒီပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချင်းယူနိုက် တက်အသင်းအနေနဲ့ ရန်ကုန်နဲ့ပွဲမှာ အဓိက ကစားသမား တစ်ယောက် လွဲချော်ရတော့မှာပါ။ ဒီနှစ်သင်းတွေ့ဆုံထားတဲ့ ၂၀၁၅ ခုနှစ်က ရလဒ်တွေကို ကြည့်ရင် ရန်ကုန်အသင်းကပဲ နှစ်ကျော့စလုံး  အနိုင်ရထားပါတယ်။ ဒီပွဲက လက်ရှိချန်ပီယံ ရန်ကုန်အသင်းရဲ့ နိုင်ပွဲ စဖြစ်မှာလား..၊ ချင်းအသင်းကပဲ မထင်မှတ်တဲ့ ရလဒ်မျိုး လုပ်ပြနိုင်မှာလားဆိုတာ မကြာခင် အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။
၆-၂-၂၀၁၆    ဧရာဝတီ  –  ရှမ်းယူနိုက်တက်  (ညနေ ၃း၃၀)  (ပုသိမ်)
ပြီးခဲ့တစ်ပတ်မှာ ရန်ကုန်အသင်းပဲ အသာရနိုင် တယ်လို့ အများက ထင်ထားပေမယ့် ဧရာဝတီ အသင်းက အများထင်မှတ် မထားတဲ့ ပုံစံမျိုးနဲ့ ရန်ကုန်ကို အနိုင်ကစားပြသွားပါတယ်။ ရှမ်းယူနိုက် တက်အသင်းကတော့ ပြီးခဲ့တဲ့ ဇေယျာရွှေမြေနဲ့ပွဲမှာ ထင်ထား သလောက် ခြေစွမ်းမကောင်းတာ တွေ့ရပါတယ်။ ပထမဆုံး နိုင်ပွဲကြောင့် အရှိန်တက်နေတဲ့ အိမ်ရှင်အသင်း နိုင်ပွဲဆက်နိုင်မလား၊ ရှမ်းယူနိုက် တက်အသင်း ပုံစံကောင်းနဲ့ ဒီပွဲကို ပြန်လာနိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။
၆-၂-၂၀၁၆   ဆောက်သမ်း  – ရတနာပုံ  (ညနေ ၄း၀၀) သုဝဏ္ဏ
ဆောက်သမ်းအသင်းရဲ့ လက်ရှိအခြေအနေက အဆုံးသတ်ဂိုးသွင်းပေးနိုင်မယ့် ကစားသမားလိုအပ် နေတာပါ။ ပြီးခဲ့တဲ့ တစ်ပတ် ဇွဲကပင်ကို ရှုံးခဲ့ပွဲကို ကြည့်မယ်ဆိုရင် ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ယုံကြည်မှု အားနည်းတာကို တွေ့ရပါတယ်။ အောင်သူ၊ ကိတ်မာတူနာတို့လို ကစားသမား ကောင်းတွေရှိနေတဲ့ ရတနာပုံအသင်းက ဒီလိုပွဲမျိုး အမှားခံမယ် မထင်ပါဘူး။ ဘောလုံးမှာ ဘာမဆိုဖြစ် သွားနိုင်တဲ့ အနေအထားမျိုးရှိတော့ ဒီပွဲမှာရော မထင်မှတ်တဲ့ ရလဒ်မျိုး ထွက်လာနိုင်မှာ လား….ခန့်မှန်းကြည့်ပါဦး။
၇-၂-၂၀၁၆   ဇေယျာရွှေမြေ  –  ဇွဲကပင်  (ညနေ ၃း၃၀)  မုံရွာ
ပြီးခဲ့တဲ့ တစ်ပတ် ရှမ်းနဲ့ပွဲမှာ အိမ်ရှင်ဇေယျာရွှေမြေတို့ အဓိကတိုက်စစ်မှူး ဗစ်တာ မပါနိုင်လို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဇွဲကပင်ရဲ့ တိုက်စစ်ပိုင်းမှာတော့ ကမ်၊ အောင်မိုး၊ ဇစ်ကိုဗစ်တို့က အထူးခြေစွမ်းပြပြီး ဂိုးတွေလဲ သွင်းပေးနေပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာ တစ်ခုက ဇွဲကပင် တိုက်စစ်မှုး အောင်မိုး ပါ။ လေးပွဲကစားပြီးချိန်မှာ အသင်းအတွက် ပွဲတိုင်း တစ်ဂိုးစီနဲ့ လေးဂိုးအထိ သွင်းပေးထားတယ်။ အိမ်ရှင် ဇေယျာ နဲ့ပွဲမှာ သူရဲ့ ငါးဂိုးမြောက် ဂိုး သွင်းနိုင်မှာလား၊ အိမ်ရှင် ဇေယျာတို့ အရှိန်ရနေတဲ့ ဇွဲကပင် တိုက်စစ်ကို ထိန်းနိုင်မှာလား.. စိတ်ဝင်စားဖို့ အရမ်း ကောင်းပါတယ်။
၇-၂-၂၀၁၆   ဟံသာဝတီ  –  Horizon   (ညနေ ၄း၀၀) သုဝဏ္ဏ
ဒီနှစ်မှာ စုစည်းမှုအကောင်းဆုံးနဲ့ ကြိုးစားအားထုတ်မှု အကောင်းဆုံးအသင်းကို ပြပါဆိုရင် ဟံသာဝတီ အသင်းကို ပြရမှာပါ။ ဟံသာဝတီနဲ့ ကစားမယ့် တန်းတက် Horizon အသင်းက ခေတဲ့ အသင်း တော့မဟုတ်ပါဘူး။ နောက်ပြီး တိုက်စစ်အားသန်တဲ့ အသင်းတစ်သင်း လဲ ဖြစ်သလို ကစားသမားတွေရဲ့ ကြိုးစားမှုလဲ ကောင်းပါတယ်။ ဒီပွဲက ဒီတစ်ပတ် အတွက် ပရိသတ်ကြည့်လို့ အကောင်းဆုံး ပွဲ တစ်ပွဲ ဖြစ်လာနိုင်ပါတယ်။
၇-၂-၂၀၁၆  ရခိုင်ယူနိုက်တက်  –  မကွေး  (ညနေ ၄း၀၀) အောင်ဆန်း
ပြီးခဲ့တဲ့ တစ်ပတ်မှာ ရတနာပုံကို ရှုံးထားလို့ ရခိုင်ယူနိုက်တက်အသင်း ဒီပွဲမှာ အမှတ်ပြန်ရဖို့ ကြိုးစားမှာပါ။ အသင်းကြီးတွေဆို အသာရပြီး အသင်းငယ်တွေနဲ့ဆို ရုန်းကန်ရတတ်တဲ့ မကွေးအသင်းရဲ့ အစဉ်အလာကလည်း နှစ်တိုင်း လိုလိုပါပဲ။ ရခိုင်အသင်းက လည်း  လျော့တွက်လို့ မရတဲ့ အသင်းတစ်သင်း ထဲမှာပါပြီး မကွေးအသင်းကလဲ အနိုင်ရဖို့ ခက်ခဲတဲ့ အသင်းတစ်သင်းပါ။ ဒီနှစ်သင်း ဆုံတွေ့မှုရဲ့ ရလဒ်က ဘာဖြစ်နိုင်မလဲ။
၂၀၁၆ မြန်မာလိဂ်ပွဲစဉ် (၅)
၅.၂.၂၀၁၆            ရန်ကုန်-ချင်း                        YUSC
၆.၂.၂၀၁၆            ဧရာဝတီ-ရှမ်း                      ပုသိမ်
                         ဆောက်သမ်းမြန်မာ-ရတနာပုံ   သုဝဏ္ဏ
၇.၂.၂၀၁၆           ဇေယျာရွှေမြေ-ဇွဲကပင်            မုံရွာ
                        ဟံသာဝတီ-Horizon              သုဝဏ္ဏ
                        ရခိုင်-မကွေး                        အောင်ဆန်း
Credit – Myanmar Football Federation

No comments:

Post a Comment