မြန်မာနေရှင်နယ်လိဂ်ကလပ် ဇွဲကပင်အသင်းရဲ့ နဝဒေး လေ့ကျင့်ရေးကွင်းကို မြန်မာငွေကျပ် သိန်းငါးသောင်း အကုန်ကျခံပြီး ပြင်ဆင်သွားမယ်လို့ သိရပါတယ်။
“အသင်းလေ့ကျင့်ရေးကွင်းကို အဆင့်မီပြင်ဆင်ဖို့ ရှိပါတယ်။ သိန်းငါးသောင်းလောက် အကုန်အကျခံသုံးစွဲမှာပါ။ အိမ်ကွင်းအဖြစ်တော့ သုံးမှာမဟုတ်ပါဘူး ” လို့ အသင်းပိုင်ရှင် ဦးလှဋ္ဌေးက မဇ္ဈိမ သတင်းဌာနကို ပြောခဲ့ပါတယ်။
မရမ်းကုန်းလမ်းမြို့နယ်မှာရှိတဲ့ ဒီဘောလုံးလေ့ကျင့်ရေးကွင်းမှာ နိုင်ငံတကာအဆင့်မီ လေ့ကျင့်ရေးပစ္စည်းတွေ တပ်ဆင်ဖို့ စီစဉ်သွားမယ်လို့ လည်းသူက ဆိုပါတယ်။ ဇွဲကပင်အသင်းဟာ ၂၀၁၀ ကတည်းကစပြီး နဝဒေးကွင်းကို လေ့ကျင့်ရေးကွင်းအနေနဲ့ အသုံးပြုခဲ့တာပါ။
လက်ရှိအချိန်မှာ ဇွဲကပင်အသင်းဟာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေမှာ လေးပွဲကစားထားပြီး သုံးပွဲနိုင်၊ တစ်ပွဲရှုံးနဲ့ ကိုးမှတ်ရထားပြီး အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
Credit – Mizzima
Thursday, February 4, 2016
နဝဒေးကွင်းကိုသိန်းငါးသောင်းအကုန်ခံပြင်မယ်ဆိုတဲ့ဇွဲကပင်အသင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment