Saturday, February 6, 2016

စပိန်လာလီဂါပွဲစဉ် ၂၃

စပိန်လာလီဂါပွဲစဉ်(၂၃)
အက်သလက်တီကို နှင့် အီဘာ (၆-၂-၂၀၁၆ ည ၉း၃၀ SkyNet 2)
ခုတလော အက်သလက်တီကိုကစားပုံ လျော့သွားသလို ပါပဲ။ စပိန်ဘုရင့်ဖလားမှာ ဆယ်လ်တာဗီဂိုကို နှစ်ကျော့စလုံး အနိုင်မရခဲ့တဲ့အပြင် လာလီဂါမှာလည်း ဆီဗီလာကိုသရေ၊ ဘာစီ လိုနာကို ရှုံးခဲ့လို့ (၄)ပွဲဆက်နိုင်ပွဲပျောက်နေတာ တွေ့ရတယ်။ အသင်းလိုက်ကစားအားကောင်းပေမယ့် ခုနောက်ပိုင်း အက် သလက်တီကို ကစားပုံက ဟန်ချက်မညီဖြစ်နေတယ်။ ခံစစ်ငြိမ် နေရင် တိုက်စစ်က ဂိုးမရ၊ တိုက်စစ်က ဂိုးရနေရင် ခံစစ်လျော့ပြီး ဂိုးတွေပြန်ပေးလိုက်ရ ဖြစ်နေတယ်။ အခုပွဲမှာလည်း ခံစစ်က အဓိကကစားသမားတွေဖြစ်တဲ့ ဟွမ်ဖရန်၊ ဂိုဒင်၊ ဖိလစ်ပီလူးဝစ် တို့ သုံးဦးစလုံးပွဲပယ်ခံထားရလို့ နည်းပြဆီ>မန်နီအတွက် ခံစစ် ကို အပြောင်းအလဲတွေနဲ့ ပွဲထွက်ရဖို့ရှိနေတယ်။ ဒီကြားထဲ ခံစစ် အစွန်လူဖြစ်တဲ့ ဆီကေရာကလည်း ဗလင်စီယာကို ပြောင်းသွား လို့ အက်သလက်တီကိုရဲ့ ခံစစ်အစွန်နှစ်ဖက်စလုံး အားနည်းမှု တွေဖြစ်နေနိုင်တယ်။ အီဘာကလည်း စုစုစည်းစည်းကစား တတ်တဲ့အသင်းဖြစ်ကာ ခုနောက်ပိုင်း ဂိုးရအောင်ကစားတတ် တာတွေ့ရတယ်။ (၄)ပွဲဆက်နိုင်ပွဲပျောက်ထားလို့ ပြန်ရုန်းကန် လာမယ့် အက်သလက်တီကိုနဲ့ ဂိုးအများပဲ ရွေးထားရမယ်။
ဗယ်လက်ကာနို နှင့် လက်စ်ပါမားစ် (၆-၂-၂၀၁၆ ည ၁၁း၄၅ SkyNet 2)
ဗယ်လက်ကာနို အိမ်ကွင်းမှာတော့ အစွမ်းပြတတ်ပါ တယ်။ ဒါပေမဲ့ လက်စ်ပါမားစ်ကလည်း အဝေးကွင်းခြေစွမ်းမ ငြိမ်ပေမယ့် ခုတလောတိုက်စစ်ပိုင်းက ဂိုးတွေရလာတာတွေ့ ရပြီး နောက်ဆုံးအဝေးကွင်း(၂)ပွဲမှာလည်း (၄)ဂိုးသွင်းထားနိုင် လို့ ခံစစ်ပိုင်းစိတ်မချရတဲ့ ဗယ်လက်ကာနို သတိထားရမယ့်ပွဲ မျိုးပါပဲ။ သရေကျဖို့များနေပြီး ဂိုးများသွားနိုင်တယ်။
ဘီလ်ဘာအို နှင့် ဗီလာရီးယဲလ် (၇-၂-၂၀၁၆ နံနက် ၂း၀၀ SkyNet 2,HD)
နှစ်သင်းစလုံး နောက်ပိုင်းခြေမှန်နေကြတယ်။ အိမ်ကွင်း မှာဆို ဗီလာရီးယဲလ်ကစားပုံပိုကောင်းပြီး အဝေးကွင်းမှာဆို ထိန်းကစားတတ်တယ်။ ဘီလ်ဘာအိုကလည်း အိမ်ကွင်းမှာ ဗီလာ ရီးယဲလ်ကို အသာရတဲ့ရာခိုင်နှုန်းပိုများနေလို့ ဒီပွဲအတွက် ဘီလ် ဘာအိုနဲ့ ဂိုးအနည်းပဲ ရွေးထားလိုက်တယ်။
စပို့တင်းဂီဂျွန် နှင့် ဒီပို့တီဗို (၇-၂-၂၀၁၆ နံနက် ၃း၃၅ SkyNet 5)
ခုနောက်ပိုင်း အိမ်ကွင်းခြေပြန်တွေ့နေတဲ့ ဂီဂျွန်ကြောင့် ဒီပို့တီဗိုအတွက် ခက်ခဲမယ့်ပွဲမျိုးဖြစ်နေတယ်။ ဒီပို့တီဗိုကလည်း အဝေးကွင်းပွဲတွေမှာ ထိန်းကစားရင်း အမှတ်ရသလောက် ယူ တတ်တဲ့အသင်းမျိုးဖြစ်တာကြောင့် ဂိုးနည်းပြီး သရေကျမယ့်ပွဲ လို့ပဲ မှန်းထားချင်တယ်။
Credit – eleven sport

No comments:

Post a Comment