Sunday, February 7, 2016

မော်ရင်ဟိုထွက်ခွာရမှုမှာတာဝန်မကင်းဘူးလို့ခံစားရတဲ့ဟာဇက်

နည်းပြ မော် ရင် ဟို ထွက် ခွာ ရမှုမှာ တာဝန် မကင်းဘူးလို့ ခံစားခဲ့ရတဲ့ ဟာဇက်
ချဲလ်ဆီးနည်းပြ မော် ရင် ဟို ဟာ ပရီးမီးယားလိဂ် အမှတ် ပေးချန် ပီယံဆုကို ဧပြီလက ဆွတ် ခူးနိုင် ခဲ့ပါတယ်။ ဒါပေမယ့် ၇ လ အကြာမှာပဲ နည်းပြရာထူးက နေ အထုတ် ပယ် ခံခဲ့ရပါတယ်။ ချန် ပီယံဖြစ် ခဲ့တဲ့ လူစာရင်း ၊ နည်းပြ ၊ အဖွဲ့ဝင် တွေနဲ့ ရာသီသစ် ကို ပြန် လည် ပွဲထွက် ခဲ့ပေမယ့် ခြေစွမ်းတွေ ပျောက် ဆုံးနေပြီး အမှတ် ပေးဇယားရဲ့ အောက်ခြေ အထိ ကျဆင်းသွားခဲ့ပါတယ်။ အသင်းရဲ့ အားထားရတဲ့ ကစားသမားအများစုခြေစွမ်း ပျောက် ဆုံးနေခဲ့ပြီး ယမန်နှစ် က ခြေစွမ်းပြ ခဲ့တဲ့ မာတစ် ၊ ဖာဘရီဂတ် ၊ ကော် စတာ တို့ ခြေစွမ်းပျောက်ဆုံးနေ မှု ဟာ ချဲလ်ဆိးကို ရလဒ် တွေဆိုးရွားစေခဲ့ပါတယ်။ ဒါပေမယ့် အားလုံးရဲ့ ထိပ် မှာတော့ တောင် ပံ ကစား သမား ဟာဇက် က ရပ် တည် နေခဲ့ပြီး ယခု နှစ် ရာသီ တ လျှောက် သွင်းဂိုးလုံးဝ ( နည်းပြ မော် ရင် ဟို လက် ထက် ) မသွင်းယူနိုင် ခဲ့သလို ခြေစွမ်းလည်း လုံးဝ ပျောက် ဆုံးနေခဲ့ပါတယ်။
အခု ဟာဇက် က နည်းပြ မော် ရင် ဟို ထုတ် ပယ် ခံရမှုမှာ သူ့ရဲ့တာဝန် မကင်းဘူးလို့ ခံစားနေရ ကြောင်း ထုတ် ဖော် ပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော် သူ အထုတ် ခံရအပြီးမှာ စိတ် မ ကောင်း ကြောင်း မက် ဆေ့ ပေးပို့ခဲ့ပါတယ်။ ကျွန်တော် တို့ဟာ ယမန် နှစ် က အောင်မြင် မှုတွေကို အတူတကွ ခံစားခဲ့ကြရပြီး ယခုနှစ်မှာ တော့ အရာရာပြောင်းလဲခဲ့ပါတယ်။ ဟိုဆေး ( မော် ရင် ဟို ) အထုတ် ခံရမှုမှာ ကျွန်တော် က တာဝန် အရှိဆုံး ဖြစ် တယ် လို့ ခံစားခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်ဟာ မနှစ်က ပရီးမီးယားလိဂ် ရဲ့ အ ကောင်းဆုံးကစားသမားဖြစ် ခဲ့ပြီး ဆုလည်း ရခဲ့ပါတယ် ။ ဒါပေမယ့် ဒီနှစ် မှာတော့ မနှစ် ကလို မဟုတ် ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော့ ရဲ့ ခြေစွမ်းကျဆင်းမှုဟာ အသင်းရဲ့ ရလဒ် ပိုင်းကို ထိခိုက် စေခဲ့သလို နည်းပြ ရဲ့ အ နေအထားကိုလည်း ထိခိုက် စေခဲ့တယ် လို့ ခံစားခဲ့မိပါတယ်” လို့ The Times သတင်းစာကို ပြောဆိုသွားခဲ့ ပါတယ်။ ဒါ့အပြင် လက် ရှိနည်းပြ ဟစ် ဒင့် နဲ့ ပတ်သက်လို့လည်း “ဟစ် ဒင့် ဟာ အ တွေ့အကြုံ အလွန် ကြွယ် ၀ တဲ့ နည်းပြ ပါ။ သူ့ လက် အောက် မှာ ကစားရတာ လွတ် လွတ် လပ် လပ် ရှိလှပါတယ်။ သူဟာ ကစားပွဲတွေ ရဲ့ အ ကြောင်းကို ကောင်းကောင်းသိသူဖြစ်ပြီး ကျွန်တော် တို့ရဲ့ နောက် မှာ အမြဲရှိနေပါတယ်။ သူဟာ ကျွန်တော် တို့ကို ပွဲတပွဲကို အနိုင် ကစားဖို့ ယုံကြည် မှု တွေ ပေးစွမ်းနိုင် ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။
ချဲလ်ဆီး အသင်းဟာ ဒီနေ့ မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် မန်ချက်စတာယူနိုက်တက် အသင်းကို အိမ် ကွင်း မှာ လက် ခံ ကစားရမှာဖြစ် ပါတယ်။
Credit – sport

No comments:

Post a Comment