ဘုန်းမောက် အသင်းတိုက် စစ် မှုး အဖိုဘီ က အာဆင် နယ် အသင်းရဲ့ အသင်းကြီးစာရင်းမှာ ပါဝင် ခွင့် မရရှိ ခဲ့ခြင်းကို အပယ် ခံ လို့ အမည် တပ် မှုအတွက် လက် မခံ ကြောင်း ငြင်းပယ် သွားခဲ့ပါတယ်။ ၀ုဗ် အသင်း က နေ ဇန် န၀ါရီ အ ပြောင်း အ ရွှေ့မှာ ရောက် ရှိလာခဲ့တဲ့ အဖိုဘီ ဟာ ဘုန်းမောက် အသင်းအတွက် အဖိုးတန် ဂိုး တွေ သွင်းယူပေးနိုင် ခဲ့ပြီး အသင်းရဲ့ အချစ် တော် ကစားသမားအဖြစ် ချက် ချင်း ရောက် ရှိသွားခဲ့ပါတယ်။ ယမန် နေ့ညမှာ အာဆင် နယ် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပြီး အဖိုဘီ က အာဆင် နယ် အသင်းမှာ ရှိနေ စဉ် က အ ကြောင်းတွေကို The Guardian က ပြောပြသွားခဲ့ပါတယ်။ “အာဆင် နယ် အသင်းကြီးမှာ မကစားရ တဲ့ နောက် အသင်းက ထွက် ခွာလိုက် တာ ပိုကောင်းမယ် လို့ ဆုံးဖြတ် ခဲ့တာပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော့အတွက် အခွင့် အ ရေး မရှိဘူးဆိုတာ သိလိုက် ရလို့ပါပဲ” လို့ ၂၂ နှစ် အရွယ် တိုက် စစ် မှုးက ပြောဆိုသွားခဲ့ပါတယ်။ အသက် ၆ နှစ် အရွယ် ကတည်းက အာဆင် နယ် အသင်းထံရောက် ရှိလာခဲ့တဲ့ အဖိုဘီ က အသင်းရဲ့ အစွန့်ပယ် ခံအဖြစ် အမည် တပ်ခြင်းကို ငြင်းဆိုသွားခဲ့ပါတယ်။ “တကယ်လို့ ကျွန်တော်က အာဆင် နယ် အသင်းအတွက် ၄-၅ ပွဲ လောက် ကစားပေးခဲ့ရပြီး ခြေစွမ်းမပြနိုင် လို့ အသင်းက နေ ရောင်းချခံ ခဲ့ရတယ် ဆိုရင် ဒါဟာ ဟုတ် ပါတယ်။ အာဆင် နယ် အသင်းက ကျွန်တော့ကို စွန့်ပစ် ခဲ့တာပါ။ ဒါပေမယ့် အခု အမှန် တရားက အဲ့ဒိလိုမဟုတ်ပါဘူး။ ကျွန်တော့ အတွက် အခွင့်အ ရေးကို မရှိခဲ့တာပါ” လို့ အဖိုဘီက ဆက် လက် ပြောဆိုသွားခဲ့ပါတယ်။ အာဆင် နယ် အသင်းဟာ ဆောက် သမ် တန် အသင်းနဲ့ သ ရေကျခဲ့အပြီးမှာ လေးပွဲဆက် နိုင် ပွဲပျောက် ခဲ့ပြီး ယခု ည ကစားမယ့် ဘုန်းမောက် နဲ့ ပွဲစဉ် မှာ ရလဒ်ကောင်းတွေပြန် လည် ရရှိ ဖို့ မဖြစ် မ နေ လိုအပ် နေပြီဖြစ် ပါတယ်။ ဆောက် သမ်တန် ကို သ ရေကျခဲ့တဲ့ ပွဲမှာ အာဆင် နယ် အသင်းဟာ အခွင့် အ ရေးပေါင်း ၁၉ ကြိမ် ( အိုဇေး တဦးတည်းက ၁၀ ကြိမ် ) ဖန်တီးပေးနိုင် ခဲ့ပေမယ့် သွင်းဂိုးတော့ မရရှိခဲ့ ကြပါဘူး။
Credit – sport
Sunday, February 7, 2016
ကျွန်တော်ဟာ အာဆင် နယ် ရဲ့ အပယ် ခံမဟုတ် ပါဘူး ဟု ဘီနစ် အဖိုဘီပြော
Subscribe to:
Post Comments (Atom)
No comments:
Post a Comment