ရလဒ်ဆိုးများကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသော မန်ယူအသင်းမှာ အသင်းခေါင်းဆောင်ရွန်နီဒဏ်ရာရရှိပြီး ဆက်တိုက်ဆိုသလို နောက်ထပ်ထိုးနှက်ချက်အဖြစ် အသင်း၏အဓိကဂိုးသမား ဒေးဗစ်ဒီဂီယာမှာလည်း ဒူးဒဏ်ရာရရှိခဲ့ကြောင်း နည်းပြဗန်ဟားလ်ကအတည်ပြုခဲ့သည်။
ယနေ့ မနက်အစောပိုင်းကယှဉ်ပြိုင်ခဲ့သော မစ်ဂျီလန်းအသင်းအား ရှုံးနိမ့်ခဲ့သည့် ယူရိုပါလိဂ် (၃၂)သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ် မတိုင်မီ သွေးပူလေ့ကျင့်ခန်းအစီအစဉ်၌ ဒီဂီယာမှာဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၄င်း၏နေရာတွင် အာဂျင်တီးနားဂိုးသမား ရိုမဲရိုးက ပွဲထွက်ကစားခဲ့သည်။
ဒီဂီယာ၏ ဒဏ်ရာအခြေအနေနှင့်ပတ်သတ်ပြီး ဗန်ဟားလ်က" သူ ဒူးဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာအခြေအနေနဲ့ပတ်သတ်ပြီး စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ဒါကြောင့်လက်ရှိဒဏ်ရာအခြေအနေနဲ့ ဘယ်လောက်အနားယူရမလဲဆိုတာကို ကျွန်တော်မပြောနိုင်သေးပါဘူး" ဟု BT Sport သို့ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင်မန်ယူအသင်းမှာ ရလဒ်ဆိုးများရင်ဆိုင်နေရရုံသာမက အသင်းတွင်ဒဏ်ရာရကစားသမားများလည်းများပြားနေပြီး ဒီဂီယာမတိုင်ခင်
ဒါမီယန်၊ ဖီးလ်ဂျုံးစ်၊ ရိုဟို၊ လုခ်ရှော၊ အက်ရှ်လေယန်း၊ ရှဝိုင်းစတိုင်ဂါ၊ ဖယ်လိုင်နီ၊ ဗလင်စီယာ၊ ယာနူဇိုက်နှင့် ရွန်နီတို့မှာ ဒဏ်ရာများကြောင့်အနားယူနေရပြီး လာမည့်ပွဲကျပ်ကာလအတွက် မန်ယူအသင်းမှာ ပိုမိုဖိအားများသွားခဲ့သည်။
Credit – Eleven Sports
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment