ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျ ရာသီကုန်ရင် မန်ယူအသင်းကို ရောက်လာဖွယ် ရှိနေပါပြီ။ မန်ယူအသင်းနည်းပြသစ် ဖြစ်လာမယ့် မော်ရင်ဟိုက အီဗရာဟီ မိုဗစ်ခ်ျကို ခေါ်ဖို့ ဆက်သွယ်ထားပြီးပြီလို့ သတင်းထွက်နေပါတယ်။ ပီအက်စ်ဂျီနဲ့ အီဗရာဟီမိုဗစ်ခ်ျရဲ့ စာချုပ်သက်တမ်းက သုံးလသာ ကျန်ပါတော့တယ်။ ပီအက်စ်ဂျီအသင်း ပိုင်ရှင်တွေက ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းပူးတွဲပိုင်ဆိုင်တဲ့ မီယာမီဘောလုံးအသင်းမှာ ရင်းနှီးမြုပ်နှံဖို့သာ စိတ်ဝင်စားနေကြပါတယ်။ အီဗရာဟီမိုဗစ်ခ်ျက ၂၀၁၈ ခုနှစ်ရောက်မှသာ အမေရိကန် မေဂျာလိဂ်မှာ ကစားဖို့ အစီအစဉ် ဆွဲထားတယ်လို့ ဆိုပါတယ်။ မော်ရင်ဟို လက်အောက်မှာ တစ်နှစ်ပဲ ကစားခဲ့ရတဲ့အပေါ် နောင်တရမိတယ်လို့ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျက ချယ်လ်ဆီးနဲ့ ပွဲအပြီးမှာ ပြောခဲ့ပါသေးတယ်။ ဒါကြောင့် ရာသီသစ်မှာ အီဗရာဟီမိုဗစ်ချက် အသင်းပြောင်းရမှာပါ။ ရာသီကုန်ရင် အပြောင်းအလဲ ကြီးကြီးမားမားတစ်ခု မြင်တွေ့ရလိမ့်မယ်လို့ အဆိုပါတိုက်စစ်မှူးက သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ မန်ယူအသင်းက အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ဖို့ အရင်ကတည်းက စိတ်ဝင်စားနေခဲ့တာလို့ သတင်းတွေက ဖော်ပြပါတယ်။
Credit – Duwun
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment