Thursday, February 4, 2016

မန်ယူနှင့်မော်ရင်ဟိုသဘောတူညီရန်နီးစပ်

ချယ်လ်ဆီးအသင်းနည်းပြဟောင်း မော်ရင်ဟိုနဲ့ မန်ယူအသင်းတို့အကြား သဘောတူညီမှုရဖို့ အလွန်ကို နီးစပ်နေပြီလို့ အီတလီစကိုင်းစပို့်တ် သတင်းဌာနက သိရပါတယ်။ ရာသီကုန်ရင် နည်းပြဗန်ဟားလ်နေရာ အစားထိုးဖို့အတွက် မော်ရင်ဟိုကို ကမ်းလှမ်းနေမှုဟာ သဘောတူညီမှု ရလုနီးနီး ဖြစ်နေပြီလို့ ဆိုပါတယ်။လက်ရှိနည်းပြဗန်ဟားလ်က ၂၀၁၇ အထိစာချုပ်ချုပ်ထားသူ ဖြစ်ပေမယ့် ရာသီကုန်တဲ့အခါ အသင်းနဲ့ လမ်းခွဲဖို့ အတော်နီးစပ်နေသူပါ။ ရလဒ်ကောင်းဖို့ ရုန်းကန်ခဲ့ရတဲ့ အပြင် အသင်းရဲ့ ကစားပုံကလည်း စွဲဆောင်မှု ကင်းမဲ့ခဲ့တာကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ကြရတာ ဖြစ်ပါတယ်။ စကိုင်းစပို့တ်သတင်းဌာနရဲ့ သတင်းထောက် အယ်ရှာတိုဖော်ပြချက်အရ ဒီသတင်း  ထွက်ပေါ်လာတာပါ။
မော်ရင်ဟိုဘက်ကလည်း ဘယ်အသင်းရဲ့ ကမ်းလှမ်းချက်ကိုမှ လက်မခံသေးတာဟာ မန်ယူအသင်းနဲ့ သဘောတူညီမှု ရဖို့ စောင့်စားနေတာ ဖြစ်တယ်လို့ ပြောပါတယ်။ မန်စီးတီးကို ဂွါဒီယိုလာ နောက်ရာသီမှာ ရောက်လာတော့မယ်လို့ အတည်ပြုပြီးနောက်ပိုင်း မော်ရင်ဟိုနဲ့ မန်ယူသတင်းကလည်း ပြန်လည် ရေပန်းစားလာတာပါ။
Credit – Duwun

No comments:

Post a Comment