FA ဖလား လက်ကျန်ပွဲတွင် မန်ယူ နောက်တစ်ဆင့် တက်ခဲ့ပြီး စီးရီးအေ လက်ကျန်ပွဲတွင်မူ နာပိုလီနှင့် အေစီမီလန်တို့ သရေကျခဲ့သည်။
မန်ယူအသင်းသည် ဒဏ်ရာကြောင့် မပါဝင်နိုင်သူများမှလွဲ၍ အကောင်းဆုံး လူစာရင်းကို ပွဲထုတ်ကစားခဲ့ပြီး League One ကလပ် ရှရူးဘူရီအသင်းကို အနိုင်ရခဲ့သည်။
ပွဲချိန်တစ်လျှောက်လုံး ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် တစ်ဖက်သတ် တိုက်စစ်ဆင် ကစားနိုင်ခဲ့ကာ (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းအတွက် ဂိုးများကို (၃၇)မိနစ်တွင် စမောလင်း၊ (၄၅)မိနစ်တွင် မာတာ၊ (၆၁)မိနစ်တွင် လင်ဂတ်တို့ သွင်းယူပေးခဲ့သည်။
စီးရီးအေ လက်ကျန်ပွဲတွင် နာပိုလီအသင်းက ပွဲချိန်(၃၉)မိနစ်တွင် အင်ဆစ်ဂနီ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း (၄၄)မိနစ်တွင် အေစီမီလန်အသင်းက ချေပဂိုးပြန်လည် သွင်းယူခဲ့သည်။
အေစီမီလန်အသင်းအတွက် ချေပဂိုးကို ဘိုနာဗန်ကျူရာက သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခြင်းမရှိသဖြင့် (၁-၁)ဂိုး သရေဖြင့် ပြီးဆုံးခဲ့သည်။
သို့ဖြစ်ရာ နာပိုလီအသင်းသည် ဂျူဗင်တပ်စ်အသင်း သရေကျမှုကို အခွင့်အရေး မယူနိုင်ခဲ့ဘဲ ဒုတိယနေရာ၌သာ ဆက်လက် ရပ်တည်ခဲ့ရသည်။
ပွဲရလဒ်များ
ရှရူးဘူရီ ၀-၃ မန်ယူ
နာပိုလီ ၁-၁ အေစီမီလန်
Credit – eleven sport
အောင်မြင့်မြတ်(Myanmar Youths)
No comments:
Post a Comment