Friday, February 12, 2016

ရတနာပုံအသင်းကို ဇေယျာရွှေမြေတို့ ဟန့်တားနိုင်မလား Ooredoo MNL 2016 (week 6) ပွဲစဉ်များ

၁၃-၂-၂၀၁၆   ရခိုင်ယူနိုက်တက်  –  ဟံသာဝတီ  ညနေ ၄း၀၀  (သုဝဏ္ဏ)

ပြီးခဲ့တဲ့ တစ်ပတ် မကွေးအသင်းနဲ့ပွဲ ပထမပိုင်းမှာ ရခိုင်ယူနိုက်တက်အသင်း ကစားပုံကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကစားပုံ မကောင်းခဲ့ပါဘူး။ ရခိုင်အသင်းနဲ့ကစားမယ့် ဟံသာဝတီအသင်းကတော့ ပွဲချိန်ပြည့် မောင်းတင်ပြီး ကစားနိုင်တဲ့အသင်းမျိုးပါ။ မြန်မာပြည် ရဲ့ လက်စတာအသင်းလို့ လူပြောများနေတဲ့ ဟံသာဝတီတို့ ရခိုင်ကို အနိုင်ကစားပြီး ရတနာပုံ အသင်းကို ဖိအားပေးသွားမှာလား၊ ရခိုင် ယူနိုက်တက်အသင်းကပဲ ဟံသာဝတီအသင်းဆီက အမှတ်ယူသွားမလားဆိုတာ ဖေဖော်ဝါရီ ၁၃ ရက် သုဝဏ္ဏ ကွင်းမှာ မြင်တွေ့ ရတော့မှာပါ။

၁၄-၂-၂၀၁၆  ဇွဲကပင်  –  ရှမ်းယူနိုက်တက်   ညနေ ၄း၀၀ (အောင်ဆန်း)

ဇွဲကပင်အသင်း ကစားခဲ့တဲ့ ငါးပွဲကို ပြန်ကြည့်ရင် အမှတ်ယူသင့်တဲ့ ပွဲတွေမှာ အမှတ်ရအောင် ယူထားနိုင်တာတွေ့ရပါတယ်။ ရှမ်းယူနိုက်တက်အသင်းက ကစားသမားကောင်းတွေ အများကြီး ခေါ်ထား ပေမယ့် ရလဒ်ပိုင်းကတော့ သိပ်မကောင်းသလို နောက်ဆုံး သုံးပွဲဆက် နိုင်ပွဲပျောက်နေပါတယ်။ အသင်းကြီး နီးနီးလောက် အင်အားရှိနေပြီး ပုံစံကောင်းရနေတဲ့ ဇွဲကပင်ကို ရှမ်းယူနိုက်တက် အသင်း ကျော်ဖြတ်သွားနိုင်မှာ…. စိတ်ဝင်စားစရာ တစ်ခုပါပဲ။

၁၄-၂-၂၀၁၆  မကွေး  –  ဆောက်သမ်း ညနေ ၄း၀၀ (သုဝဏ္ဏ)

ရခိုင်ယူနိုက်တက် အသင်းနဲ့ ပထမပိုင်းမှာ မကွေး ကစားပုံ လုံးဝမကောင်းသလို အသင်းငယ်တွေနဲ့ တွေ့ရင် ရုန်းကန်ရတတ်တဲ့ အစဉ်အလာလဲ ရှိပါတယ်။ ဒါပေမယ့် မကွေးအသင်းနဲ့ ကစားမယ့် ဆောက်သမ်းအသင်းက ၂၀၁၆ အမှတ်ပေးပြိုင်ပွဲမှာ အင်အား အနည်းဆုံး အသင်းလို့ ပြောနိုင်ပါတယ်။ ဆောက်သမ်းအသင်း နောက်ဆုံးကစားထားတဲ့ သုံးပွဲမှာ ပေးဂိုးက ရှစ်ဂိုးထိ ရှိထားပါတယ်။ မကွေးကတော့ ပွဲတိုင်းမှာ ဂိုးသွင်းထားနိုင်တဲ့အသင်းပါ။ တစ်ခုပဲစောင့်ကြည့်ရမှာက အသင်းငယ်တွေနဲ့ တွေ့ရင် ရုန်းကန်ရတတ်တဲ့ မကွေးရဲ့ အစဉ်အလာဆိုးပါ။

၁၄-၂-၂၀၁၆   ရတနာပုံ  –  ဇေယျာရွှေမြေ   ညနေ ၄း၀၀ (ဗထူး)

ပြိုင်ပွဲအစမှာ ရတနာပုံအသင်း တိုက်စစ်မှူး ကိတ်မာတူနာ ဂိုးသွင်းနိုင်ဖို့ ရုန်းခဲ့ရပေမယ့် နောက်ပိုင်း ပွဲတွေမှာတော့ ဂိုးပေါက် ပြန်ရှာတွေ့ ခဲ့ပါတယ်။ တစ်ဘက် နောက်ခံလူတွေ အလုပ်ရှုပ်သွားအောင် တိုက်စစ်ပိုင်းမှာ မွှေကစားနိုင်တဲ့ တိုက်စစ်မှူးအောင်သူကိုလည်း ရတနာပုံအသင်းက ပိုင်ဆိုင် ထားပါတယ်။ ဇေယျာရွှေမြေအသင်းကတော့ ကစားပြီးခဲ့တဲ့ပွဲတွေမှာ သရေပွဲများသလို တိုက်စစ်ပိုင်းက ဂိုးဖို့ တိုက်စစ်မှူး ဗစ်တာအပေါ်မှာပဲ အားကိုးရတာ များပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ ဇေယျာရွှေမြေ အိမ်ကွင်းမှာ တစ်ဂိုးစီ သရေ၊ ဒုတိယအကျော့ ရတနာပုံအိမ်ကွင်းမှာ ရတနာပုံအသင်းက ၃-၁ ဂိုးနဲ့ နိုင်ထားပါတယ်။ ဇေယျာရွှေမြေကို အနိုင်ကစားပြီး ရတနာပုံတို့ အမှတ်ပေးဇယားကို ဆက်ဦးဆောင်နိုင်မှာလား. ဧည့်သည့်အသင်းက အိမ်ရှင်ဆီကနေ အမှတ် ဘယ်လောက် ယူသွားနိုင်မှာလဲဆိုတာ ဗထူကွင်းထဲမှာ မကြာခင် အဖြေပေါ်တော့မှာပါ။

၁၅-၂-၂၀၁၆  ချင်းယူနိုက်တက်  –  ဧရာဝတီ  ညနေ ၄း၀၀ (အောင်ဆန်း)

ဒီနှစ် ကစားရခက်တဲ့ အသင်းတွေထဲမှာ ချင်းယူနိုက် တက်အသင်းလဲ ပါလာပါပြီ။ ချင်းအသင်းက ရန်ကုန်ကို ရှုံးခဲ့ပေမယ့် ကစားပုံကောင်း ခဲ့သလို မိနစ် ၆၀ ကျော်မှ ဂိုးပေးခဲ့ရတာပါ။ ဧရာဝတီအသင်းက နောက်ဆုံး နှစ်ပွဲဆက် အနိုင်ရထားလို့ ကစားသမား တွေရဲ့ စိတ်ဓာတ် ပိုင်းဆိုင်ရာ ယုံကြည်မှု ပြန်မြင့်လာတဲ့ အနေအထားမျိုး တွေ့ရပါတယ်။ နှစ်သင်းစလုံး က အမှတ်လိုနေကြလို့ ဒီပွဲက ပရိသတ်တွေအတွက် ကြည့်လို့ကောင်းမယ့် ပွဲကောင်းတွေထဲက တစ်ပွဲပါပဲ။

၁၅-၂-၂၀၁၆  Horizon –  ရန်ကုန်ယူနိုက်တက်   ညနေ ၄း၀၀ (သုဝဏ္ဏ)

Horizon အသင်းက တွေ့တဲ့ အသင်းတိုင်းကို တိုက်စစ်ဖွင့်ကစားတတ်ပြီး လုံးဝလျော့တွက်လို့ မရတဲ့ တန်းတက်အသင်းပါ။ ပြီးခဲ့တဲ့ တစ်ပတ်က လက်ရှိချန်ပီယံ ရန်ကုန် ပထမဆုံး နိုင်ပွဲရခဲ့ပေမယ့် ကစားပုံမကောင်းပါဘူး။ အထိုင်ကျဖို့ လိုနေသေးတဲ့ အပြင် ဖိအားတွေအောက်က ရန်ကုန်တို့ တန်းတက် Horizon အသင်းကို အသာရနိုင်မလား. . Horizon အသင်းကပဲ ရန်ကုန်အသင်း ဖိအား ပိုများသွားအောင် လုပ်ပြနိုင်မှာလား စိတ်ဝင်စား စရာပါပဲ။

Credit - Credit - Myanmar National League



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment