Monday, February 29, 2016

လူငယ်တိုက်စစ်မှူးရက်ရှ်ဖော့ဒ်ရဲ့ခြေစွမ်းပြမှုနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့မန်ယူ

ပီးခဲ့တဲ့ မစ်ဂျီလန်းနဲ့ ယူရိုပါလိဂ်ပွဲမှာ အနိုင်ဂိုး(၂)ဂိုးသွင်းခဲ့တဲ့ လူငယ်တိုက်စစ် မှူးရက်ရှ်ဖော့ဒ်ဟာ အခုပွဲမှာလည်းဆက်လက် ခြေစွမ်းပြခဲ့ပြီး (၂)ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ အဓိက ကစားသမားတွေ ဒဏ်ရာနဲ့ကြုံတွေ့နေ
ချိန်မှာ လူငယ်ကစားသမားတွေ ခြေစွမ်းပြနေလို့ မန်ယူအသင်း ပြိုင်ပွဲစုံမှာ
(၃)ပွဲဆက် နိုင်ပွဲရရှိခဲ့တာပါ။

မန်ယူအတွက် အနိုင်ဂိုးတွေကို ပထမပိုင်း(၂၉၊ ၃၂)မိနစ်တွေမှာ ရက်ရှ်ဖော့ဒ်က သွင်းယူခဲ့ပြီး တတိယဂိုးကလည်း (၆၅)မိနစ်မှာ သူ ချပေးလိုက်
တဲ့ ဘောလုံးကို ဟာရဲရားကန်သွင်းတာမှာ အာဆင်နယ်နောက်ခံလူ ကိုစီ
ယဲလ်နီနဲ့ထိခဲ့လို့ လမ်းကြောင်းပြောင်းဝင်သွားတာဖြစ်ပါတယ်။ အာဆင်နယ်
အသင်းမှာ ၀ဲလ်ဘတ်၊ အိုဇေးလ်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် အလက်
ဆစ်ဆန်းချက်ဇ်အပါအ၀င် ကျန်တဲ့ကစားသမားတွေ ပုံမှန်ခြေစွမ်းအောက်
ရောက်နေလို့ အားနည်းခဲ့ရတာပါ။ အာဆင်နယ်အတွက် ချေပဂိုးတွေကို မိနစ်
(၄၀)မှာ ၀ဲလ်ဘက်၊ (၆၉)မိနစ်မှာ အိုဇေးလ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါ
တယ်။ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ လက်စတာ၊ စပါးတို့အနိုင်ရခဲ့ချိန်မှာ ရှုံးပွဲကြုံတွေ့ခဲ့တဲ့အတွက်
စိတ်ပျက်စရာဖြစ်ခဲ့ပြီး အခုဆိုရင် လက်စတာနဲ့(၅)မှတ်၊ စပါးနဲ့(၃)မှတ် ကွာဟ
သွားခဲ့ပါပြီ။ အခုပွဲရဲ့ အကောင်းဆုံးမြင်ကွင်းကတော့ ပွဲချိန်(၇၄)မိနစ်မှာ စတုတ္ထဒိုင်လူကြီးမိုက်ဒင်းကို စောဒကတက်ရာကနေ လှဲချခဲ့တဲ့အမူအယာပြုလုပ်ခဲ့တဲ့ မန်ယူနည်းပြဗန်ဟားလ်ပါပဲ။

ဒီပွဲနဲ့အတူ တစ်ချိန်တည်းယှဉ်ပြိုင်ခဲ့တဲ့ စပါး-ဆွမ်ဆီးပွဲမှာတော့ စပါးအသင်းက
တစ်ဂိုးအရှုံးနဲ့နောက်က လိုက်ကစားခဲ့ရပြီး(၂-၁)ဂိုးနဲ့ ပြန်လည်အနိုင်ရခဲ့ပါ တယ်။ ဆွမ်ဆီးအတွက် (၁၉)မိနစ်မှာ ပါလော့စ်ချီက ဦးဆောင်ဂိုးသွင်းခဲ့ပေ
မယ့်လည်း မိနစ်(၇၀)မှာ ဝေါလ်ကာရဲ့ပေးပို့မှုကနေ ချက်ဒ်လီက ချေပဂိုး၊ (၇၇)မိနစ်မှာ ဒန်နီရို့စ်က အနိုင်ဂိုးတွေ သွင်းယူခဲ့တာဖြစ်ပါတယ်။

Credit - Eleven Sports

















အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment