Friday, February 12, 2016

ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနှစ် ဖြစ်လာမည့် ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲချိန်ကစပြီး ဒီနှစ်ပရီးမီးယားလိဂ်ဟာ သမိုင်းတစ်လျှောက် အခက်ခဲဆုံး ပြိုင်ပွဲ ဖြစ်တယ်လို့ စာရင်းအချက်အလက်အရ သိရပါတယ်။ အခုအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လက်စတာသာ ဒီနှုန်းအတိုင်း ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်သမိုင်းအမှာ ရမှတ်အနည်းဆုံးရတဲ့ ချန်ပီယံအသင်း ဖြစ်လာနိုင်ပါတယ်။ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲချိန်က စပြီး ရမှတ်အမြင့်ဆုံး ရခဲ့တဲ့ အသင်းက ချယ်လ်ဆီးဖြစ်ပါတယ်။ ၂၀၀၄-၀၅ ဘောလုံးရာသီမှာ ပွဲစဉ် ၃၈ အပြီး ၉၅ မှတ်ရခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ရမှတ်အနည်းဆုံးနဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းကတော့ ဖာဂူဆန်လက်အောက်က မန်ယူအသင်းဖြစ်ပြီး ၁၉၉၆-၉၇ ဘောလုံးရာသီမှာ ၇၅ မှတ်နဲ့ ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိဘောလုံးရာသီမှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လက်စတာအသင်းက စတုတ္ထနေရာက မန်စီးတီးကို ခြောက်မှတ်ပဲ ဖြတ်ထားနိုင်ပါသေးတယ်။ ပရီးမီးယားလိဂ် စတင်ပြီးကတည်းက ချန်ပီယံအသင်းနဲ့ စတုတ္ထအသင်းအကြား ခြောက်မှတ်ပဲကွာပြီး ရာသီသိမ်းခဲ့တာမျိုး မရှိသေးပါဘူး။အခု လက်စတာက ၂၅ ပွဲအပြီး ၅၃ မှတ်ရထားလို့ တစ်ပွဲပျှမ်းမျှ ရမှတ်က ၂.၁၂ မှတ်ဖြစ်ပါတယ်။ ဒီနှုန်းအတိုင်းဆိုရင် သမိုင်းတစ်လျှောက် ရမှတ်အနည်းဆုံး ချန်ပီယံ ဒီနှစ်မှာ ဆက်ပြီးပေါ်ထွက်လာနိုင်ပါတယ်။ သမိုင်းတစ်လျှောက် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးနှစ်လည်း ဖြစ်လာနိုင်ပါတယ်။

Credit – Duwun



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment