Friday, February 5, 2016

ယူရိုပါလိဂ်အတွက်မန်ယူအသင်းလူစာရင်းထုတ်ပြန်

လာမယ့် ဖေ ဖော် ၀ါရီ ၁၉ နဲ့ ၂၆ တို့မှာ ဒိန်းမတ် ကလပ် မစ် ဂျယ် လန်း အသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ် တွေ အတွက် လူစာရင်းကို မန်ချက်စတာယူနိုက်တက် အသင်းက ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။ အဆိုပါစာရင်းမှာ နယူးပို့ ကောင် တီ အသင်က နေ ပြောင်းရွှေ့ လာခဲ့တဲ့လူငယ် နောက် ခံလူ ရီဂန် ပိုးလ် ပါဝင် လာခဲ့ပြီး စတုတ် အသင်းနဲ့ ပွဲစဉ် မှာ ခြေစွမ်းပြခဲ့တဲ့ လူငယ် နောက် ခံလူ ဂျက် ဆင် က တော့ ကျန် ရစ် ခဲ့ပါတယ်။ ရီဂန် ပိုးလ် ဟာ နိုင် ငံ တကာ သတ် မှတ် ချက် ၀င် ဖို့ စောင့်ဆိုင်းနေသူဖြစ်ပြီး တနင်္လာနေ့ က အဲဗာတန် အသင်းနဲ့ ကစားခဲ့တဲ့ U-21 ပွဲစဉ် မှာ ပါဝင် ကစားပြီး အကျုံးဝင် သွားခဲ့ပါတယ်။ ယခုနှစ် ရာသီမှာ ပါဝင် ကစားခဲ့တဲ့ လူငယ် ကစားသမားအချို့ဟာ ပဏာမ ၂၄ ဦးစာရင်းမှာ မပါဝင် ခဲ့ပေမယ့် B List ကစားသမား စာရင်းထဲမှာတော့ ပါဝင် ဖွယ် ရှိပါတယ်။ ယူရိုပါလိဂ် ရဲ့ စည်းမျဉ်းတွေအရ အသင်းတသင်းရဲ့ ကစားသမား စာရင်းဟာ ၂၅ ဦးထက် မ ကျော် လွန် စေရပြီး ပြည်တွင်း ( သို့ ) ကလပ် အသင်းက လေ့ကျင့်ပျိုးထောင် ပေးထားတဲ့ ကစားသမား ၈ ဦး ပါဝင် ရမယ် လို့ သတ် မှတ် ထားပါတယ်။ ဒါကြောင့် ယူနိုက် တက် အသင်းဟာ မက္ကနဲ ၊ ပါရဲရား ၊ ဂျက်ဆင် စတဲ့ လူငယ် ကစားသမားတွေကို ချန် လှပ် ခဲ့ပြီး ဒဏ် ရာ ကြောင့် အနားယူနေရတဲ့ လုခ် ရှောနဲ့ ဗလင် စီယာ တို့ကို စာရင်းအတွင်း ထည့်သွင်းခဲ့ပါတယ်။
မန်ယူ အသင်းရဲ့ ကစားသမား စာရင်း -
( ဂိုး ) - ဒီဂီယာ ၊ ရိုမဲရိုး ၊ ဂျွန် စတုန်း
( နောက်တန်း ) - ဖီးလ်ဂျုံး ၊ စ မောလင်း ၊ ရိုဟို ၊ လုခ်ရှော ၊ ရီဂန် ပိုးလ် ၊ ဒါမီယန် ၊ ဗာရဲလာ
( အလယ် တန်း ) - မာတာ ၊ ကာရစ် ၊ ဘလင်း ၊ ယန်း ၊ ဟာရဲရား ၊ ဗလင် စီယာ ၊ ဖယ် လေနီ ၊ ရှနိုက်ဒါလင် ၊ ရှိဝိန်း စတိုင် ဂါ ၊ လင် ဂတ်
( ရှေ့တန်း ) - ရွန်းနီ ၊ မာရှယ် ၊ ဒီပိုင်း ၊ ကိန်း ။
Credit - sport

No comments:

Post a Comment