အသင်းပရိသတ်များ လိုလားခြင်းမရှိ သော လူးဝစ်ဗန်ဟားလ်၏ မန်ယူနည်းပြ ရာထူးကို လာမည့်နွေရာသီတွင် မော်ရင်ဟို ရယူရန် သေချာနေပြီဟု အီတလီမီဒီယာ တစ်ခုက ဖော်ပြခဲ့သည်။
ချယ်လ်ဆီးအသင်းမှ ထုတ်ပယ်ခံခဲ့ရ သည့် မော်ရင်ဟိုသည် မန်ယူနည်းပြဖြစ်လာ ရန် အစောပိုင်းကတည်းက ရေပန်းစားနေခဲ့ သော်လည်း ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယို လာနှင့် ပြိုင်ဆိုင်ရသည့်အနေအထားဖြစ်ခဲ့ သည်။ သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဂွါဒီယိုလာနှင့် မန်စီးတီးအသင်းတို့ လာမည့် ရာသီတွင် လက်တွဲတော့မည်ဖြစ်ကြောင်း အတည်ပြုသတင်းများ ထွက်ပေါ်လာပြီး နောက်ပိုင်း၌ မန်ယူအသင်းအနေဖြင့်ရွေးချယ် ရန် မော်ရင်ဟိုသာရှိတော့သည်ဟု သုံးသပ်သူ များ ပိုမိုများပြားလာခဲ့သည်။ ထို့ပြင် မော်ရင် ဟိုကလည်း မန်ယူနည်းပြရာထူးကိုရယူရန် စိတ်အားထက်သန်နေပြီး ဗန်ဟားလ်အပေါ် ပရိသတ်များ၏ဝေဖန်မှုပြင်းထန်နေချိန်၌ မန်ယူအသင်းတာဝန်ရှိသူများထံ စာရေးသား ပေးပို့ကာ သူ၏အနာဂတ် အစီအစဉ်များကို ချပြခဲ့ဖူးကြောင်းလည်း သိရှိရသည်။
အီတလီမီဒီယာ Calciomercato က အယ်လီဂရီ၏ သတင်းနှင့်ဆက်စပ်ကာ မော် ရင်ဟို၏ သတင်းကို ဖော်ပြခဲ့ခြင်းလည်း ဖြစ် သည်။ ၎င်းင်းတို့က ချယ်လ်ဆီးအသင်းသည် ရာသီကုန်ချိန်တွင် ယာယီနည်းပြ ဟစ်ဒင့်နှင့် လမ်းခွဲပြီးပါက လက်ရှိဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကို ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဆိုခဲ့သည်။ ချယ်လ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် မန်စီး တီးအသင်း၏ အပြောင်းအလဲများကြောင့် နည်းပြသစ်ခန့်အပ်ရန် မြန်ဆန်စွာ ကြိုးစားခဲ့ ခြင်းဖြစ်ပြီး အယ်လီဂရီကို တစ်နှစ်လစာပေါင် (၅ .၃)သန်းနှုန်းဖြင့် (၄)နှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း လည်း သိရှိရသည်။
ထို့နောက် ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုမှာလည်း မန်ယူအသင်းသို့ ရောက် ရှိရန် သေချာသလောက် ဖြစ်နေပြီဟု ဖော်ပြခဲ့ ခြင်းဖြစ်သည်။ မန်ယူအသင်းသည် မော်ရင်ဟို ကို ဗန်ဟားလ်၏နေရာ၌ အလျင်အမြန်အစား ထိုးဖွယ်မရှိသော်လည်း ရာသီမကုန်မီ ကြို တင်သဘောတူညီမှု ရယူထားဖွယ်ရှိကြောင်း၊ နွေရာသီ၌ မော်ရင်ဟို၏ စိတ်တိုင်းကျ ပြင် ဆင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မော်ရင်ဟို မန်ယူအသင်းသို့ ဦးစားပေးခေါ် ယူဖွယ်ရှိသည့် ကစားသမားများမှာ စပါးမှ ဟာရီကိန်း၊ ရီး ယဲလ်မှ ဗာရန်းတို့ ဖြစ်နိုင်ကြောင်းလည်း သုံး သပ်ရေးသားခဲ့သည်။
Credit – eleven sport
Saturday, February 6, 2016
မန်ယူနည်းပြနေရာမော်ရက်ဟိုသေချာနေဟုအီတလီမီဒီယာဖော်ပြ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment