Friday, February 12, 2016

နည်းပြ လောရင့်ဘလန့်ကို PSG အသင်း (၂) နှစ် သက်တမ်းတိုး

PSG အသင်းသည် အသင်းနည်းပြ လောရင့်ဘလန့်ကို (၂)နှစ် သက်တမ်းတိုးလိုက်ကြောင်း သိရသည်။ယခင်က PSG အသင်းနှင့် လောရင့်ဘလန့်တို့ လမ်းခွဲမည်ဟု သတင်းများ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့ဖူးသော်လည်း ယခုအခါ ၂၀၁၈ အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့သည်။

လောရင့်ဘလန့်သည် PSG အသင်းအား ပြင်သစ်လီဂူးချန်ပီယံ(၂)ကြိမ်နှင့် အခြားဆုဖလားများရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ယခုရာသီတွင်လည်း ပြင်သစ်လီဂူးအမှတ်ပေးဇယားတွင် ဒုတိယနေရာမှ မိုနာကိုအသင်းကို (၂၄)မှတ်ဖြတ်ကာ ဦးဆောင်လျက်ရှိသည်။

Credit – Eleven Sports



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment