Thursday, February 25, 2016

အာဆင္၀င္းဂါးအားမလို အားမရျဖစ္ခဲ့မိ

ေဖေဖာ္၀ါရီလ (၂၄) ရက္က ယွဥ္ျပိဳင္ကစားခဲ့တဲ့ အာဆင္နယ္အသင္းနဲ႕ ဘာစီလိုနာအသင္းတို႕ရဲ႕ ခ်န္ပီယံလိဂ္ (၁၆) သင္းအဆင့္ ပထမအေက်ာ့ ပြဲစဥ္မွာ ဘာစီလိုနာအသင္းက အာဆင္နယ္အသင္းကို (၂) ဂိုး ဂိုးမရွိနဲ႕ အႏိုင္ရရွိခဲ့ျပီးတဲ့ေနာက္ အာဆင္နယ္အသင္းနည္းျပ အာဆင္၀င္းဂါးက အဲဒီပြဲစဥ္နဲ႕ ပတ္သက္ျပီး အားမလို အားမရျဖစ္ခဲ့မိေၾကာင္းေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ အိမ္ကြင္းမွာ ဘာစီလိုနာအသင္းကို သူတင္၊ ကိုယ္တင္ကစားႏုိင္ခဲ့ျပီး ေဘာလံုးပိုင္ဆိုင္မႈအရဆိုရင္လည္း တူညီမႈရွိသေလာက္ျဖစ္ခဲ့တယ္လို႕ အာဆင္၀င္းဂါးက ေျပာၾကားခဲ့ပါတယ္။အခုလို အိမ္ကြင္းမွာ ပထမအေက်ာ့ ပြဲစဥ္ ရံႈးနိမ့္ခဲ့တာေၾကာင့္ ေနာက္ထပ္ ဒုတိယအေက်ာ့ ပြဲစဥ္အတြက္ ဘာစီလိုနာ အိမ္ကြင္းမွာ သြားေရာက္ကစားရမယ့္ ပြဲစဥ္ဟာ အလြန္ခက္ခဲလာလိမ့္မယ္လို႕လည္း အာဆင္၀င္းဂါးက ၀န္ခံေျပာၾကားခဲ့ပါတယ္။ “ဘာစီလိုနာဟာ အရမ္းကို ေကာင္းမြန္တဲ့အသင္းပါ။ ဒီပြဲစဥ္ဟာ ေတာ္ေတာ္ကို ခက္ခက္ခဲခဲ ယွဥ္ျပိဳင္ရမယ္ဆိုတာ ပြဲမစခင္ကတည္းက ကၽြန္ေတာ္တို႕ သိထားပါတယ္။ ဒါေပမယ့္ နည္းစနစ္ပိုင္းအရဆိုရင္ေတာ့ ေဘာလံုးပိုင္ဆိုင္မႈအပိုင္းမွာ ပံုမွန္ပါပဲ၊ ၀မ္းနည္းစရာေကာင္းတာတစ္ခုက ကၽြန္ေတာ္တို႕ အိမ္ကြင္းမွာ ဂိုးေတြေပးလိုက္ရတာပါပဲ။ ဒါဟာ ျပီးခဲ့တဲ့ ရာသီတုန္းက မိုနာကို အသင္းနဲ႕ ပြဲစဥ္ပံုစံမ်ိဳး ျဖစ္ေနပါတယ္။ ဒုတိယအေက်ာ့ပြဲစဥ္မွာ သူတို႕ အိမ္ကြင္းျဖစ္ေနတာေၾကာင့္ အေျခအေနက သူတို႕ ဘက္မွာ (၉၅) ရာခိုင္ႏႈန္းရွိေနျပီး၊ ကၽြန္ေတာ္တို႕အတြက္ကေတာ့ (၅) ရာခိုင္ႏႈန္းသာရွိေနပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႕ ၾကိဳးစားသြားမွာပါ။ဘာေတြျဖစ္လာမလဲဆိုတာ ခင္ဗ်ားတို႕လည္း မသိႏိုင္ပါဘူး” လို႕ အာဆင္၀င္းဂါးက ေျပာၾကားခဲ့ပါတယ္။ ဘာစီလိုနာ အသင္းနည္းျပ အန္းနရစ္ကေတာ့ မိမိတို႕အသင္းဟာ အခြင့္ေကာင္းကို ေစာင့္ျပီး အာဆင္နယ္အသင္းကို အႏိုင္ယူသြားခဲ့တာျဖစ္တယ္လို႕ ဆိုပါတယ္။ “ပထမပိုင္းမွာတုန္းက အာဆင္နယ္အသင္းရဲ႕ ကစားသမားအားလံုးဟာ ေနာက္တန္းမွာ ကာကြယ္ခဲ့ပါတယ္။ ဒါေပမယ့္ သူတို႕ေတြ ေမာပန္းလာခဲ့ပါတယ္။အဲဒါေၾကာင့္ ေနရာလြတ္ေတြနဲ႕ အခြင့္အလန္းေကာင္းရရွိခဲ့တာျဖစ္ပါတယ္။ သူတို႕အသင္း ေကာင္တာ တိုက္စစ္ဆင္မယ့္အေျခအေနေတြကိုလည္း ကၽြန္ေတာ္တို႕ တားဆီးႏိုင္ခဲ့ပါတယ္လို႕” ဘာကာနည္းျပ အင္းနရစ္က ေျပာၾကားခဲ့ပါတယ္။

<<<Unicode Version>>>

အာဆင်ဝင်းဂါးအားမလို အားမရဖြစ်ခဲ့မိ

ဖေဖော်ဝါရီလ (၂၄) ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းက အာဆင်နယ်အသင်းကို (၂) ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက် အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးက အဲဒီပွဲစဉ်နဲ့ ပတ်သက်ပြီး အားမလို အားမရဖြစ်ခဲ့မိကြောင်းပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ဘာစီလိုနာအသင်းကို သူတင်၊ ကိုယ်တင်ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအရဆိုရင်လည်း တူညီမှုရှိသလောက်ဖြစ်ခဲ့တယ်လို့ အာဆင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။အခုလို အိမ်ကွင်းမှာ ပထမအကျော့ ပွဲစဉ် ရှုံးနိမ့်ခဲ့တာကြောင့် နောက်ထပ် ဒုတိယအကျော့ ပွဲစဉ်အတွက် ဘာစီလိုနာ အိမ်ကွင်းမှာ သွားရောက်ကစားရမယ့် ပွဲစဉ်ဟာ အလွန်ခက်ခဲလာလိမ့်မယ်လို့လည်း အာဆင်ဝင်းဂါးက ၀န်ခံပြောကြားခဲ့ပါတယ်။ “ဘာစီလိုနာဟာ အရမ်းကို ကောင်းမွန်တဲ့အသင်းပါ။ ဒီပွဲစဉ်ဟာ တော်တော်ကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ်ဆိုတာ ပွဲမစခင်ကတည်းက ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမယ့် နည်းစနစ်ပိုင်းအရဆိုရင်တော့ ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာ ပုံမှန်ပါပဲ၊ ၀မ်းနည်းစရာကောင်းတာတစ်ခုက ကျွန်တော်တို့ အိမ်ကွင်းမှာ ဂိုးတွေပေးလိုက်ရတာပါပဲ။ ဒါဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မိုနာကို အသင်းနဲ့ ပွဲစဉ်ပုံစံမျိုး ဖြစ်နေပါတယ်။ ဒုတိယအကျော့ပွဲစဉ်မှာ သူတို့ အိမ်ကွင်းဖြစ်နေတာကြောင့် အခြေအနေက သူတို့ ဘက်မှာ (၉၅) ရာခိုင်နှုန်းရှိနေပြီး၊ ကျွန်တော်တို့အတွက်ကတော့ (၅) ရာခိုင်နှုန်းသာရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ဘာတွေဖြစ်လာမလဲဆိုတာ ခင်ဗျားတို့လည်း မသိနိုင်ပါဘူး” လို့ အာဆင်ဝင်းဂါးက ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာ အသင်းနည်းပြ အန်းနရစ်ကတော့ မိမိတို့အသင်းဟာ အခွင့်ကောင်းကို စောင့်ပြီး အာဆင်နယ်အသင်းကို အနိုင်ယူသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ပထမပိုင်းမှာတုန်းက အာဆင်နယ်အသင်းရဲ့ ကစားသမားအားလုံးဟာ နောက်တန်းမှာ ကာကွယ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေ မောပန်းလာခဲ့ပါတယ်။အဲဒါကြောင့် နေရာလွတ်တွေနဲ့ အခွင့်အလန်းကောင်းရရှိခဲ့တာဖြစ်ပါတယ်။ သူတို့အသင်း ကောင်တာ တိုက်စစ်ဆင်မယ့်အခြေအနေတွေကိုလည်း ကျွန်တော်တို့ တားဆီးနိုင်ခဲ့ပါတယ်လို့” ဘာကာနည်းပြ အင်းနရစ်က ပြောကြားခဲ့ပါတယ်။



ေအာင္ျမင့္ျမတ္(Myanmar Youths)

No comments:

Post a Comment