Wednesday, February 10, 2016

လီဗာပူးလ်ကိုအနိုင်ယူကာနောက်တစ်ဆင့်တတ်ခဲ့တဲ့ဝက်စ်ဟမ်း

ယနေ့နံနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲတွင် ၀က်စ်ဟမ်း အသင်းက လီဗာပူးလ်အသင်းကိုအချိန်ပိုတွင် (၂-၁) ဂိုးဖြင့် အနိုင်ရကာနောက်တစ်ဆင့်တက် လှမ်းနိုင်ခဲ့ပါတယ်။ဝက်စ်ဟမ်းအသင်းအတွက်ပွဲကစားချိန်(၄၅)မိနစ်မှာအန်နာဗလင်စီယာရဲ့ဖြတ်တင် ပေးပို့မှုကနေ အန်တိုနီယိုကပိတ်သွင်းပြီးဦးဆောင်ဂိုးရယူသွားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက်ချေပဂိုးကိုတော့ ပွဲကစားချိန်(၄၈)မိနစ်မှာ ရရှိတဲ့ပြစ်ဒဏ်ဘောကနေ
ကော်တင်ဟိုက တိုက်ရိုက်ကန်သွင်းကာပြန်လည်ရရှိခဲ့ပါတယ်။
နောက်ပိုင်းပွဲကစားချိန်တွေမှာလည်းအပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့အတူထိုးဖောက်ကစားခဲ့ပေ မယ့်နှစ်သင်းစလုံး ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့လို့အချိန်ပို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ၀က်စ်ဟမ်းအသင်းအတွက် အနိုင်ဂိုးကိုတော့ အချိန်ပိုမိနစ် (၃၀)ပြည့်လို့ နာကျင်အချိန်ပိုမှာ
ရရှိခဲ့တဲ့ပြစ်ဒဏ်ဘောကနေကွင်းလယ်ကစားသမားပါယက်ဖြတ်တင်ပေးပို့မှုကိုနောက်ခံလူအော့ဘွန် နာက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ယခုပွဲမှာအနိုင်ရရှိခဲ့တဲ့ ၀က်စ်ဟမ်းအသင်းကတော့ ပဉ္စမအဆင့်အဖြစ် ဘလက်ဘန်းအသင်းရဲ့ အိမ်ကွင်းမှာသွားရောက်ယှဉ်ပြိုင်ကစားရမှာပါ။

လိဂ်ချန်ပီယံရှစ်ပွဲစဉ် (၂၉) ပွဲပြီးရလဒ်
MK ဒွန်းစ် ၁-၁ မစ်ဒယ်ဘရော့

ဂျာမန်ပိုကယ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ် ပွဲပြီးရလဒ်များ
လေဗာကူဆင် ၁-၃ ၀ါဒါဘရီမင်
စတုဂတ် ၁-၃ ဒေါ့မွန်

ပြင်သစ်ဖလား ရှုံးထွက်(၁၆) သင်းအဆင့် ပွဲပြီးရလဒ်များ
စိန့်မယ်လို ၁-၂ ဂါဇီလက်
ဂရန်ဗယ်လ် ၀-၀ ဘိုအန်းဘရက်ဆီ (အချိန်ပို ၁-၀ ဂိုးဖြင့် ဂရန်ဗယ်လ်နိုင်)
ဆိုးချော့စ် ၂-၁ မိုနာကို

Credit – eleven sport


No comments:

Post a Comment