Wednesday, February 17, 2016

နူအာမှာကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်ကြောင်း ဖီလစ်လမ်းချီးကျူး


ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင်ဖြစ်သူ ဖီလစ်လမ်း ကကလပ်အသင်းနှင့် နိုင်ငံလက်ရွေးစင် အသင်းဖော်ဂိုးသမား နူအာမှာ လက်ရှိကမ္ဘာ့ဘောလုံးလောကတွင် အငြင်းပွားဖွယ်မရှိအကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်ကြောင်းချီးကျူးလိုက်သည်။
အသက်(၂၉)နှစ်အရွယ်ရှိသူ နူအာမှာ ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ဂျာမန်ကလပ်ရှော်လ်ကေးအသင်းမှာ ဘိုင်ယန်မြူးနစ်အသင်းထံသို့ ပြောင်းရွှေ့ကြေးပေါင်(၂၂)သန်းဖြင့်ရောက်ရှိလာသူဖြစ်ပြီး အသင်းနှင့် အတူ အောင်မြင်မှုများစွာကိုသိမ်းပိုက်ခဲ့သူဖြစ်သည်။ 
နူအာ၏စွမ်းဆောင်ရည်များနှင့်ပတ်သတ်ပြီးဖီလစ်လမ်းက" သင်ဟာအောင်မြင်ဖို့အတွက်ဆိုရင် ကိုယ်ရည်ကိုယ်သွေး၊ တစ်ဦးချင်းကျွမ်းကျင်မှု၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ဒီအားကစားနည်းအပေါ် နားလည်မှုအပြည့်ရှိဖို့လိုအပ်ပါတယ်။ နူအာဟာ အောင်မြင်မှုအတွက်အမြင့်ဆုံး စွမ်းဆောင်ရည် နဲ့ဦးဆောင်နိုင်စွမ်းတွေရှိတယ်လို့ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်ကိုယ်ပိုင်အတွေးနဲ့ဆိုရင်တော့ နူအာဟာခြွင်းချက်မရှိ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်ပြီး အသင်းအတွက်နောက်ထပ်ကစားသမား တစ်ဦးထပ်မလိုတော့ပါဘူး"ဟုThe Times of India နှင့်တွေ့ဆုံစဉ်ဖြေကြားခဲ့သည်။ ထို့အပြင်နူအာမှာ လက်ရှိအကောင်းဆုံးဂိုးသမားများဖြစ်သော ဘူဖွန်၊ ပီတာချက်၊ ကော်တိုအာ၊ ဒီဂီယာထက်ပိုမို ကောင်းမွန် ကြောင်းလည်း လမ်းကချီးကျူးခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဘွန်ဒစ်လီဂါချန်ပီယံဆု(၃)ကြိမ်အပါအ၀င်၊ ချန်ပီယံလိဂ်၊ ပိုကယ်ဖလားစသည့်အသင်းလိုက်အောင်မြင်မှုများစွာရရှိထားသည်။
ထို့အပြင် 2014 FIFA Ballon d'Or တတိယဆုအပါအ၀င်၊ FIFA FIFPro World XI,IFFHS World's Best Goalkeeper တို့ကို ၂၀၁၃၊ ၁၄၊ ၁၅ (၃)ကြိမ်ဆက်ရရှိထားသည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ယခုနှစ်ချန်ပီယံလိဂ်(၁၆)သင်းအဆင့်ရှုံးထွက်ပွဲစဉ်အဖြစ်ဂျူဗင်တပ်စ်အသင်းနှင့်လာမည့်ရက် သတ္တပတ် တွင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နူအာနှင့် ဘူဖွန်တို့၏အားပြိုင်မှုကိုမြင်တွေ့ရမည်ဖြစ်သည်။

Credit – eleven sport



အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment