Monday, February 29, 2016

ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီး ဒီရာသီပထမဆုံးဆုဖလားရရှိခဲ့တဲ့ မန်စီးတီး

လိဂ်ဖလား ဗိုလ်လုပွဲအဖြစ် မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့
တာမှာတော့ ပယ်နယ်တီအထိ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရပြီး မန်စီးတီး
အသင်းက (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် ဒီရာသီရဲ့ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲဖြစ်တာနဲ့အညီ နှစ်သင်းစလုံးဟာ အတောင့်တင်းဆုံး လူစာရင်းနဲ့
ပွဲထွက်ခဲ့ပြီး အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့တာကြောင့် ကြည့်လို့ကောင်း
တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ အဖွင့်ဂိုးကိုတော့ မန်စီးတီးအသင်းက စတင်ရရှိခဲ့ပြီး
(၄၉)မိနစ်မှာ အဂွဲရိုးပေးတာကနေ ကွင်းလယ်လူ ဖာနန်ဒင်ဟိုက သွင်းယူခဲ့
တာပါ။ အဲဒီနောက်ပိုင်း မန်စီးတီးအသင်းက ဂိုးသွင်းခွင့်တွေ ထပ်ရခဲ့ပေမယ့်
လီဗာပူးလ်ဂိုးသမား မစ်ဂနိုလက်ကာကွယ်သွားခဲ့သလို၊ လီဗာပူးလ်အသင်း
ကလည်း အခွင့်အရေးတွေရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

မိနစ်(၈၀)လောက်မှာ ဖေမီနိုအစား အော်ရီဂီ လူစားဝင်လာတဲ့နောက်ပိုင်း
လီဗာပူးလ်တိုက်စစ်က ပိုလှုပ်လာခဲ့ပြီး (၃)မိနစ်အကြာမှာပဲ ကော်တင်ဟိုက
မန်စီးတီးဂိုးရှေ့မှာ ကျွံထွက်လာတဲ့ဘောလုံးကို အပိုင်ပိတ်သွင်းယူခဲ့
တာကြောင့် (၁)ဂိုးစီသရေကျခဲ့ပါတယ်။ မိနစ်(၉၀)ပြီးလို့ နာကျင်အချိန်ပို ဆက်
ကစားတော့လည်း တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပယ်နယ်တီ
အဆုံးအဖြတ်ခံခဲ့ရပြီး လီဗာပူးလ်ဘက်က အမ်မရီချန်တစ်ဦးသာဂိုးဝင်ခဲ့ပေ
မယ့်၊ မန်စီးတီးအသင်းက နာဗတ်စ်၊ အဂွဲရိုး၊ ယာယာတိုရေးတို့ ဂိုးသွင်းနိုင်ခဲ့
တာကြောင့် (၃-၁)ဂိုးနဲ့ မန်စီးတီးက အနိုင်ရခဲ့တာပါ။ အခုဖလားဟာ မန်စီးတီး
နည်းပြပယ်လီဂရီနီအတွက် ဒုတိယအကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး ရာသီကုန်
မှာ အသင်းနဲ့လမ်းမခွဲရခင် ဖလားတစ်လုံးကို ပထမဆုံးရယူပေးနိုင်ခဲ့ပါပြီ။

Credit - Eleven Sports







အောင်မြင့်မြတ်(Myanmar Youths)

No comments:

Post a Comment