အာဆင် နယ် အသင်းဟာ ယမန်နေ့ညက ဘုန်းမောက် အသင်းကို အ ဝေးကွင်းမှာ အနိုင် ယူပြီး ၄ ပွဲဆက် နိုင် ပွဲပျောက် မှုကို အဆုံးသတ် နိုင် ခဲ့ပါတယ်။ အာဆင် နယ် အသင်းအတွက် ကွင်းလယ် ဖန်တီးရှင် အိုဇေးလ် က ပွဲချိန် ၂၃ မိနစ် မှာ အဖွင့်ဂိုး စတင် သွင်းယူခဲ့ပြီး တမိနစ် အကြာမှာပဲ တန်ပြန် တိုက် စစ် က တဆင့် ချိန် ဘာလိန် က ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ အဆိုပါပွဲမှာ ခြေစွမ်းပြသနိုင် ခဲ့တဲ့ အိုဇေးလ် က အသင်းဟာ ပုံစံ ကောင်းကို အချိန်မီပြန် လည် ရရှိလာခဲ့ပြီး လာမယ့် အပတ် မှာ ကစားမယ့် အ ရေးကြီးပွဲအတွက် ယုံကြည် မှု ရရှိသွားပြီဖြစ် တယ် လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အိုဇေးလ် ဟာ တွစ် တာ အ ကောင့်က နေပြီး လက်စတာနဲ့ ပွဲအတွက် အသင့်ဖြစ်ပြီဖြစ်ကြောင်း ရေးသားပြီး တင် ထားခဲ့ပါသေးတယ်။ အာဆင် နယ် အသင်းဟာ လက် စတာ အသင်းနဲ့ ၅ မှတ် အကွာ ၊ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ် တည်နေပြီး လာမယ့် အပတ် မှာ လက် စတာအသင်းကို အိမ်ကွင်းမှာ လက် ခံကစားရမှာဖြစ် ပါတယ်။ အိုဇေးလ် တို့ ပုံစံ ကောင်းရ နေတဲ့ လက် စတာ စီးတီး ကို ရပ် တန့်နိုင် မလားဆိုတာ စိတ် ၀င် စားဖွယ် စောင့်ကြည့်ရမှာဖြစ် ပါတယ်။
Credit – sport
Monday, February 8, 2016
လက်စတာကိုရင်ဆိုင်ဖို့အဆင်သင့်ရှိနေပြီဟုအိုဇေးလ်ပြော
Subscribe to:
Post Comments (Atom)
No comments:
Post a Comment