<<<Zawgyi Version>>>
အမှတ်ပေးဇယားထိပ်ဆုံးလက်စတာဦးဆောင်
လီဗာပူးလ် အသင်းကို ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာဖြစ်တယ်လို့ လက်စတာ နည်းပြ ရာနီယေးရီ က ပြောဆိုလိုက်ပါတယ်။ဖေဖော်ဝါရီ (၃)ရက်နေ့ မနက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ လက်စတာ အသင်းနဲ့ လီဗာပူးလ် တို့ ပွဲစဉ်မှာ လက်စတာ အသင်းက တိုက်စစ်မှုး ဗာဒီ ရဲ့ သွင်းဂိုးတွေ နဲ့ နှစ်ဂိုးပြတ် အနိုင်ရကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဒုတိယနေရာ က မန်စီးတီးကို သုံးမှတ်ပြတ်ပြီး ဦးဆောင်နေပါတယ်။ရာနီယေးရီ က “ ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာပါ။ပထမပိုင်းမှာ ဂိုးသွင်းဖို့ အခွင့်အရေး (၃)ကြိမ် ရရှိခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ဟာ ကောင်းမွန်တဲ့ ဂိုးသွင်းခွင့် အခွင့်အရေး(၂)ကြိမ် ရရှိခဲ့ပြီး (၂)ဂိုးလုံး ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။အလွန်ကောင်းတဲ့ အသင်းကို ခက်ခဲစွာ ဖိအားပေးနိုင်ခဲ့တဲ့ အတွက် ကစားသမားတွေနဲ့ အတူ ကျေနပ်မိပါတယ်။ဗာဒီ ရဲ့ ပထမဆုံးဂိုးက အံသြဖို့ ကောင်းလွန်းပါတယ်။ကျွန်တော်တို့ ဟာ ကောင်းမွန်တဲ့ အခြေအနေပါပဲ။လာမယ့်အပတ်မှာ မန်စီးတီးနဲ့ ပြင်းထန် စွာယှဉ်ပြိုင်ရမှာဖြစ်တဲ့ ကစားသမားတွေ အနေနဲ့ စွမ်းအင် ကို ပြန်လည်ရယူနိုင်ဖို့ အရေးကြီးတယ်” လို့ အသင်းပိုင်တရားဝင်ဝက်ဘ်ဆိုက်ကို ပြောဆိုသွားခဲ့ပါတယ်
Thursday, February 4, 2016
အမှတ်ပေးဇယားထိပ်ဆုံး လက်စတာဦးဆောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment