Monday, February 29, 2016

မားကပ်စ်ရက်ရှ်ဖို့ဒ်အကြောင်း လူသိနည်းတဲ့ အချက် (၅) ချက်

မစ်ဂျီလန်း၊ အာဆင်နယ်အသင်းတို့နဲ့ ရင်ဆိုင်ခဲရတဲ့ ပွဲစဉ်တွေမှာ မန်ယူအသင်းအတွက် အရေးပါတဲ့ အနိုင်ဂိုးတွေ သွင်းခဲ့သူ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ တဖြည်းဖြည်းနာမည်ကျော်လာပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ရက်ရှ်ဖို့ဒ်ကို အာဆင်နယ်နဲ့ ပွဲစဉ်အပြီးမှာ ပရိသတ်အားလုံး ပိုပြီး သတိထားမိလာကြတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းကြီးနဲ့ နှစ်ပွဲသာ ကစားရသေးပေမဲ့ သွင်းဂိုးကတော့ သုံးဂိုးရှိနေပါပြီ။ မားကပ်စ်ရက်ရှ်ဖို့ဒ်အကြောင်း ပရိသတ်တွေ မသိနိုင်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ ဖလက်ချာမော့စ်ရိန်းဂျားကလပ်



ရက်ရှ်ဖို့ဒ်ဟာ ဖလက်ချာမော့စ်လူငယ်ဘောလုံးအသင်းကတစ်ဆင့် မန်ယူကို ရောက်လာပါ။ လက်ရှိ အာဆင်နယ်တိုက်စစ်မှူး ယခင်မန်ယူကစားသမားဟောင်းဖြစ်တဲ့ ဝဲလ်ဘက်လည်း ဒီအသင်းက မွေးထုတ်လိုက်တာပါ။ မန်ယူနဲ့ ဖလက်ချာမော့စ်လူငယ်ဘောလုံးအသင်းက အချိတ်အဆက် အမြဲရှိပါတယ။

၂။ ဥရောပသွင်းဂိုး



ရက်ရှ်ဖို့ဒ်က ယူအီးအက်ဖ်အေလူငယ်ပြိုင်ပွဲမှာ ဝင်ကစားပြီး ဂိုးသွင်းထားသူ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ယူအီးအက်ဖ်အေ ယူ-၁၉ ပြိုင်ပွဲရဲ့ ပထမဆုံး ပွဲဦးထွက်မှာ နှစ်ဂိုးသွင်းနိုင်ခဲ့တာပါ။

၃။ မွေးနေ့



မားကပ်စ်ရက်ရှ်ဖို့ဒ်က အသက် ၁၈ နှစ်ပဲရှိပါသေးတယ်။ တိုက်တိုက်ဆိုင်ပဲ မားကပ်စ်ရဲ့မွေးနေ့က အောက်တိုဘာ ၃၀ ရက်နေ့ဖြစ်လို့ ဟောလိုးဝင်းနေ့ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်က သူ့မွေးနှစ်ပါ။

၎။ မန်စီးတီးရောက်ရန် နီးစပ်ခဲ့ခြင်း



မန်ယူနဲ့ အပြိုင်ပဲ ရက်ရှ်ဖို့ဒ်ကို မန်စီးတီးကလည်း ခေါ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ်က အိုးထရက်ဖို့ဒ်မှာ ကစားဖို့ပဲ ရွေးချယ်ခဲ့တာပါ။

၅။ မန်ယူကစားသမား ဖြစ်လာခြင်း



၂၀၁၅ ခုနှစ်နိုဝင်ဘာလမှာ မန်ယူအသင်းကြီးအတွက် ကစားဖို့ ပထမဆုံးအကြိမ် ခေါ်ယူခြခင်း ခံခဲ့ရပါတယ်။ ဝက်ဖို့ဒ်နဲ့ပွဲမှာပါ။ ဒါပေမယ့် အရန်စာရင်းမှာပဲ နေခဲ့ရပြီး ဝင်မကစားခဲ့ရပါတယ်။

Credit – duwun

<<



အောင်မြင့်မြတ်(Myanmar Youths)

လူငယ်တိုက်စစ်မှူးရက်ရှ်ဖော့ဒ်ရဲ့ခြေစွမ်းပြမှုနဲ့ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့မန်ယူ

ပီးခဲ့တဲ့ မစ်ဂျီလန်းနဲ့ ယူရိုပါလိဂ်ပွဲမှာ အနိုင်ဂိုး(၂)ဂိုးသွင်းခဲ့တဲ့ လူငယ်တိုက်စစ် မှူးရက်ရှ်ဖော့ဒ်ဟာ အခုပွဲမှာလည်းဆက်လက် ခြေစွမ်းပြခဲ့ပြီး (၂)ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ အဓိက ကစားသမားတွေ ဒဏ်ရာနဲ့ကြုံတွေ့နေ
ချိန်မှာ လူငယ်ကစားသမားတွေ ခြေစွမ်းပြနေလို့ မန်ယူအသင်း ပြိုင်ပွဲစုံမှာ
(၃)ပွဲဆက် နိုင်ပွဲရရှိခဲ့တာပါ။

မန်ယူအတွက် အနိုင်ဂိုးတွေကို ပထမပိုင်း(၂၉၊ ၃၂)မိနစ်တွေမှာ ရက်ရှ်ဖော့ဒ်က သွင်းယူခဲ့ပြီး တတိယဂိုးကလည်း (၆၅)မိနစ်မှာ သူ ချပေးလိုက်
တဲ့ ဘောလုံးကို ဟာရဲရားကန်သွင်းတာမှာ အာဆင်နယ်နောက်ခံလူ ကိုစီ
ယဲလ်နီနဲ့ထိခဲ့လို့ လမ်းကြောင်းပြောင်းဝင်သွားတာဖြစ်ပါတယ်။ အာဆင်နယ်
အသင်းမှာ ၀ဲလ်ဘတ်၊ အိုဇေးလ်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် အလက်
ဆစ်ဆန်းချက်ဇ်အပါအ၀င် ကျန်တဲ့ကစားသမားတွေ ပုံမှန်ခြေစွမ်းအောက်
ရောက်နေလို့ အားနည်းခဲ့ရတာပါ။ အာဆင်နယ်အတွက် ချေပဂိုးတွေကို မိနစ်
(၄၀)မှာ ၀ဲလ်ဘက်၊ (၆၉)မိနစ်မှာ အိုဇေးလ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါ
တယ်။ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေတဲ့ လက်စတာ၊ စပါးတို့အနိုင်ရခဲ့ချိန်မှာ ရှုံးပွဲကြုံတွေ့ခဲ့တဲ့အတွက်
စိတ်ပျက်စရာဖြစ်ခဲ့ပြီး အခုဆိုရင် လက်စတာနဲ့(၅)မှတ်၊ စပါးနဲ့(၃)မှတ် ကွာဟ
သွားခဲ့ပါပြီ။ အခုပွဲရဲ့ အကောင်းဆုံးမြင်ကွင်းကတော့ ပွဲချိန်(၇၄)မိနစ်မှာ စတုတ္ထဒိုင်လူကြီးမိုက်ဒင်းကို စောဒကတက်ရာကနေ လှဲချခဲ့တဲ့အမူအယာပြုလုပ်ခဲ့တဲ့ မန်ယူနည်းပြဗန်ဟားလ်ပါပဲ။

ဒီပွဲနဲ့အတူ တစ်ချိန်တည်းယှဉ်ပြိုင်ခဲ့တဲ့ စပါး-ဆွမ်ဆီးပွဲမှာတော့ စပါးအသင်းက
တစ်ဂိုးအရှုံးနဲ့နောက်က လိုက်ကစားခဲ့ရပြီး(၂-၁)ဂိုးနဲ့ ပြန်လည်အနိုင်ရခဲ့ပါ တယ်။ ဆွမ်ဆီးအတွက် (၁၉)မိနစ်မှာ ပါလော့စ်ချီက ဦးဆောင်ဂိုးသွင်းခဲ့ပေ
မယ့်လည်း မိနစ်(၇၀)မှာ ဝေါလ်ကာရဲ့ပေးပို့မှုကနေ ချက်ဒ်လီက ချေပဂိုး၊ (၇၇)မိနစ်မှာ ဒန်နီရို့စ်က အနိုင်ဂိုးတွေ သွင်းယူခဲ့တာဖြစ်ပါတယ်။

Credit - Eleven Sports

















အောင်မြင့်မြတ်(Myanmar Youths)

ဥရောပလိဂ်အသီးသီး၏ ရလဒ်များ

ပရီးမီးယားလိဂ်ပွဲစဉ် (၂၇)ရလဒ်များ

မန်ယူ ၃-၂ အာဆင်နယ်
လက်စတာ ၁-၀ နောဝစ်ခ်ျ
စပါး ၂-၁ ဆွမ်ဆီး
ဆောက်သမ်တန် ၁-၂ ချယ်လ်ဆီး
ဝက်စ်ဟမ်း ၁-၀ ဆန်းဒါးလန်း
စတုတ်စီးတီး ၂-၁ အက်စတွန်ဗီလာ
ဝက်ဖို့ဒ် ၀-၀ ဘုန်းမောက်
ဝက်စ်ဘရွန်း ၃-၂ ခရစ္စတယ်ပဲလေ့စ်
----------------------------------------
လာလီဂါပွဲစဉ်(၂၆)ရလဒ်များ

အီဘာ ၀-၁ လက်စ်ပါမားစ်
ဂီတာဖေး ၀-၁ ဆယ်လ်တာဗီဂို
စပို့တင်းဂီဂျွန် ၂-၄ အက်စ်ပန်ညို
ဘက်တစ် ၂-၂ ဗယ်လက်ကာနို
ဆိုစီဒက် ၁-၁ မာလာဂါ
ဗီလာရီးယဲလ် ၃-၀ လီဗန်တေး
ဒီပို့တီဗို ၀-၁ ဂရန်နာဒါ
ရီးယဲလ် ၀-၁ အက်သလက်တီကို
ဗလင်စီယာ ၀-၃ ဘီလ်ဘာအို
ဘာစီလိုနာ ၂-၁ ဆီဗီလာ
---------------------------------
စီးရီးအေပွဲစဉ်(၂၇)ရလဒ်များ

ဂျူဗင်တပ်စ် ၂-၀ အင်တာမီလန်
အမ်ပိုလီ ၁-၃ ရိုးမား
အေစီမီလန် ၁-၀ တိုရီနို
ပါလာမို ၀-၀ ဘိုလော့ဂ်နာ
ကာပီ ၁-၁ အတ္တလန်တာ
ဆမ်ဒိုးရီးယား ၂-၀ ဖရိုဆီနိုနီ
ချီယေဗို ၁-၀ ဂျီနိုအာ
အူဒီးနီးစ် ၂-၀ ဗီရိုနာ
---------------------------------------------------
ဘွန်ဒစ်လီဂါပွဲစဉ်(၂၃)ရလဒ်များ

ဟမ်းဘတ် ၁-၁ အင်ဂိုးလ်စတက်ဒ်
စတုဂတ် ၁-၂ ဟန်နိုဗာ
ဝါဒါဘရီမင် ၂-၂ ဒမ်းစတက်ဒ်
အော့စ်ဘတ် ၂-၂ မိုချန်ဂလာဘတ်
ဒေါ့မွန် ၃-၁ ဟော်ဖန်ဟင်မ်
မိန့်ဇ် ၃-၁ လေဗာကူဆင်
ဖရန့်ဖတ် ၀-၀ ရှော်လ်ကေး
ဝုလ်ဖ်ဘတ် ၀-၂ ဘိုင်ယန်မြူးနစ်
ကိုလုံး ၀-၁ ဟာသာဘာလင်

----------------------------------------------
ပြင်သစ်လီဂူးပွဲစဉ်(၂၈)ရလဒ်များ

နိုက်စ် ၀-၂ ဘတ်စတီယာ
မောင့်ပယ်လီယာ ၃-၀ လိုင်လီ
ဂူအင်ဂမ့် ၂-၂ အန်ဂါစ်
ထရွိုင်စ် ၀-၁ လော်ရီယန့်
ရင်းစ် ၄-၁ ဘော်ဒိုး
တူးလူး ၁-၂ ရန်းစ်
နန့်စ် ၀-၀ မိုနာကို
စိန့်အက်တီယန် ၁-၂ ကိန်း
ဂါဇီလက် P-P မာဆေးလ်
လိုင်ယွန် ၂-၁ PSG
--------------------------------------------
လိဂ်ချန်ပီယံရှစ်ပွဲစဉ်(၃၄)ရလဒ်များ

ဟားလ်စီးတီး ၀-၀ ရှက်ဖီးဝင်းစ်ဒေး
ဝုလ်ဗ် ၂-၁ ဒါဘီ
ဘလက်ဘန်း ၃-၂ MK ဒွန်းစ်
ဘော်လ်တန် ၁-၂ ဘန်လေ
ကာဒစ်ဖ် ၂-၁ ပရက်စတန်
ချာလ်တန် ၃-၄ ရက်ဒင်း
ဖူလ်ဟမ် ၀-၂ မစ်ဒယ်ဘရော့
ဟတ်ဒါဖီးလ် ၀-၁ အစ်ဝစ်ခ်ျ
နော်တင်ဟမ် ၁-၂ ဘရစ္စတိုးလ်စီးတီး
QPR ၂-၀ ဘာမင်ဂမ်
ရော့သာဟမ် ၂-၁ ဘရန့်ဖို့ဒ်
ဘရိုက်တန် - လိဒ်စ်

Credit - Eleven Sports




အောင်မြင့်မြတ်(Myanmar Youths)

ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီး ဒီရာသီပထမဆုံးဆုဖလားရရှိခဲ့တဲ့ မန်စီးတီး

လိဂ်ဖလား ဗိုလ်လုပွဲအဖြစ် မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့
တာမှာတော့ ပယ်နယ်တီအထိ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရပြီး မန်စီးတီး
အသင်းက (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် ဒီရာသီရဲ့ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲဖြစ်တာနဲ့အညီ နှစ်သင်းစလုံးဟာ အတောင့်တင်းဆုံး လူစာရင်းနဲ့
ပွဲထွက်ခဲ့ပြီး အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့တာကြောင့် ကြည့်လို့ကောင်း
တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ အဖွင့်ဂိုးကိုတော့ မန်စီးတီးအသင်းက စတင်ရရှိခဲ့ပြီး
(၄၉)မိနစ်မှာ အဂွဲရိုးပေးတာကနေ ကွင်းလယ်လူ ဖာနန်ဒင်ဟိုက သွင်းယူခဲ့
တာပါ။ အဲဒီနောက်ပိုင်း မန်စီးတီးအသင်းက ဂိုးသွင်းခွင့်တွေ ထပ်ရခဲ့ပေမယ့်
လီဗာပူးလ်ဂိုးသမား မစ်ဂနိုလက်ကာကွယ်သွားခဲ့သလို၊ လီဗာပူးလ်အသင်း
ကလည်း အခွင့်အရေးတွေရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

မိနစ်(၈၀)လောက်မှာ ဖေမီနိုအစား အော်ရီဂီ လူစားဝင်လာတဲ့နောက်ပိုင်း
လီဗာပူးလ်တိုက်စစ်က ပိုလှုပ်လာခဲ့ပြီး (၃)မိနစ်အကြာမှာပဲ ကော်တင်ဟိုက
မန်စီးတီးဂိုးရှေ့မှာ ကျွံထွက်လာတဲ့ဘောလုံးကို အပိုင်ပိတ်သွင်းယူခဲ့
တာကြောင့် (၁)ဂိုးစီသရေကျခဲ့ပါတယ်။ မိနစ်(၉၀)ပြီးလို့ နာကျင်အချိန်ပို ဆက်
ကစားတော့လည်း တစ်ဖက်နဲ့တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပယ်နယ်တီ
အဆုံးအဖြတ်ခံခဲ့ရပြီး လီဗာပူးလ်ဘက်က အမ်မရီချန်တစ်ဦးသာဂိုးဝင်ခဲ့ပေ
မယ့်၊ မန်စီးတီးအသင်းက နာဗတ်စ်၊ အဂွဲရိုး၊ ယာယာတိုရေးတို့ ဂိုးသွင်းနိုင်ခဲ့
တာကြောင့် (၃-၁)ဂိုးနဲ့ မန်စီးတီးက အနိုင်ရခဲ့တာပါ။ အခုဖလားဟာ မန်စီးတီး
နည်းပြပယ်လီဂရီနီအတွက် ဒုတိယအကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး ရာသီကုန်
မှာ အသင်းနဲ့လမ်းမခွဲရခင် ဖလားတစ်လုံးကို ပထမဆုံးရယူပေးနိုင်ခဲ့ပါပြီ။

Credit - Eleven Sports







အောင်မြင့်မြတ်(Myanmar Youths)

Saturday, February 27, 2016

ပထမအကျော့ရှုံးကြွေးကို အမိအရဆပ်နိုင်ခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ ပထမအေကျာ့ရှုံးကြွေးကို အဝေးကွင်းမှာ အမိအရဆပ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းပွဲစဉ်တွေမှာ ချယ်ဆီးအသင်း ရလဒ်သာမက ခြေစွမ်းပိုင်းပါကောင်းလာခဲ့သလို ဒီပွဲစဉ်မှာလည်းသူတို့ရဲ့ပုံစံကောင်းတစ်ခုကိုပြသခဲ့ပြီး ဆောက်သမ်တန်အသင်းရဲ့ နိုင်ပွဲဆက်မှုတွေကိုလည်းရပ်တန့်နိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကို ပွဲချိန် (၄၂)မိနစ်မှာ ဆောက်သမ်တန်တိုက်စစ်မှုး ရှိန်းလောင်းက အပိုင်ကန်သွင်းယူခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ခြေပဂိုးနဲ့အနိုင်ဂိုးကိုတော့ (၇၅)မိနစ်နဲ့ (၈၉)မိနစ်တို့မှာ ဖာဘရီဂတ်စ်နဲ့ အီဗန်နိုဗစ်တို့ကသွင်းယူသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရလဒ်များ
ဝက်စ်ဟမ်း ၁-၀ ဆန်းဒါးလန်း
စတုတ်စီးတီး ၂-၁ အက်စတွန်ဗီလာ
ဝက်ဖို့ဒ် ၀-၀ ဘုန်းမောက်
ဆောက်သမ်တန် ၁-၂ ချယ်လ်ဆီး
လက်စတာ ၁-၀ နောဝစ်ခ်ျ
ဝက်စ်ဘရွန်း ၃-၂ ခရစ္စတယ်ပဲလေ့စ်

ဘွန်ဒစ်လီဂါရလဒ်များ
ဝုလ်ဘတ် ၀-၂ ဘိုင်ယန်မြူးနစ်
ဟမ်းဘတ် ၁-၁ အင်ဂိုးလ်စတက်ဒ်
စတုဂတ် ၁-၂ ဟန်နိုဗာ
ဝါဒါဘရီမင် ၂-၂ ဒမ်းစတက်ဒ်

လာလီဂါရလဒ်များ
ရီးယဲလ်မက်ဒရစ် ၀-၁ အက်သလက်တီကိုမက်ဒရစ်
ဂီတာဖေး ၀-၁ ဆယ်လ်တာဗီဂို
ဂီဂျွန် ၂-၄ အက်စ်ပန်ညို
ဘက်တစ် ၂-၂ ဗယ်လက်ကာနို

စီးရီးအေရလဒ်များ
အမ်ပိုလီ ၁-၃ ရိုးမား
အေစီမီလန် ၁-၀ တိုရီနို

ပြင်သစ်လီဂူးရလဒ်များ
မောင့်ပယ်လီယာ ၃-၀ လိုင်လီ
ဂူအင်ဂမ့် ၂-၂ အန်ဂါစ်
ထရိုင်စ် ၀-၁ လော်ရီယန့်
ရင်းစ် ၄-၁ ဘော်ဒိုး
တူးလူး ၁-၂ ရန်းစ်

လိဂ်ချန်ပီယံရှစ်ရလဒ်များ
ဝုလ်ဗ် ၂-၁ ဒါဘီ
ဘလက်ဘန်း ၃-၂ MKဒွန်း
ဘော်လ်တန် ၁-၂ ဘန်လေ
ကာဒစ် ၂-၁ ပရက်စတန်
ချာလ်တန် ၃-၄ ရက်ဒင်း
ဖူဟမ် ၀-၂ မစ်ဒယ်ဘရော့
ဟတ်ဒါဖီးလ် ၀-၁ အစ်ဝစ်ခ်ျ
နော်တင်ဟမ် ၁-၂ ဘရစ္စတိုးလ်စီးတီး
QPR ၂-၀ ဘာမင်ဂမ်
ရော့သာဟမ် ၂-၁ ဘရက်ဖို့ဒ်

Credit – eleven sport



အောင်မြင့်မြတ်(Myanmar Youths)

မီးယားလိဂ် လက်ကျန်ပွဲစဉ်များ အကြိုသုံးသပ်ချက်

မန်ယူ နှင့် အာဆင်နယ် (တနင်္ဂနွေည ၈း၃၅ နာရီ)
ဗန်ဟားလ်ရဲ့ နိမ့်မြင့်တက်ကျတွေက မြန်လွန်းလို့ သူ့အသင်းရဲ့ ဟန်ချက်ညီမှု ကို လိုက်ဖမ်းရတာတောင် တော်တော်ခက်ခဲ ပါတယ်။ ပရီးမီးယားလိဂ်အနေနဲ့ပဲ ကြည့်ရင်တော့ နောက်ဆုံး နှစ်ပွဲမှာ ချယ်လ်ဆီးကို သရေကျပြီး ဆန်းဒါးလန်းကို ရှုံးခဲ့တယ်။ မန်ယူ အသင်း ကြားထဲမှာ နိုင်ခဲ့တာက ရှရူးဘူရီတစ်သင်းပဲ ရှိသေးတယ်။ ရှုံးခဲ့တဲ့အသင်းတွေထဲမှာ မစ်ဂျီလန်းလို၊ ဆန်းဒါးလန်းလိုအသင်း တွေပါနေတယ်ဆိုတာကိုကြည့်ရင် သာမန်အဆင့်ပဲရှိတာ သိသာတယ်။ အသင်းကြီးတွေနဲ့ ပွဲမှာ တစ်ချက်တစ်ချက်ထတောက်လိုက်၊ အောက်အသင်းပွဲတွေမှာ ပြန်ရုန်းကန်လိုက်ဖြစ်နေတယ်။ ဒီပွဲကလည်း အိမ်ကွင်းဖြစ်နေတာရော၊ အစဉ်အလာကောင်းလေ့ရှိတဲ့အ သင်းကြီးပြိုင်ဘက်ဖြစ်နေတာရောကတော့ မန်ယူဘက်က စဉ်းစားစရာဖြစ်နေတယ်။ အာဆင်နယ်က မန်ယူကို (၁၀)မှတ်ဖြတ်ထား တယ်။ ရလဒ်ပိုင်းနဲ့ ရမှတ်က နည်းနည်းကွာနေပေမယ့် ရဂိုး၊ ပေးဂိုးတွေကို ပြန်ကြည့်ပြန်တော့ အများကြီးသာနေတဲ့ အနေအထားမ ဟုတ်ပြန်ဘူး။ မန်ယူခြေချော်တဲ့အချိန်မှာ သူတို့ ခြေမချော်တာပဲ ရှိတယ်။ ခံစစ်၊ တိုက်စစ်က ဘာမှ မကွာဘူးဆိုတဲ့အနေအထားဖြစ် နေတယ်။ ဒီတော့ ဒီပွဲမှာ အာဆင်နယ်က နည်းနည်းသာနေတယ်လို့ ထင်ရပေမယ့် ဘာမှမကွာဘူး။ လုံးတူ၊ ဒေါက်တူလို့တောင် ပြော လို့ရတယ်။ 
မန်ယူရဲ့ အိမ်ကွင်းရလဒ်ထက် အာဆင်နယ်ရဲ့ အဝေးကွင်းရလဒ်က နည်းနည်းလေးပိုသာနေတာလည်း ရှိတယ်။ 
ဒါပေမဲ့ မန်ယူ နိုင်ဖို့များပါတယ်။

- မန်ယူအသင်းသည် အာဆင်နယ်အသင်းကို ၂၀၀၈ခုနှစ်မှစ၍ အိမ်ကွင်း၌ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရှုံးပွဲမရှိခဲ့ဘဲ (၂)ပွဲသာသရေရလဒ်ရရှိခဲ့ကာ ကျန်ပွဲ စဉ်များအားလုံးကို အနိုင်ကစားနိုင်ခဲ့သည်။
- အာဆင်နယ်အသင်းသည် ပြိုင်ပွဲစုံအဝေးကွင်း နောက်ဆုံး (၇)ပွဲတွင် (၁)ပွဲသာရှုံးနိမ့်ခဲ့သည်။
- မန်ယူအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၁၃)ပွဲတွင် (၃)ပွဲသာအနိုင်ရရှိခဲ့ပြီး (၅)ပွဲအထိရှုံးနိမ့်ခဲ့သည်။

စပါး နှင့် ဆွမ်ဆီး (တနင်္ဂနွေည ၈း၃၅ နာရီ)
စပါးအသင်းရဲ့ လက်ရှိ စွမ်းဆောင်ရည်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးလို့ ပြောလို့ရတယ်။ ဆက်တိုက်နိုင်ပွဲတွေရနေ သလို၊ ပရီးမီးယားလိဂ် နောက်ဆုံးပွဲမှာလည်း မန်စီးတီးကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တယ်။ အခု အိမ်ကွင်းပွဲမှာ မန်စီးတီးနဲ့ပွဲက အမှတ်ကို ပြန်မလွှင့်ပစ်လောက်ဘူးလို့ ယူဆရတယ်။ ဆွမ်ဆီးအသင်းကလည်း နည်းပြသစ် ဂူဒိုလင်လက်ထက်မှာ ရလဒ်ပိုင်းတွေပြန်တက် လာပါတယ်။ 
ဒါပေမဲ့ ခြေစွမ်းပိုင်းက သိပ်ပြီး အားရစရာတော့မဟုတ်သေးဘူး။ ကစားရမှာကလည်း စပါးကွင်းမှာ ဖြစ်နေတယ်။ စပါးနိုင်မယ်။ ဂိုးပြတ်ဖို့များပါတယ်။

Credit – eleven sport



အောင်မြင့်မြတ်(Myanmar Youths)

မျှော်လင့်ချက်ကိုယ်စီနဲ့ ထိပ်တိုက်တွေ့တဲ့ မန်ယူနဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ဟာ ဂန္ထဝင် ပြိုင်ဘက်တွေလို့ ညွှန်းရလောက်အောင် ဒီနှစ်သင်းတွေ့ဆုံမှုဟာ အမြဲတမ်း စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေလေ့ရှိပါတယ်။ တစ်သင်းသင်းက နိမ့်ပါးနေတဲ့ အနေအထားမျိုး ကြုံနေချိန်မှာတော့ ဒီနှစ်သင်း ရင်ဆိုင်ဖြစ်ပြီဆိုတာနဲ့ အစွမ်းရှိသမျှ ညှစ်ကစားကြလို့ အမြဲတမ်းလိုလို ပွဲကောင်းတွေ ဖြစ်နေတတ်တယ်။ ဖေဖော်ဝါရီ ၂၈ ရက် အိုးလ်ထရက်ဖို့ဒ်မှာ တွေ့ဆုံမယ့် ပွဲစဉ်ကတော့ အာဆင်နယ်ရဲ့ ချန်ပီယံ မျှော်လင့်ချက်နဲ့ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက် ငွေ့ငွေ့တို့ အသက်ဆက်နိုင်မလားဆိုတာကို အဖြေထုတ်ပေးမယ့် အနေအထားပါ။ ပိုပြီး စိတ်ဝင်စားစရာကောင်းတာက နှစ်သင်းစလုံးအတွက် အနိုင်သုံးမှတ်ဟာ သေရေးရှင်ရေး အနေအထားလောက်ကို လိုအပ်နေတာဖြစ်ပါတယ်။

ပဲ့ကိုင်ရှင်များ

ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်ကတော့ ဒီရာသီ ရုန်းကန်ရမှုတွေကြောင့် ထုတ်ပယ် ခံရတော့မယ်လို့ အကြိမ်ကြိမ် သတင်းကြီးရင်း နေရာမြဲနေသူ ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု စိုးမိုးအသာစီးရရေးဆိုတဲ့ သူ့ရဲ့ နည်းဗျူဟာ ဒဿနဟာ ကစားသမား အမြောက်အမြား ဒဏ်ရာရနေတဲ့ လက်ရှိ အသင်းမှာ လက်တွေ့ ဖော်ဆောင်ဖို့ အကန့်အသတ်တွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ဒီဒတ်ခ်ျနည်းပြကြီးက ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ ကစားသမားတွေနဲ့ ပိုပြီး လိုက်လျောညီထွေ ရှိနိုင်မယ့် အခင်းအကျင်းမျိုးကို ပြောင်းလဲဖို့ လုံးဝစိတ်မဝင်စားပါဘူး။ သူ့ရဲ့ စိတ်တိုင်းကျ ကစားကွက်ထဲ အတင်းသွတ်သွင်းနေခြင်းဟာ လက်ရှိ ယူနိုက်တက်မှာ ကြုံနေရတဲ့ ပြဿနာတွေရဲ့ အခြေခံအကြောင်းတရားတစ်ခု ဖြစ်နိုင်ပါတယ်။
အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးကတော့ ၂၀၀၄ နောက်ပိုင်း ပထမဆုံးအမှတ်ပေး ချန်ပီယံဆုကို ဒီရာသီမှာ အရယူဖို့ အားသွန်ကြိုးစားနေပါတယ်။ အထူးသဖြင့် အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ ယိမ်းယိုင်နေချိန်မှာ အာဆင်နယ်က ချန်ပီယံဆုအတွက် အလားအလာကောင်းလာတယ်။ ဒါပေမဲ့ လက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ ဒီရာသီခြေစွမ်းကလည်း အပျံစားဖြစ်နေလေတော့ ဝင်းဂါးအတွက် ပွဲတိုင်းပွဲတိုင်းမှာ အမှတ်တွေ ရသလောက် စုဆောင်းဖို့ အင်မတန်အရေးကြီးနေပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်အတွင်း အိုးလ်ထရက်ဖို့ဒ်မှာ တစ်ကြိမ်သာ နိုင်ဖူးတယ်ဆိုတဲ့ အစဉ်အလာဆိုးကို ဝင်းဂါးတစ်ယောက်တော်လှန်နိုင်မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လက်ရှိခြေစွမ်း

တစ်ရာသီလုံးစာ ဖြတ်သန်းမှုမှာ အာဆင်နယ်က သိသိသာသာပိုတည်ငြိမ်သလို ပထမအကျော့ အမ်းမရိတ်စ်မှာလည်း ယူနိုက်တက်ကို ၃-၀ ဂိုးနဲ့ အပြတ်အသတ်အနိုင်ယူထားတယ်။ ပြီးတော့ လက်ရှိအချိန်မှာလည်း အဓိကကစားသမား အများစုဒဏ်ရာ ကင်းစင်နေပါတယ်။ ဒါပေမဲ့ ကြားရက် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာကို အိမ်ကွင်းမှာတင် ၂-၀ ဂိုးနဲ့ အရေးနိမ့်ထားခြင်းကတော့ ဝင်းဂါးရဲ့ တပ်သားတွေအပေါ် စိတ်ဓာတ်ရေးရာ ထိုးနှက်ချက်လေး နည်းနည်းရှိနေနိုင်တယ်။ အာဆင်နယ်မှာ ဒီရာသီ အတောက်ပဆုံး ကစားသမားဖြစ်တဲ့ မီဆွတ်အိုဇေးလ်က ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု (၁၇) ကြိမ် ပြုလုပ်ပြထားပြီး သီအာရီအွန်နရီရဲ့ တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ဂိုးဖန်တီးမှု အများဆုံးအကြိမ် (၂၀)ဆိုတဲ့ စံချိန်ကို ချိုးဖျက်ဖို့ တာဆူနေပါတယ်။

ယူနိုက်တက်ကတော့ အဓိက ကစားသမား ၁၀ ယောက်ထက်မနည်းနာနေတဲ့ ဒုက္ခကြောင့် လူစာရင်းက တစ်ပွဲကို တစ်မျိုးလောက် ပြောင်းနေတယ်။ ဒီအချက်က ဗန်ဂါးလ်ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အခြေအနေတွေအတွက် အဓိကကျတဲ့ အကြောင်းရင်း တစ်ခုဆိုရင်လည်း မမှားဘူး။ ဆန်းဒါးလန်းနဲ့ မစ်ဂျီလန်းတို့ကို နှစ်ပွဲဆက်အရေးနိမ့်ပြီးနောက် အကြီးအကျယ် အကျပ်ရိုက်လာချိန်မှာ ဗန်ဂါးလ်ရဲ့ အသင်းက ရှရူးဘယ်ရီနဲ့ မစ်ဂျီလန်း (ဒုတိယအကျော့)တို့ကို ဂိုးပြတ်တွေ နိုင်လိုက်လို့ အသက်ရှူချောင်သွားပါတယ်။ အဲဒီနှစ်ပွဲမှာ ယူနိုက်တက်ဟာ ရှစ် ဂိုးသွင်းပြီး တစ်ဂိုးသာ ခွင့်ပြုခဲ့ရတယ်။ ဒါ့အပြင် မစ်ဂျီလန်းနဲ့ ဒုတိယအကျော့မှာ အကယ်ဒမီထွက် လူငယ်တွေကိုပါ ထုတ်သုံးပြီး Pressing Gameကို အကောင်းဆုံး ကစားပြသွားခြင်းကြောင့် အသင်းရဲ့ စိတ်ဓာတ်က အတက်ဘက်ကို ဦးတည်နေပါလိမ့်မယ်။ ဒါပေမဲ့ ရှရူးဘယ်ရီနဲ့ မစ်ဂျီလန်းတို့ဆိုတာ အာဆင်နယ်နဲ့ အဆင့်ချင်း တခြားစီဆိုတာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေ အခင်းအကျင်း

အာဆင်နယ်ကတော့ အဝေးကွင်းမှာ လူစုံတက်စုံ ပွဲထွက်လာနိုင်ပါတယ်။ ကွင်းလယ်မှာ ဂျက်ဝီလ်ရှိုင်းယား၊ အဲလက်စ်အော့စ်လိဒ်ချိန်ဘာလိန်နဲ့ ဆန်တီကာဇိုလာတို့ မကစားနိုင်ပေမယ့် အာရွန်ရမ်ဆေး၊ ဖရန်ဆစ်ကိုကွီလင်၊ မက်သရူးဖလာမီနီတို့အပြင် တစ်ရာသီလုံးခြေစွမ်းပြနေတဲ့ အိုဇေးလ်လည်း ကြံ့ခိုင်မှုပြည့်ဝနေတယ်။ နောက်တန်းမှာလည်း အရန်လူ ဂါဘရီရယ်လ်ပေါ်လစ္စတာ တစ်ယောက်လောက်ပဲ နာနေတာပါ။ အာဆင်နယ်ရဲ့ အားသာမှုကတော့ တိုက်စစ်ပိုင်းအတွက် ရွေးချယ်စရာ ပေါများနေခြင်းပါပဲ။ မစ်ဂျီလန်းနဲ့ပွဲမှာ ယူနိုက်တက်ဟာ ခံစစ်ပိုင်း ပြဿနာကြောင့် ကွင်းလယ်လူ နှစ်ယောက်ဖြစ်တဲ့ ဒါလင်ဘလိုင်းနဲ့ မိုက်ကယ်ကာရစ်တို့ ခံစစ်မှာ တွဲကစားသွားရတယ်။ အိုလီဗီရာဂျီရော့ဒ်လို တိုးအားကောင်းတဲ့ တိုက်စစ်မှူးမျိုးကို ဒီခံစစ်အတွဲအဖက်မျိုးနဲ့ ထိန်းချုပ်ဖို့ ခက်ပါလိမ့်မယ်။ ပထမအကျော့က ယူနိုက်တက်ကို ဂိုးတွေ သွင်းခဲ့တဲ့ အလက်ဆစ်ဆန်းချက်ဇ်ကလည်း လန်းလန်းဆန်းဆန်းရှိနေတယ်။

ယူနိုက်တက် လူစာရင်းကတော့ ဆေးရုံက လူနာစာရင်းနဲ့ မှားနေသလား ထင်ရလောက်အောင် အခြေအနေဆိုးပါတယ်။ အဓိက ဂိုးသမား ဒေးဗစ်ဒီဂီယာ၊ ဒီရာသီ ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ်သမား အန်ထော်နီ မာရှယ်၊ အသင်းခေါင်းဆောင် ဝိန်းရွန်းနေ၊ ဝါရင့်ကွင်းလယ်ကစားသမား ဘက်စတီယန် ရှဝိုင်းစတိုင်ဂါတို့အပြင် ဒီရာသီ ဗန်ဂါးလ်ရဲ့ ဗျူဟာမှာ အရေးပါခဲ့တဲ့  မော်ရိုဖယ်လိုင်နီ၊ နောက်ထပ်ခံစစ်သမား ခြောက်ယောက်တို့ ဒဏ်ရာတွေရနေတယ်။ ယူနိုက်တက် လူစာရင်းမှာ ကွင်းလယ်ကို အထိုင်မပျက်အောင် စုဖွဲ့လို့ရပေမယ့် ခံစစ်နဲ့ တိုက်စစ်မှာတော့ ရွေးစရာ မရှိသလောက်ပဲ။ ဒါကြောင့် ဗန်ဂါးလ် အနေနဲ့ မစ်ဂျီလန်းနဲ့ပွဲမှာ နှစ်ဂိုးသွင်းခဲ့တဲ့ အကယ်ဒမီထွက် အသက် (၁၈)နှစ်သား တိုက်စစ်မှူးလေးမားကက်စ်ရက်ရှ်ဖို့ဒ်ကို ထုတ်သုံးလာမလားဆိုတာကို စောင့်ကြည့်ရပါမယ်။ ခံစစ်မှာ မားကို့စ်ရိုဂျိုပြန်ပါလာနိုင်ပေမယ့် ခရစ်စမောလင်း၊မက်တီယို ဒါမီယန်၊ လုခ်ရှော၊ အန်တိုနီယိုဗလန်စီယာ၊ ဖီးလ်ဂျုံးစ်၊ ကင်မရွန် ဘော့သ်ဝစ်ခ်ဂျက်ဆန်တို့အားလုံး ဒဏ်ရာတွေနဲ့ အနားယူနေရပါတယ်။ ဒါ့အပြင် ဒီဂီယာပါမကစားနိုင်ဘူးဆိုရင်တော့ ဗန်ဂါးလ်ရဲ့ အသင်းဟာ ခံစစ်ပိုင်းအတွက် တော်တော်လေးမျက်ခုံးလှုပ်ရမယ့် အနေအထားပါပဲ။

စောင့်ကြည့်ရမယ့် ကစားသမား

ရွေးချယ်စရာ သိပ်မရှိတဲ့ အခြေအနေမှာ ယူနိုက်တက်အတွက်တော့ မမ်းဖစ်ဒီပိုင်းကိုပဲ စောင့်ကြည့်ရပါလိမ့်မယ်။ ဒီနယ်သာလန်သားဟာ အင်္ဂလန်ကို ပြောင်းလာပြီး ကတည်းက အသင်းနဲ့ လမိုင်းမကပ်လှဘဲ တောက်လျှောက် ရုန်းကန်နေခဲ့ရပါတယ်။ ပရိသတ်က အများကြီး မျှော်လင့်ထားပေမယ့် နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ်သမားရဲ့ အလွဲလွဲ အချော်ချော်ဖြစ်ရပ်တွေကြောင့် အသင်းအတွက် နစ်နာမှုတွေ တော်တော်များများ ကြုံခဲ့တဲ့နောက် ဒီပိုင်းတစ်ယောက် အရန်ခုံတောင် ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ မစ်ဂျီလန်းနဲ့ ပွဲမှာတော့ တစ်ချိန်က ပီအက်စ်ဗီအင်ဒိုဗန်မှာ တောက်ပခဲ့ဖူးတဲ့ စွဲမက်တိမ်းမူးစရာ ခြေစွမ်းမျိုး တစ်ကျော့ပြန်ပြသခဲ့သလို အားပါပြင်းထန်တဲ့ အဝေးကန်ချက်နဲ့ ဂိုးပါ သွင်းယူသွားခဲ့တယ်။ ပြိုင်ဘက်ဟာ အသင်းငယ်လေးတစ်သင်းသာ ဖြစ်ပေမယ့် အဲဒီပွဲကစားပုံကြောင့် ဒီပိုင်းရဲ့ ယုံကြည်မှုပိုင်း ပြန်တက်လာမှာ သေချာပါတယ်။ ဒါကြောင့် အာဆင်နယ်နဲ့ ပွဲစဉ်အထိ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို သယ်ဆောင်လာနိုင်ဦးမလားဆိုတာက စိတ်ဝင်စားစရာ မေးခွန်းတစ်ခုပါပဲ။

အာဆင်နယ်မှာတော့ အိုဇေးလ်ဟာ မှော်ဝင်ခြေစွမ်းနဲ့ ဖန်တီးမှု အခင်းအကျင်းကောင်းတွေကို လုပ်ပြဦးမှာပါ။ ဒါပေမဲ့ ဒီပွဲမှာ စောင့်ကြည့်သင့်တာက ဒန်နီဝဲလ်ဘတ်ဖြစ်ပါတယ်။ ဗန်ဂါးလ်ရဲ့ မလိုလားမှုကြောင့် အာဆင်နယ်ကို ရောင်းထုတ်ခံခဲ့ရတဲ့ အင်္ဂလန် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၁၀ ပတ် လောက်မှာ ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရပေမယ့် ပထမဆုံး ပြန်ကစားတဲ့ပွဲမှာ ဇယားထိပ်က လက်စတာဘက် အနိုင်ဂိုးသွင်းယူပြီး အသင်းရဲ့ တစ်ကျော့ပြန် သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။ အခုပွဲမှာလည်း သူ့အပေါ် အယုံအကြည် မဲ့ခဲ့တဲ့ ဗန်ဂါးလ်ကို လက်စားချေဖို့ ဝဲလ်ဘတ်တစ်ယောက် ဆန္ဒပြင်းပြနေမှာပါ။ ဝင်းဂါးအနေနဲ့ တိုက်စစ်မှာ ဂျီရော့ဒ်ကို ထုတ်သုံးပြီး ဝဲလ်ဘတ်ကို ဘယ်ခြမ်းကနေ ထိုးဖောက်ခိုင်းတာမျိုး တာဝန်ပေးလာနိုင်ခြေရှိနေတယ်။ ဒါဆိုရင်တော့ လောလောဆယ် ဂွီလာမို ဗာရဲလားနဲ့ ဒေါ်နယ်လ်လက်ဗ်တို့လို လူငယ်တွေကို မဖြစ်မနေထုတ်သုံးပြီး ကျားကန်ထားရတဲ့ ယူနိုက်တက် ညာခြမ်းခံစစ်အတွက် တော်တော်လေး ဝန်ပိလာမှာ သေချာပါတယ်။

-----------------------------------

ခြုံငုံသုံးသပ်ချက်

-----------------------------------

နှစ်သင်းယှဉ်ကြည့်ရင် ယူနိုက်တက်က အိမ်ကွင်းအားသာချက်နဲ့ စိတ်ဓာတ်ပိုင်း အသာစီး အနေအထားတွေ ရှိနေတယ်။ ဒါပေမဲ့ အာဆင်နယ်လို အစဉ်အလာပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မျိုးမှာ ယူနိုက်တက် အကယ်ဒမီထွက် လူငယ်လေးတွေ ဖိအားဒဏ်ခံနိုင်မလား ဆိုတာက စိတ်ပူစရာပါ။ အာဆင်နယ်ကတော့ ပိုကောင်းတဲ့ လူအင်အားနဲ့ စုဖွဲ့မှု ပိုင်ဆိုင်ထားပြီး တစ်ရာသီလုံး ဖြတ်သန်းမှုမှာလည်း ပိုတည်ငြိမ်နေတယ်။ ဒီပွဲမျိုး သရေကျသင့်တယ်လို့ ခံစားမိပေမယ့် နှစ်သင်းစလုံး အနိုင်ရလဒ်ကို ဦးတည်ကစားမယ့် အခြေအနေကိုတော့ မျက်ကွယ်ပြုလို့ မရပါဘူး။ အာဆင်နယ်က ချန်ပီယံလိဂ်မှာ အလားအလာမကောင်းတော့တာကြောင့် ပရီးမီးယားလိဂ်ကို ပိုအာရုံစိုက်လာမယ့် အချက်ကိုပါ ထည့်တွက်ရင် အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်သည်တွေရဲ့ အလားအလာက ယောင်ယောင်လေး ပိုကောင်းနေတယ်လို့ပဲ ကောက်ချက်ချရပါလိမ့်မယ်။

Credit – 7Daydaily



အောင်မြင့်မြတ်(Myanmar Youths)